ကဗျာ

မြင့်ဦးဦးမြင့် – ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး

Aung Htet

မြင့်ဦးဦးမြင့် – ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၅

ဇာတ်ညွှန်းပြီးပြီလား
မင်းသား ရိုက်ရက်ရပြီ
မင်းသမီးနဲ့ ဇာတ်ပို့ဇာတ်ရံတွေကိုလည်း ရက်ချိန်းပြီးပြီ
‘ ဇာတ်လမ်းအခန်းစဉ်’ အမြန်ရေး
‘ ရေးရိုက်’ ဇာတ်ကားတွေ ဖန်တစ်ရာတေ
ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး။

အင်ဂျလီနာဂျိုလီ …… ရေ
အီသီယိုးပီးယားမှာ ဝမ်းမီးငြိမ်းကြပြီလား
‘ ဆူနာမီ’ က တစ်နှစ်ပြည့်ခဲ့ပြီးလား
‘ အီရတ် Vs အစ္စရေး’ တကယ်ငြိမ်းချမ်းရေး ရပြီလား
‘အိန္ဒြာကျော်ဇင်’ တော့ အကယ်ဒမီ တကယ်ရပြီ
ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး။

လောကကြီးမှာဗျာ ……
ဟုတ်လည်းဟုတ်တယ် ……. မဟုတ်လည်း မဟုတ်ဘူး
‘ မြင့်ဦးဦးမြင့်’ ဆိုတာ ……. ‘ အရူး’
‘ ပုထုဇနော ဥမ္မာတကော’ ……… တဲ့ ………. ဆုံမှ ပြောပြမယ်ကွာ
ယုံမလားတော့မသိဘူး …….. ဒဂုံကားစီးလာခဲ့
ဟေ့ …….. စားပြီးနားမလည်တဲ့ကောင်တွေ ……….
ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး။

ဦးနှောက်ဆိုတာ စဉ်းစားဖို့မဟုတ်လား
ထမင်းစားတာ ပိတ်ရက်မရှိဘူး
အသက်ကိုကြာကြာ အောင့်ထားလို့ရသလား
‘ သေခြင်းတရား’ ကို အယူခံဝင်လို့မရဘူး
ငွေနဲ့ပေါက်ရင် နောက်ကောက် ( KNOCK OUT ) ကျ မှာလား
ငါ့မှာ စနေ၊ တနင်္ဂနွေ မရှိဘူး။

ပါးပါးလေး ‘ အချိုးပြောင်း’ ကြည့်တာပါ …….. မိတ်ဆွေ
တစ်ခါတလေ ‘ ဝေဖဲ’ နဲ့ ‘ ဒေါင်း’ တတ်တာမျိုးလည်း ‘ လွှတ်’ ရှိတာပ။

(ကာတွန်းငွေကြည်၏ မူပိုင်စကားလုံး ဖြစ်ပါသည်)
Beauty မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၆ ခုနှစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts