Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာတိုးနှောင်မိုး၏ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း ကဗျာရှည်စုစည်းမှု စာအုပ်မိတ်ဆက်

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာတိုးနှောင်မိုး၏  ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း ကဗျာရှည်စုစည်းမှု စာအုပ်မိတ်ဆက်
စက်တင်ဘာ ၆၊ ၂၀၁၄
ကဗျာဆရာ တိုးနှောင်မိုး

ပြည်မြို့သား ကဗျာဆရာ တိုးနှောင်မိုး၏ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း ကဗျာစာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်လမ်း) ရှိ ဟုမ်းမီဒီယာခန်းမ၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၆) ရက် စနေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

တိုးနှောင်မိုးဟာ သူ့ရဲ့ကဗျာတွေ အရေးကောင်းသလို ဝတ္တုတွေ လာမရေးပါနဲ့လို့ မှာကြားချင်ပါတယ်ဟု ဟာသနှောကာ ဆရာမင်းသစ်မှ အမှာ စကားပြောကြားရင်းနှင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ကဗျာဆရာတွေကလည်း အမှတ်တရကဗျာ တွေရွတ်ဆိုရင်း တိုးနှောင်မိုးအား ဂုဏ်ပြုခဲ့ပါတယ်။

ထို့နောက် ကဗျာဆရာတိုးနှောင်မိုးမှ စာအုပ်ထုတ်ဝေဖြစ်ရခြင်းအကြောင်းနှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားပြောကြားရင်း အ ခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

ကဗျာဆရာတိုးနှောင်မိုး၏ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း စာအုပ် မျက်နှာဖုံးဒီဇိုင်းကို သစ်ခက်အိမ်မှရေးဆွဲပေးပြီး အတွင်းဒီဇိုင်းကို ကြယ်သစ်အိမ်မှ ပြုလုပ်ပေးခဲ့ပါသည်။ ကြယ်လွဲမိုးစာပေမှ တန်ဖိုး လေးထောင်ကျပ်ဖြင့် ဖြန်ချိမည်ဟုလည်း သိရပါတယ်။

ဆရာမင်းသစ်
ကေခိုင်မျိုး
ကဗျာဆရာ လေပြေသုန်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာတိုးနှောင်မိုး၏ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း ကဗျာရှည်စုစည်းမှု စာအုပ်မိတ်ဆက်
  1. It s not toe naing moe it s toe naung moe. I think people should at least know the famous poet name it s they are going to write something about him?????????

Comments are closed.