သတင်းပဒေသာ

ရေနံချောင်းက အမေရိကန်-မြန်မာ ဆရာကို ပြည်နှင်ဒဏ်ပေး

ရေနံချောင်းက အမေရိကန်-မြန်မာ ဆရာကို ပြည်နှင်ဒဏ်ပေး

သတင်းကောက်နုတ်ချက်၊ သြဂုတ် ၆၊ ၂၀၁၄

ဖေ့စ်ဘွတ်တွင် ဖော်ပြထားသော ၎င်းမိတ်ဆွေများ၏ သတင်းတင်ဆက်မှုကို တင်ဆက်လိုက်ပါသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

အခွင့်မရှိပဲ ပညာဒါနပေးမှုကြောင့် အမေရိကန်နိုင်ငံသားခံယူထားသူ မြေလတ်ကျောင်းသားခေါင်းဆောင်တစ်ဦးအား ပြည်နှင်ဒဏ်ပေး။

၈၈ ကျောင်းသား မြေလတ်ဒေသခေါင်းဆောင်ဟောင်း ကိုမောင်မောင်ဝမ်း ( အမေရိကန်နိုင်ငံသား )အား အခွင့်မရှိပဲ ရေနံချောင်းမြို.တွင် အင်္ဂလိပ်စာပညာဒါနပေးမှုကြောင့် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေး နှင်ထုတ်ရန် မကွေးတိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ ဆုံးဖြတ်ခဲ့ပြီး၊ ယနေ.(၅-၈-၂၀၁၄) ညတွင် ရေနံချောင်းမြို့မှ ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

ဓါတ်ပုံမှာ ယနေ့ည ရေနံချောင်းမြို့မှ မခေါ်ဆောင်သွားမှီတွေ.ရစဉ်။ (သတင်းဓါတ်ပုံ- ကိုမင်းနိုင်(ရေနံချောင်း))

ယနေ့အွန်လိုင်းပေါ်တွင်မြန်မာနိုင်ငံသားများအတွက် The Best Engish 4 you ၀က်ဆိုဒ်ဖြင့်လည်းကောင်း Group များတွင်လည်းအောင်းအင်္ဂလိပ်စာပညာဒါနပို့ချပေးနေသူ ဆရာမောင်မောင်ဝမ်းသည်ရန်ကုန်မြို့ကြီးတွင် ပညာဒါနပို့ချပေးခဲ့အပြီးဇာတိဖြစ်သောရေနံချောင်းမြို့ လာရောက်ပို့ချပေးခဲ့ပါသည်။

မွေးရပ်မြေတွင်မိမိတတ်ထားသောပညာဖြင့်ကျေးဇူးပြုချင်ပါသော်လည်းရေနံချောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တိုင်းအမိန့်အရဆိုကာ ပညာဒါနအဖြစ်အခကျေးငွေမယူသော်လည်း လ၀ကလက်စွဲမူအရ ခွင့်မပြုနိုင်ဟု ဆိုကာ လာရောက်ပိတ်ပင် တားဆီးခဲ့ပါသည်။ထို့ကြောင့်တစ်ရက်မျှသာသင်ပြီးယနေ့တွင် ချစ်လှစွာသော ဇာတိမြေမှ ပညာရည်သောက်စို့လိုသူများအား နှုတ်ဆက်ပွဲလုပ်ခဲ့ပါသည်။

ထိုနှုတ်ဆက်ပွဲပြီးသည်နှင့် လ၀ကဦးစီးမှလာရောက်ကာ ခွင့်မပြုသောပညာဒါနအင်္ဂလိပ်စာသင်ကြားမှုကြောင့် အမေရိကန်နိုင်ငံသားခံယူထားသူဆရာမောင်မောင်ဝမ်းအား ယနေ့ည(၅-၈-၁၄)ည၊၁၀း၀၀နာရီတွင် လည်းကောင်းတို့ငှား ထားသောကားဖြင့်အခြားနေရာများသို့ဝင်ရောက်ရပ်နားခွင့်မပြု သူငယ်ချင်း၊မွေးခြင်းများအားနှုတ်ဆက်ခွင့်မပြုဘဲ ရန်ကုန်-မင်္ဂလာဒုံလေဆိပ်မှသို့ခေါ်ယူပြီး လေယာဉ်ပေါ်တင်ကာမြန်မာနိုင်ငံမှ ထွက်ခွာသွားစေမည်ဖြစ်ကြောင်း ဆရာမောင်မောင်ဝမ်း၏ မိတ်ဆွေ၊တပည့်၊သူငယ်ချင်းရဲဘော်အပေါင်းအားသိစေအပ်ပါသည်။ (မူရင်း Ashin Issariya)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရေနံချောင်းက အမေရိကန်-မြန်မာ ဆရာကို ပြည်နှင်ဒဏ်ပေး

Comments are closed.