ကဗျာ အောင်ဝေး

ေ အာ င်ေ ၀း – အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း (၅) ( ၆ )

ေ အာ င္ ေ ၀ း –  အ လြ တ် တ ည် က န် ေ ဘ ာ မ် ာ း (၅) ( ၆ )
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၅

(၅)

ဆရာမသေခင်
ငြိမ်ချမ်းရေးရတာမြင်သွားချင်တယ်
မှိုင်းတဖွဖွမှာ။

တပ်ပေါင်းစုဖွဲ့ ကြပါ
တပ်ပေါင်းစုဖွဲ့ ကြပါ
ဆရာတာရာ တဖွဖွမှာ။

ခက်တယ် မမခင်ဦးစံပယ်ရယ်
မဟာမိတ်ပြုတာကိုပဲ
မဲလုတယ်ထင်လိုထင်။

လက်မှတ်ထိုးတဲ့စာရွက်ပေါ်က
ငြိမ်းချမ်းရေး ကျလာမယ်ထင်လိုထင်။

ယှဉ်လိုက်ရင်တော့
ခြင်္သေ့တွေ
ဒေါ်အောင်ဆန်းစုကြည် ခြေဖျားမမီဘူး။

ကျနော်တော့
အောင်မင်းနဲ့ 
တစ်ကောင်ချင်း ချလိုက်ချင်တာပါပဲ။ ။
(ဒေါ်ဝင့်ဝါထွန်းသို့ )

(၆)

“သံကြိုးကွင်းတစ်ခုရဲ့ အားဟာ
အပါးဆုံးသံကွင်းမှာတည်တယ်”
(သင်္ချာရူပဗေဒအဆို)

ရွေးကောက်ပွဲဟာ
စစ်အာဏာရှင်တွေရဲ့ 
အပါးဆုံးသံကွင်းပဲ။

ဒီသံကွင်းကိုဖြတ်ကြ။

အောင်ဆန်းစိတ်ဓာတ်နဲ့ ဖြတ်
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ဖြတ်
ပင်လုံစိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ဖို့ အဓိက။

ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ဖြတ်
ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဖြတ်
ရွှေဝါရောင်စိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ရင်ပြီးပြီ ကိုမြတ်ခိုင်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts