Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – JICA ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဖော်ဆောင်ခြင်းများဟာ ပြဿနာကြီးထွားနိုင်

ဟန်သစ်နိုင် – JICA ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဖော်ဆောင်ခြင်းများဟာ ပြဿနာကြီးထွားနိုင်
စက်တင်ဘာ ၁၀၊ ၂၀၁၄

 

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်ရန် လမ်းများ စက်မှုဇုန်များ၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်ရည်ရွယ်ချက်စီမံကိန်းသည် ပဋိပက္ခ ပိုမိုဖြစ်နိုင်သည့်အတွက် မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားအဖွဲ့စည်းပေါင်း (၃၀) နီးပါးပါဝင်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ရန် ကုန်မြို့ MJN ရုံးခန်းတွင် စက်တင်ဘာ ၉ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ရက်မှ စောကျော်စွာက … ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒုက္ခသည်များကိုကူညီရန်အတွက် ဆိုပြီး စီမံကိန်းများဖော်ဆောင်နေခြင်းသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကိုယ်ကျိုးအတွက်သာဖြစ်သောကြောင့် ဒေသခံပြည်သူများ နား လည်ထားသင့်ကြောင်း၊ ယခု ဂျပန်နိင်ငံရှိစက်ရုံများတွင်လည်း အလုပ်သမားများသည် ပြဿနာများနှင့်ရင်ဆိုင်နေရကြောင်း၊ ဒေသခံပြည် သူများ ကျန်းမာရေးအတွက် စက်ရုံများတည်ဆောက်လျှင် စွန့်ပစ်သောအရာများသည် လေထု၊ ရေထု ညစ်ညမ်းခြင်းများကို ဖြစ်ပေါ်စေသည့် အတွက် သတ်မှတ်ထားသောစံနှုန်းများဖြင့် လုပ်ဆောင်သင့်ကြောင်း၊ စက်ရုံများတွင်လည်း ဒေသခံအဖွဲ့အစည်းများကို ပါဝင်ခွင့်ပြုလျှင် နှုတ်ကတိဖြင့်လက်မခံဘဲ တရားဝင်စာချုပ်ဖြင့်လက်ခံသင့်ကြောင်း၊ JICA မှပြုလုပ်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တိုကျိုရုံးချုပ်ကို တွေ့ဆုံခွင့်တောင်းသော်လည်း ပထမတွင် ခွင့်ပြုမည်ဟုပြောပြီး ခွင့်မပြုခဲ့ကြောင်း၊ ပြည်သူများ၏ အကောင်းအဆိုးအတွက် ဒေသခံ အဖွဲ့အစည်းများ ဆုံးဖြတ်အကောင်ထည်ဖော်ခြင်းများကို မြန်မာနိုင်ငံမှတာဝန်ရှိသူများက ကြိုးစားပေးစေကြောင်း၊ JICA ၏စီမံကိန်းကို ကရင်အထောက်အကူပြုကွန်ရက်အဖွဲ့နှင့် ဒေသခံပြည်သူများကလက်မခံကြောင်းများ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး JICA ဘက်မှ ပြည်သူလူထုနှင့်တိုင်ပင်ဆွေးနွေးခြင်းရှိပါတယ်ဆိုသည်မှာလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ထား သည့်သူများသာဖြစ်ပြီး ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေမဟုတ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ နော်လှလှစိုးမှပြောကြားရာတွင် JICA က  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒုက္ခ သည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိုကူညီရန် အကြီးစားစီမံကိန်းများဖော်ဆောင်နေခြင်းသည် ပြည်နယ်သဘာဝအလှ၊ ယဉ်ကျေးမှုနှင့် မြေယာပြသနာရှုပ်ထွေးမှုကို ပိုမိုကြီးထွားလာစေကြောင်း၊ ယခင် မူလနေရာတွင်နေထိုင်ခဲ့သော ဒုကသည်များပြောင်းရွှေ့သွားရခြင်းသည် စစ်ဒဏ်၊ မတရားဖိနှိပ်မှုဒဏ်များကြောင့်ဖြစ်ပြီး ပြန်လာလျှင် ယခုအခြေစိုက်နေထိုင်လုပ်ကိုင်စား သောက်နေသောသူများနှင့်လည်း ပဋိပက္ခများဖြစ်နိုင်ကြောင်း၊ JICA ၏ဖွံ့ဖြိုးမှုအများစုမှာ သယံဇာတထုတ်ယူခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်များအပေါ်တွင် အခြေခံနေကြောင်း၊ စက်မှုဇှုန်များသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အနည်းကိုသာဖြစ်စေသော်လည်း မြေအများအပြားကိုပျက်စီးစေကြောင်း၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်နေသောကာလတွင် ပြည်ထောင်စုအစိုးရနှင့် ကရင်ပြည်နယ်အစိုးရ သည် တဖက်တည်းမှကြည့်ပြီး ဦးစားပေးလုပ်ဆောင်နေခြင်းသည် ပဋိပက္ခကိုဦးတည်နေကြောင်း၊ ငြိမ်းချမ်းရေးဆိုတာ ရေရှည်တည်တံ့ ခိုင်မြဲဖို့ဆိုရင် ခဏတာနှင့် တည်ဆောက်လို့မရကြောင်း၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၏ အဓိကဦးစားပေးအစီအစဉ်သည် ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကျမတို့ ကရင်ပြည်သူလူထုက အနှစ် ၆၀ ကျော် ခါးသီးပြီးခံခဲ့ရတာ၊ အခွင့်အရေးမလိုချင်လို့မဟုတ်ဖူး၊ ရပိုင်ခွင့်ရှိတယ်၊ ရပိုင်ခွင့်ကို ရေရှည်တည်တံ့ပုံမျိုးနဲ့လိုချင်တယ်” ဟု ပြောဆိုခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts