ကဗျာ မှတ်စုမှတ်တမ်း

ပါဘလိုနီရူဒါ – ပန်းခြံတွင်း၌ သေဆုံးရသူများ (၈၈၈၈ ဂုဏ်ပြု)

ပါဘလိုနီရူဒါ  – ပန်းခြံတွင်း၌ သေဆုံးရသူများ (၈၈၈၈ ဂုဏ်ပြု)
သြဂုတ် ၀၇၊ ၂၀၁၄


ဒီဇိုင်း – ကိုမျိုးI do not come to weep here where they fell.
သူတို့ကျဆုံးခဲ့သော ဤနေရာသို့ ငါသည် ငိုကြွေးရန် လာခြင်းမဟုတ်။
I come to speak to you who are still living;
ယခုတိုင်ရှိနေကြသူ သင်တို့အား ပြောကြားရန် ငါလာခြင်း ဖြစ်သတည်း။

In the name of these our dead
I demand punishment.
ဤကျဆုံးသူများအတွက်
ငါသည် အပြစ်ဒဏ်ကို တောင်းဆိုပါ၏။

For those who spattered our fatherland with blood
I demand punishment.
ငါတို့၏ အဖတိုင်းပြည်ကို သွေးဖြင့် ပေကျံစေသူတို့အား
ငါသည် အပြစ်ပေးရန် တောင်းဆိုပါ၏။

For him by whose command this crime was done
I demand punishment.
ဤလူသတ်မှု ကျူးလွန်ရန် အမိန့်ပေးသူကို
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။

For the traitor who clambered to power over these bodies
I demand punishment.
ဤအလောင်းများပေါ်မှ ကုတ်ကတ်၍  တန်ခိုးအာဏာ လုယူသူ သစ္စာဖောက်များအား
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။

For those forgiving ones who excused this crime
I demand punishment.
ဤသတ်ဖြတ်မှုအား အပြစ်လွှတ်သူ ခွင့်လွှတ်ရေးသမားများအား
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။

I do not want to shake hands all around and forget;
ငါသည် သူတို့နဲ့ လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ။

I do not want to touch their blood-stained hands;
ငါသည် သူတို့၏ သွေးစွန်းသော လက်များကို ထိရန် အလိုမရှိ။

I want punishment.
ငါသည် အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည်သာတည်း။

I do not want them sent off somewhere as ambassadors
nor covered up here at home until it blows over.
သူတို့ကို အရပ်ရပ်သို့ သံအမတ်ကြီးများ အဖြစ် စေလွှတ်ခြင်းကို လည်းကောင်း၊
အိမ်မှာပင် ကိုးကွယ်ကာ တဖြည်းဖြည်း ပျောက်ပသွားစေမည်ကို လည်းကောင်း
ငါသည် အလိုမရှိ။

I want to see them judged,
here, in the open air, in this very spot.
ဤနေရာမှာပင်၊ ဤပန်းခြံမှာပင်
သူတို့အား တရားစီရင်ရန် အလိုရှိသည်။
I want to see them punished.
ငါသည် သူတို့အား အပြစ်ဒဏ်ပေးရန်သာ အလိုရှိသတည်း။

Oh.. Fallen Brothers, out of the silence
your voices will rise in the mighty shout of freedom
when the hope of the people flames into paeans of joy.
အို.. ကျဆုံးလေပြီးသော သွေးချင်းသားချင်း အပေါင်းတို့
တိတ်ဆိတ်နေခြင်းမှ နေ၍ ငါတို့၏ ကျယ်လောင်သော အသံဖြင့်
လွတ်လပ်ရေး ကြွေးကြော်သံကို ဟစ်အော် လွှမ်းမော်ကြကုန်အံ့။
ထိုအခါ၌ ပြည်သူတို့၏ မျှော်မှန်းချက်သည်
ပျော်ရွှင်ခြင်း တေးသံဖြင့် အလျှံညီးညီး မြည်ဟည်းနေပါအံ့။

I must speak to those dead now as if they were here.
Brothers, it will go on.
ဤနေရာမှာ ငါတို့နှင့်အတူ ကျဆုံးလေပြီးသော သူတို့ ရှိနေသကဲ့သို့ သူတို့ကို ငါတိုင်တည်ဆိုအံ့။
အို.. သွေးချင်းသားချင်း အပေါင်းတို့
ငါတို့တိုက်ပွဲ ရှေ့သို့ ချီတက်လတ္တံ့။

Our fight will go on in the land,
in the factories, in the farms,
in the streets the fight will go on,
in the craters of copper, glowing with green and red,
the battle-lines will be drawn.
ငါတို့တိုက်ပွဲသည်
မြေပြင်၌ လည်းကောင်း၊ စက်ရုံ၌ လည်းကောင်း၊ လယ်တော၌ လည်းကောင်း၊ လမ်းမပေါ်၌ လည်းကောင်း
စိမ်းစိမ်းနီနီ နှင့် ရဲရဲတောက်လျက်ရှိသော ကြေးနီဖိုကျင်များ၌များ၌ လည်းကောင်း
စစ်ကြောင်းဖြန့်၍ နေမည်သာတည်း။

မှတ်ချက်။  ။ ပါဘလိုနီရူဒါ ၏ “ပန်းခြံတွင်း၌ သေဆုံးရသူများ” ကဗျာ အင်္ဂလိပ်ဘာသာပြန်ကို “Robert Brittain” ဘာသာပြန် “The Dead in the Square” မူ ကို ယူသည်။  မြန်မာဘာသာပြန်ကို “လင်းယုန်မောင်မောင်” “ချီဂွေဗားယား (၁၉၆၈)” စာအုပ်မှာ ကဗျာ တပိုင်းတစ ဘာသာပြန် ထည့်သွင်းဖော်ပြသည့်မူကို ယူပြီး ကဗျာစာသားတချို့ ဘာသာပြန် ထပ်မံဖြည့်စွက်ပါသည်။  မူရင်းကဗျာတစ်ပုဒ်လုံး အပြည့် အစုံ မဟုတ်ပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts