Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ အမေရိကန်ကို လာပြိုင်မည်

 ရန်နောင်(ဗိုလ်တထောင်) – Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ အမေရိကန်ကို လာပြိုင်မည်

ဇူလိုင် ၂၉ ၊ ၂၀၁၄

        Miss Universe Myanmar 2014 ပြိုင်ပွဲ ဗိုလ်လုပွဲကို ၂၀၁၄ခုနှစ် ဇူလိုင်လ (၂၆)ရက် ညနေ (၆) နာရီက ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Miss Myanmar Thailand Friendship Title Award ရရှိသူ သျှားထွဋ်အိန္ဒြာကပင် Miss Universe Myanmar 2014 Award ကို ရရှိသွားခဲ့သည်။

         နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ဒုတိယအကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရန်အတွက် သျှားထွဋ်အိန္ဒြာ ကဆွတ်ခူးရရှိခဲ့သော ပြိုင်ပွဲကြီးတွင် ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊သရုပ်ဆောင်မိုးဟေကို တို့မှ ပါဝင်ဆောင်ရွက်ခဲ့သည်။

       ရှေးဦးစွာ မယ်စကြဝဋ္ဌာပြိုင်ပွဲဝင် ဆန်ခါတင်အဆင့်  လှပျိုဖြူလေး အယောက် (၂၀) မှ ယခုနှစ်၏ အုပ်စုသီချင်းဖြစ်သော ကချင်ပြည်နယ် ကိုယ်စားပြု သီချင်းဖြင့် ပရိသတ်အား ကပြဖျော်ဖြေရင်းအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ကချင်ဝတ်စုံ များ ဝတ်ဆင်ကာ ပါးတွင် ရွှေပြည်နန်းသနပ်ခါး လိမ်းချယ်ထားသည့် ပြိုင်ပွဲဝင်များသည် ကချင်ပြည်နယ်ရှုခင်းများနှင့်  စတင်ပြိုင်ပွဲဝင်ခဲ့သည်။

 

     ဒုတိယအဆင့် ယှဉ်ပြိုင်မှုအနေဖြင့် ပြိုင်ပွဲဝင်များက ရေကူးဝတ်စုံ ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့သည်။ ထိုအဆင့်တွင် ဆန်ခါတင် (၁၀) ဦးရွေးချယ် ကြေငြာခဲ့သည်။ ထို့နောက် စိတ်ကြိုက်ညနေခင်း ဝတ်စုံများဝတ်ဆင်ကာ  ထပ်မံယှဉ်ပြိုင်စေခဲ့သည်။ ဆက်လက်၍  ပရိတ်သတ်မဲပေးသည့် Miss Famous Award, Miss Palmolive,Miss Attractive ဆု များအပါအဝင် Title Award ဆုများကိုပေးအပ်ခဲ့ရာ ယခုနှစ်တွင် နာမည်ကြီးရေပန်းစားနေသော ဇွန်သံစဉ်(ခါးနံပါတ် ၆ )မှာ Miss famous Award ကို ရရှိခဲ့သည်။ 

       ယင်းနောက် ဆန်ခါတင် ငါးဦးအားရွေးချယ်ခဲ့သည်။ ထိုရွေးချယ်ထားသည့် ငါးဦးအားမေးခွန်းများ စိတ်ကြိုက်ရွေးစေ၍ ဖြေဆိုစေခဲ့ပါသည်။ ဆက်လက်၍ 1st Runner Up ဆုကို ခါးနံပါတ် ၁၆ ယွန်းမီမီကျော်နှင့် 2nd Runner Up ဆုကို ခါးနံပါတ် ၂ ရွှေစင်ကိုကို တို့က ရရှိပြီး Miss Universe ဆုကို ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ဆွတ်ခူးရရှိခဲ့ပါသည်။ သျှားထွဋ်အိန္ဒြာသည် အမေရိကန် နိုင်ငံတွင်ပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုကြေးငွေ သိန်းတစ်ရာ၊ ဆယ့်ငါးသိန်းတန် သရဖူတခုအစရှိသည်ဖြင့် ရရှိခဲ့ပါသည်။ ယခုနှစ်ဆုရရှိသူ အား ယခင်နှစ်ဆုရခဲ့သူ မိုးစက်ဝိုင်မှ သရဖူကို လွှဲပြောင်းပေးအပ်ပြီး  ဆုရရှိသူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ပြီးဆုံးခဲ့ပါသည်။

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts