Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – စိန်မဟာသဘင်၏ ပါတော်မူ ပြန်လာမည်

ရန်နောင်(ဗိုလ်တထောင်) – စိန်မဟာသဘင်၏ ပါတော်မူ ပြန်လာမည်

သြဂုတ် ၂၊ ၂၀၁၄

 

တစ်ခေတ်တစ်ခါက နာမည်ကျော် လူကြိုက်များခဲ့သော စိန်မဟာသဘင်၏ ပါတော်မူ ဇာတ်ထုပ်ကြီးကို အနော်မာသုခုမ အနုပညာအဖွဲ့မှ ကပြဖျော်ဖြေမည့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၁ ရက် နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပွဲတွင် စိန်မဟာသဘင်၏ မျိုးဆက် သရုပ်ဆောင်ပတ္တမြားကေခိုင် ကအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ အနော်မာသုခုမ အင်အားစု ၏ ဒုတိယဥက္ကဋ္ဌ ဦးအရိုင်းမှ ပါတော်မူ ဇာတ်ထုပ် ကပြရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဂရိတ်ဦးဖိုးစိန်၏မြေး ၊မင်းသားကြီး ဦးကက်နက်စိန်၏သားမင်းသားကြီး ဦးညီဝင်းစိန်မှ ယခင် ပါတော်မူဇာတ်ထုပ်တွင် သီပေါမင်း အဖြစ်ကပြခဲ့ပုံများကို အမှတ်တရပြောပြပါသည်။ ကက်ဆက်ခွေလောက မှာ နှစ်ခွေတွဲကို စထုတ်ပြီး အောင်မြင်သောဇာတ်လမ်းခွေအဖြစ်အောင်မြင်ခဲ့ပုံများကို လွမ်းမောဖွယ် အမှတ်တရ ပြောပြခဲ့ပါသည်။

ထို့နောက် အတွင်းရေးမှူးး ဦးမိုးမင်းက ယခုကပြမည့် ပါတော်မူ ဇာတ်ထုပ်တွင် ဒါရိုက်တာအဖြစ်လုပ်ကိုင်မည့်အေ

ကြာင်းနှင့် ဆိုငိုပြော ပြဇာတ်အစစ်အဖြစ်ကပြမည့်အကြောင်းနှင့် ယခုကပြမည့် ပြဇာတ်အစီအစဉ်တွင် ဇာတ်သဘင်ထုံးစံအတိုင်း တခြားသောအစီအစဉ်များပါဝင်မည်မဟုတ်ပဲ ပြဇာတ်သီးသန့်သာကပြမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပါသည်။

ပါတော်မူ ဇာတ်တော်ကြီးကို ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံကြီးတွင် သြဂုတ်လ (၃၀၊၃၁) တို့တွင်ကပြဖျော်ဖြေမည်ဖြစ်သည်။

ပါတော်မူ ဇာတ်တော်ကြီးကို မန္တလေးမြို့ နှစ်တစ်ရာပြည့်ပွဲတော်ကြီးတွင် မန္တလေးရာပြည့်ကွင်း၌ (၇)ရက် (၇)လီ ကပြခဲ့ရပြီး ရန်ကုန်မြို့ ရှိ တပ်မတော် ခန်းမတွင်လည်း သုံးရက်တိုင်တိုင် နေ့ပွဲ အဖြစ်ကပြဖျော်ဖြေခဲ့ရာ ပရိတ်သတ်များရုံပြည့်ရုံလျှံ အားပေးခြင်းကို ခံခဲ့ရသော ဇာတ်တော်ကြီးဖြစ်သည်။

ယခုဖျော်ဖြေမည့် ဇာတ်တော်ကြီးတွင် ချမ်းသာ၊ မိုးမင်း၊ တင်မောင်ဆန်း

မင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဇံဟိန်း ၊မေတင်မောင်ဆန်းမင်းဝင်း၊ အရိုင်း အစရှိသော နာမည်ကျော်အနုပညာရှင်များက ကပြအသုံးတော်ခံကြမည်ဖြစ်သည်။ ထို ဇာတ်တော်ကြီးကပြနိုင်ေ၇းအတွက် အလင်းတန်းဂျာနယ်၊ပေါ်ပြူလာဂျာနယ်၊ပိုးရွှေရည် ပိုးထည်တိုက်တို့မှပံ့ပိုးကူညီပေးထားပါသည်။

 

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts