Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – ရှစ်လေးလုံးနှစ်လည် သ၀ဏ်လွှာကဗျာ

မောင်စွမ်းရည် – ရှစ်လေးလုံးနှစ်လည် သ၀ဏ်လွှာကဗျာ
သြဂုတ် ၈၊ ၂၀၁၄

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်

လယ်ယာမြစ်ချောင်း တောင်စောင်းမချန်

ဆေးရုံ ဈေးရုံ စက်မရုံ မကျန်

သုဿန် ဇရပ် မဏ္ဍပ်မချန်

ဆရာ ကျောင်းသား လယ်သမား မကျန်

စစ်သား ရဲသား လုပ်သား မချန်

အိမ်ရှင်မနဲ့ သီလရှင် မကျန်

မျက်မြင် မျက်ကန်း ရဟန်းမချန် –

လက်ရုန်း ဆန့်တန်း အံ့မခန်း မာန် –

သံကုန် ဟစ်

စစ်အစိုးရ ဖြုတ်ချရန် …

စစ်အာဏာရှင် အလိုမရှိ။

တပါတီစနစ် အလိုမရှိ။

ဒီမိုကရေစီ ရရှိရေး ဒို့အရေး။

လူ့အခွင့်အရေး ဒို့ အရေး။

ဒို့အရေး – ဒို့အရေး – ဒို့အရေး ဟု

ရှစ်လေးလုံး အရေးတော်ပုံ ရဲမာန်ဟုန်ဖြင့်

တုန်ဟည်း မြေပြင် သမိုင်းစဉ်ကား

အလျဉ်မစဲ ဟစ်ဆဲ ကြွေးဆဲ တောင်းဆိုဆဲ။

ဒီမိုကရေစီရေး မပြီးသေးမို့

အရေးတော်ပုံ ဆက်ဦးစို့။    ။

ရှစ်လေးလုံးဟု စည်းရုံးပေါင်းစု

ဆင်နွှဲမှုမှာ ငွေရတုတိုင်ပြီ

ပိုင်တိုင်အရောက် ချီတက်စို့။    ။

(၂၀၁၄ သြဂုတ် ၆၊ နာယက၊ နယူးယောက်မြန်မာ စာပေယဉ်ကျေးမှုအဖွဲ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts