နိုင်ငံတကာရေးရာ

တရုပ်လက်ရှိသမ္မတကြီးဇီကျန်ပင်း အဂတိတိုက်ဖျက်ရေးအရှိန်မြှင့်

တရုပ်လက်ရှိသမ္မတကြီးဇီကျန်ပင်း အဂတိတိုက်ဖျက်ရေးအရှိန်မြှင့်

မိုးမခ၊ သြဂုတ် ၂၊ ၂၀၁၄

စင်ကာပူ The Straits Times သတင်းစာမှာ တရုပ်သမ္မတကြီးဇီကျန်ပင်း (ဘယ်ဘက်လူ) က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ နိုင်ငံလုံခြုံရေးအကြီးအကဲ Mr. Zhou (ညာဘက်လူ) ကို စည်းကမ်းမလိုက်နာမှု နဲ့ အဂတိလိုက်စားကော်မတီက စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ အခြား ၁၇ဦးလဲ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ တရုပ်အစိုးရရဲ့ အမြင့်ဆုံးအာဏာပိုင်လူကြီးပဲ လို့ဆိုပါတယ်။

 Mr. Zhou အပေါင်းအပါများရဲ့ ကိုင်တွယ်နေတဲ့ ဘတ်ဂျတ်ပမာဏဟာ တရုပ်တပ်မတော်ထက်တောင် ကြီးမားလှတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အရေးယူခံရသူ Mr. Zhou ဟာ တရုပ်နိုင်ငံ လုံခြုံရေးအကြီးအကဲ ဖြစ်တဲ့အတွက် တရုပ်တပ်မတော်ကြီး ပတ်သတ်နေပါတယ်။ တရုပ်သမ္မတဇီကျန်ပင်းက တပ်မတော်ခေါင်းဆောင်များကို အဂတိလိုက်စားမှုများနဲ့ပတ်သက်ပြီး သတိပေးစကား ပြောသွားပါတယ်။

Mr. Zhou ရဲ့ သားဖြစ်သူ၊ ရေနံ၊စွမ်းအင်လုပ်ငန်း၊ စီးပွားရေးသမားဖြစ်သူ Zhou Bin ကို ဇူလိုင်လမှာ ဖမ်းဆီးလိုက်ပြီး၊ ဖခင်ဖြစ်သူနဲ့ အပေါင်းပါများကိုလဲ စုံစမ်းစစ်ဆေးမှု စတင်ပါတယ်။ ၂၀၁၂ နောက်ပိုင်းမှာ Mr. Zhou အပေါင်းပါများ အရေးယူခြင်းခံလာရပြီး၊ အခု Mr. Zhou ကိုယ်တိုင် စုံစမ်းစစ်ဆေးမှု ခံနေရပြီ ဖြစ်ပါတယ်။ 

သမ္မတအသစ် ဇီကျန်ပင်း တက်လာချိန် အဂတိလိုက်စားမှုများကို အပြင်းထန်အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံး ၂၀၁၃ တစ်နှစ်ထဲ အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းနဲ့ပါတီအာဏာပိုင်များ ၂သိန်းခန့်၊ ဝန်ကြီး တစ်ဒါဇင်အပါအဝင် .. အရေးယ၊ူ အပြစ်ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

တရုပ်သမ္မတဇီကျန်ပင်ရဲ့ လက်ထောက်ဖြစ်သူ၊ Mr. Wang ဦးဆောင်ပြီး အဂတိလိုက်စားမှုများကို တိုက်ဖျက်နေတာဖြစ်ပါတယ်။ မရိုးနိုင်တဲ့ နည်းလမ်းထဲမှာ နိုင်ငံရေးအတိုက်အခံများလည်း ပါဝင်သွားရပါတယ်။  နိုင်ငံရေးအတိုက်ခံဖြစ်မှု၊ အမိန့်မနာခံမှုလဲ ပါမယ် ဖြစ်ပါတယ်။ 

တရုပ်ပြည်သတင်းစာများ၊ နယူးယောက်တိုင်းနဲ့၊ နိုင်ငံတကာ သတင်း၊ဂျာနယ်များမှာ Mr. Zhou မိသားစု၊ အသိုင်းအဝိုင်းရဲ့ စီးပွားရေး မဟာအင်ပါယာကြီး China National Petroleum Corp. (C.N.P.C.) ကို ဖော်ပြရေးထားထားပါတယ်။  (Ref: economist.com)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts