Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – ချယ်ရီ FM ၏ ငါးနှစ်ပြည့်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရန်နောင်(ဗိုလ်တထောင်) – ချယ်ရီ FM ၏ ငါးနှစ်ပြည့် 
သြဂုတ် ၂၊ ၂၀၁၄
ချယ်ရီ FM ၅နှစ်ပြည့် အမှတ်တရ အဖြစ် တေးစီးရီးထုတ်လုပ်ခြင်းနှင့် တောင်ကြီးမြို့တွင် တေးဂီတဖျော်ဖြေခြင်းနှင့် ပတ်သက်၍ စာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်လမ်းရှိ ချက်ထရီယမ်ဟိုတယ်တွင် ၂၀၁၄ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ၂နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

 

အဆိုပါ အခမ်းအနားတွင် ချယ်ရီ FM ၏ စီစဉ်သူ တေးရေး ဇဝါ ၊တေးစီးရီးစီစဉ်သူ ကိုမိချော၊ ထုတ်လုပ်ရေးမှူး ကိုသန်းဇော်ထွေးတို့ မှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုတော်များထဲမှ အဆိုတော် Rဇာနည်နှင့် အားတီ တို့မှ တေးစီးရီးနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

 

 

 

ငါးနှစ်ပြည့်တေးစီးရီးတွင် စိုင်းစိုင်းခမ်းလှိုင်၊အာဇာနည်၊ဟန်ထူးလွင်၊ အားတီ၊ သအို၊ ဂျီလတ်၊ ရဲရင့်အောင်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ ငယ်ငယ်၊ သီရိဆွေ၊ မိစန္ဒီ၊ ခင်စုစုနိုင်၊ ထွန်းရတီ၊ ပိုပိုဟေသာတို့က သီဆိုထားကြပြီး တေးရေးသုခမိန်လှိုင်၊ အာခိုင်၊ဇဝါ၊စိုးလင်း အစရှိသူတို့မှ ရေးသားထားကြပါသည်။ တေးစီးရီးကို သြဂုတ်လ (၇) ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

 

 

 

 

တောင်ကြီးမြို့ တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို သြဂုတ်လ (၁၅)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်သည်။

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts