ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ကိုငှက်အလွန် ၁၀ဘူတာ”

 ဆောင်းယွန်းလ – “ကိုငှက်အလွန် ၁၀ဘူတာ”

သြဂုတ် ၁၅၊ ၂၀၁၄

ကိုငှက်

ဘယ်နှစ်ဘူတာပဲလွန်လွန်

အမြဲရောက်ဖြစ်တဲ့ နေရာက

ခင်ဗျားရဲ့ မြို့ပါပဲ…

 

ကိုငှက်

သတိရရမရရ

တမ်းတမ်းတတ နားထောင်ဖြစ်နေတာက

ခင်ဗျားရဲ့သီချင်းတွေပါပဲ…

 

ကိုငှက်

ဒီကမ္ဘာမြေပေါ်မှာ

ခင်ဗျား မသေခဲ့ဘူး

ခင်ဗျား သီချင်းတွေလည်း မသေခဲ့ဘူး

ခင်ဗျား ကဗျာတွေလည်း မသေခဲ့ဘူး…

 

ခင်ဗျားဟာ

ခင်ဗျားဂီတနဲ့

ကျနော်တို့အားလုံးကို ၀ီရပေးခဲ့သူပါပဲ ကိုငှက်ရေ…။

 

(သြဂုတ်လ ၁၄ရက်၊ ၂၀၁၄)

Photo BBC Burmese Facebook


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts