Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် “ ပုလ္လင်ပေါ်က မျောက်တသင်း”

မောင်စွမ်းရည်  “ ပုလ္လင်ပေါ်က မျောက်တသင်း”
ဇူလိုင် ၂၃၊ ၂၀၁၄

ကြာအေး သူ့အမေရိုက်

မှောင်မိုက်မှာ ငို

စစ်ဗိုလ်တွေ ထရံပေါက်က

ခြေထောက်ကို ဆွဲ။

တွဲလဲ။

တွဲလဲ နေပါအုံး

မိုး တောင်ကချုန်း၊

မုန့်လုံး။

မုန့်လုံးကို စက္ကူကပ်

ကြာကလပ်နဲ့ ဆွမ်းတော်ထင်

ပလင်ပေါ်က မျောက်တသင်း

ဘိုက်တင်း။

ဗိုလ်ဘိုက်တင်းက လူလိုသူလို

ပုဆိုးကို ဝတ်ပါလို့ တိုက်ပုံကိုလျှို

မဆင်းလို ဗိုလ်ငမျောက်

ခဲနဲ့သာပေါက်။

ခဲပေါက်။

မပေါက်နဲ့ ကျောင်းသားရယ်

ယမ်းချေးပန်း တတ်ကယ်။

ယမ်းချေးရယ် နေပါအုံး

မိုးတောင်က ချုန်း။

မုန့်လုံး။

မုန့်လုံးကို ရွှေမှုန်ကပ်ပါလို့

အရပ်ကတဲ့ ဝေရအောင်

မုန့်လုပ်ပေါ့ မောင်

မုန့်လုပ်ရင် ကြာတော့မယ်

“ရွှေ” ဘုတ်ဆုံ တင်ဆုံကြီး

လှည်းလုပ်လို့စီး။  ။

(၂၀၁၄ မေ ၂၄)

သရုပ်ဖော် – စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts