ရေခြားမြေခြား မြန်မာများ

ကိုရုပ်ဆိုး (AMA) – သောက ပွေတဲ့ – မလေးမြေ


  သောက ပွေတဲ့ – မလေးမြေ

ကိုရုပ်ဆိုး  (AMA)၊ ဇူလိုင် ၁၁၊ ၂၀၁၄ 

(ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်(အလောင်းနား၌ အင်္ကျိ လက်ရှည်နှင့် ရပ်နေသူ)ကို မသေဆုံးမီ နာရီပိုင်းအလိုက သူ့အရင်သေဆုံးသွားတဲ့ ဦးတိုနီရဲ့ နာရေးကို လာရောက်ကူညီနေတာကို တွေ့ရစဉ် (ဓာတ်ပုံ – Sakhunna Ung) Photo – Irrawaddy )

မလေးရှားဆိုတာ ဒီလိုပါ

အားလုံးသိတဲ့အတိုင်း မလေးရှားနိုင်ငံဆိုတာ မြန်မာနိုင်သားတို့အတွက် ငွေထွက်ရှာရာ ဒေသတွင်း နိုင်ငံတစ်ခု… မြန်မာနိုင်ငံဖွား လုပ်သားထုတို့ကို အမှီပြုလို့ တစ်ဟုန်ထိုး ကြီးပွားတိုးတက်လာတဲ့ နိုင်ငံဆိုရင်လဲ မမှားဘူး ..။

ကြည့်လေ ..မလေးရှားနိုင်ငံအတွင်း ဘယ်ဒေသကြည့်ကြည့် မြန်မာတွေ ရှိတယ် ဒီမြန်မာနွယ်ဖွား တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ လုပ်အားစုံကြောင့် ထုတ်ကုန်တိုးမြှင့် စီးပွားတင့်ခဲ့ပေမဲ့ မြန်မာဆို ဘယ်တော့မှ မညှာတဲ့နိုင်ငံ… သူ့နိုင်ငံသားထိရင် ဆတ်ဆတ်မခံ သလို  မြန်မာနိုင်ငံသားမှ တစ်ပါး အခြား ဘယ်နိုင်ငံသားကို မဆို အရေးပိုပေးလေ့ရှိတဲ့နိုင်ငံ ..

 

ကိုယ့်အစိုးရ ပဓာန

 

ကိုယ့်နိုင်ငံ ကိုယ့်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာ နိုင်ငံသားတို့ရဲ့ စီးပွားရေးက သုညအောက်ရောက်နေတော့ တောနေလူတန်းစားနဲ့ ဆင်းရဲနွမ်းပါး မြို့ပြသားတို့ဟာ မလေးရှားကိုပဲ အမှီသဟဲ ပြုခဲ့ရပြန်တယ်

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရေကြည်ရာ မျက်နုရာ ထွက်ခွာပြီး ငွေ အသပြာရှာပြန်တော့ ဘယ်နိုင်ငံရောက်ရောက် အနှိမ်ခံရတယ် ။ သူတို့ မလုပ်ချင်တာ လုပ်ရတယ် ပြီးတော့ လစာ ရာထူး စသည် ဘာမှကို မျက်နှာမရကြဘူး။  ဒါတွေဟာ အစိုးရရဲ့ နောက်ခံ ပေးမှု  အကာကွယ်ပေးမှု တာဝန်ယူပေးမှု ကင်းမဲ့ခြင်းကြောင့်လို့ သတ္ထုချလို့ ရလောက်ပါတယ်

ပြည်သူတွေ ဘယ်အခြေရောက်ရောက် သူတို့ အာဏာမပျောက်ဖို့နဲ့  သူတို့ရဲ့ မိသားစု သားစဉ်မြေးဆက် ချမ်းသာကြွယ်ဝဖို့သာ အဓိကထားပြီး ပြည်သူတို့ရဲ့ မျက်စိကို မဖွင့်ပေးခဲ့လို့ ပညာရေးအားနဲခြင်း ရလာဒ်တွေ ဟာ မလေးရှားရောက်တော့ ကျောကော့အောင်ကို ခံနေရတာဟာ အစိုးရမှာ ပဓာန တာဝန်ရှိပါလိမ့်မယ်

တန်အောင်မရုန်းတဲ့ မလေးသံရုံး

သံရုံးဆိုတာကလဲ နိုင်ငံသားတွေ အကာကွယ်ပေးဖို့ ဝေးစွ..ဖုံးခေါ်ရင်တောင် မကိုင်..လူကိုယ်တိုင်ဆို ဘယ်မှ မရောက်တာများတယ် ..သူများနိုင်ငံ အစိုးရနဲ့ သံရုံးတွေဟာ သူ့တို့နိုင်ငံသားများ အတွက် အဘက်ဘက်က လိုအပ်ချက်ကိုဖြည့်ကြပေမဲ့  မြန်မာသံရုံးကတော့သူတို့လိုအပ်ချက်ကိုသာ ကောက်ခံတာ တောင်းခံတာလုပ်နေရုံပဲ ထင်မိပါရဲ့..။

ပေးလိုက်ရတဲ့ အခွန်..ဆောင်လိုက်ရတဲ့ကြေးတွေက မနဲဘူး တန်အောင် အကာအကွယ်မပေးကြတော့ ပါတ်စပို့ကိုင်ထားပေမဲ့ မကိုင်တာနဲ့ ဘာမှ ပိုပြီး အခွင့်အရေးမရအတူတူ အချို့သူတွေဟာ အို ဆိုတဲ့ ဘဝ ရောက်ရှိသွားကြတော့တယ် ။အခြားအကြောင်းများရှိပေမဲ့  ဒီအတွက်သာ အို ကြရသူ များတယ်လို့ ကောက်ချက်ဆွဲမိတယ်

အို ပယ် ဘဝ မှာ အားကိုးရာ

ဒီလို အိုဘဝ ရောက်ပြီဆိုရင် သံရုံးလဲ အားကိုးလို့ မရတော့ပါဘူး ။ လုပ် ကိုင် စားသောက် နေထိုင်ကြရတဲ့အခါမှာလဲ တကယ့်ကို ကျီးလန့်စာ  စားနေရသလိုပါပဲ .. မြန်မာမှာ ဒီမိုကရေစီရပေသော်မှ မလေးရှားမှ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ဆိုတာ မရနိုင်တာပါ  ..။  ရဲ ကြောက်ရ သူခိုးဂျပိုးကြောက်ရနဲ့ သွားလာနေထိုင် လုပ်ကိုင်စားသောက်ပြီး နောက်ပိုင်းငွေပို့နိုင်ရေး အသက်ပေးကြိုးစားနေရတယ် ဆိုရင်တောင် မှားမယ် မထင်တော့ပါဘူး

အကြောင်းကြောင်းကြောင့် မြန်မာပြည် ပြန်ရတော့မယ် ပြန်ဖို့ရှိတယ်ဆိုရင် အောက်လမ်းကနေသာ ပြန်ဖို့ရှိပါတော့တယ် ဒီအခါမှာ အားကိုးရာဆိုတာ လိုလာပြီပေါ့

အားကိုးရာက ကျော်သီဟ

ဒီလို အိုသမားများစွာအတွက် တဘက်တလမ်းက ကြိုးပမ်းကူညီပေးနေတာကတော့ ကျော်သီဟ…  ဦးဆောင်လုပ်ကိုင်နေသည်က ကိုတိုနီ .. သူ့နည်း အခြား မိဘမေတ္တာ အမည်နဲ့ အကျိုးဆောင်လုပ်ငန်း လုပ်နေတာက ကိုမျိုးပိုင် …

သူတို့ဟာ အများအပေါ် စေတနာထားတယ် ..မလေးရှားရောက် မြန်မာတွေ အားလုံးအကျိုးကို ကျရာကဏ္ဍကနေ မလစ်ဟင်းအောင် အကျိုးဆောင်ခဲ့ကြတယ် လူမှုရေး မှ အစ အသိညာဏ်မြင့်မားရေး စာပေဟောပြောပွဲတွေ ၊ စည်းလုံးညီညွတ်ရေးအတွက် ဘောလုံးပွဲတွေ ၊ သာရေး နာရေး လူမှုရေး အသင်းတွေ မှာ သူတို့ဟာ အဓိက စပွန်ဆာနေရာက နေခဲ့ကြသလို ထောက်ပံ့ခဲ့သူ ဦးဆောင်ခဲ့သူတွေဆိုရင် ငြင်းနိုင်ဖွယ် မရှိဘူး

ဒါ့အပြင် မလေးရှားရောက်နေသူမှ မြန်မာနိုင်ငံနေ  မိတ်ဆွေသူငယ်ချင်း ဆွေမျိုးရင်းကို ခေါ်လိုသလား သူတို့က အကျိုးဆောင် ခေါ်ယူပေးတယ် ၊ မိဘဆွေမျိုးထံ ပြန်လိုသလား ဘေးကင်းစွာ မြန်မာရောက်အောင် စွမ်းဆောင်ပေးတယ် .. သူတို့ ကူညီမှု အကျိုးဆောင်မှုတွေကြောင့် မြန်မာတွေ ထောင်ပေါင်းများစွာ အကျိုးရှိခဲ့ပြီးဖြစ်တယ်

သာသနာအတွက် အားတစ်လက်

နှစ်စဉ် မလေးရှားနိုင်ငံသို့ မြန်မာပြည်အရပ်ရပ်က သံဃာတွေ ကြွချီလေ့ရှိသလို အချို့ကလဲ မလေးရှားမှာပင် ကျောင်းတည်ထောင် သာသနာပြုနေကြပါတယ် ဘယ်ဆရာတော် ကြွကြွ ဘယ်သံကို မဆို ကြိုဆိုပို့ဆောင်ရေး တည်းခိုနေထိုင်ရေးတွေမှာ သူတို့ဟာ ရှေ့တန်းက ပါခဲ့တယ် ပြီးတော့ လိုရာခရီး အသီးသီးကို စီးတော်ယဉ်များနဲ့ ကူညီအကျိုးဆောင်ပေးနေသူတွေ ဖြစ်တယ်ဆိုတာ မလေးကြွဖူးသည့်သံဃာတိုင်းပင် သိမယ် ထင်မိပါရဲ့လေ

သာသနာပြု အားအင်ထု

သူတို့ဟာ သူတို့မှာ ရှိတဲ့ ဥစ္စာဓန တွေကို ဘာသာ သာသနာအတွက် အားတက်ရွှင်ပျော် လှူဒါန်းပူဇော်နေသူတွေဆိုလဲ မမှားပါဘူး  မလေးရှားတွင် ကျောင်းပေါင်း လေးဆယ်ကျော်မျှ ရှိရာ သူတို့အလှူငွေမရောက် သည့်နေရာ မရှိသလောက်ထင်မိပါတယ် အားလုံးက သိတဲ့ ကိုတိုနီဟာ သူ့ကိုယ်စား သူ့အမေဖြစ်သူ ဒေါ်မြင့်ဝင်း ခေါ် မယ်တော်ကြီးကို ကျောင်းအသီးသီးသို့ သွားစေ လှူစေ ထောက်ပံ့စေပါတယ် ဒီအပြင် သံဃာတွေ သွားရေး လာရေးတွေမှာ မယ်တော်ကြီးကို အမြဲလိုက်ပါ ဝေယျာဝစ္စဆောင်ရွက်စေသလို ကုန်ကျစရိတ်တွေကို လှူဒါန်းစေခဲ့တာပါ

ကိုမျိုးပိုင်ဆိုရင်လဲ အဖွဲ့ပေါင်းစုံ အသင်းပေါင်းစုံမှာ ဝင်ဆန့်ပြီး ဘာသာ သာသနာအတွက် ကျရာဝန်ကို ကျေပြွန်စေခဲ့သူတွေပါ

 

ပြည်တွင်းကဒဏ် ပြည်ပခံ

ခုတော့ ဒီလူတွေဟာ မလေးရှားမှာ အစွန်းရောက် လူသတ်သမားတို့ရဲ့လ က်ချက်နဲ့ အသက်ထွက်ခဲ့ကြရပါပြီ ပြည်တွင်းမှာ ဘယ်သူ့ ပယောဂနဲ့မှန်းမသိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေဟာ ပြည်ပနေ မြန်မာတွေရဲ့စိတ်နှလုံးကို ညိုးချုံးစေတာ အမှန်ပါ … ရေများ ရေနိုင် မီးများ မီးနိုင်ပေမဲ့  မိမိအာဏာ  တည်မြဲရေးနဲ့ နေရာတည်မြဲရေးအတွက် အကွက်ချ စီမံခဲ့တဲ့ စနက်တွေဟာ ပြည်ပနေသူတွေ အသက် အန္တရာယ်တွေလို ဖြစ်လာနေသလိုပါပဲ  ..

ဒါတွေကို အစိုးရ တာဝန်ရှိသူတွေက မသိကျိုးကျွန်ပြုနေသလား မသိပါဘူး .. ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးဆိုတာ သိကြပေမဲ့ အာဏာအစွန်း လောဘအစွန်းရောက်သူ တစ်ချို့ကြောင့် ပြည်တွင်းထက် ပြည်ပနေသူတို့မှာ အခက်တွေ ပွေနေရတယ်လို့တောင် ဆိုလိုက်ချင်ပါတော့တယ်

မလေးရှားမှာ သွေးမြေရတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်မျှ များပြားသွားပြီဆိုတာ သက်ဆိုင်ရာ အစိုးရမင်းတို့က သတိမှ ပြုမိလေပါစ၊ လွှတ်တော်ကရော သိပါစ …

သူတို့ပေါင်းသင်း ရောင်းရင်းတွေ

ဒီကိုမျိုးပိုင်နဲ့ ကိုတိုနီ တို့ ဟာ မလေးရှားမှာနေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ကြတာဆိုတော့ သူတို့အပေါင်းအသင်းတွေဟာ မလေးရှားနိုင်ငံသားတွေလဲပါမှာမလွဲပါဘူး ဘာသာမတူ အယူကွဲသူတွေ အတူတွဲလုပ်ကြတဲ့အခါ ထားရှိမိတဲ့ အယုံလွယ်မှုတွေက ခုတော့သူတို့ဘဝကိုပင် ပေးဆပ်သွားကြရပြီလေ ။ ငွေအသပြာကြောင့်တင်မဟုတ် ပဲ ဘာသာ သာသနာအတွက် အဖက်ဖက်က ဦးဆောင်သူတွေကို သက်သက်ဖြောင်လိုက်ကြတယ်လို့ ထင်မိပါတယ် ၊နောက်လူတို့ သတိသံဝေရပါစေပေါ့

လူအခွင့်အရေး ညာသံပေးလဲ

မြန်မာပြည်မှာ လူနည်းစုတည်း ဟူသော ဧည့်သည်တွေက ရန်ပြုတာခံပြီး လူနည်းစု ဖန်လိုက်တဲ့ ပြဿနာတွေမှာ အများထုက တုန့်ပြန်တဲ့အခါ  လူအခွင့်ရေးဆိုတာ ကို ညံနေအောင်အော်နေတတ်သူတွေ အများသားပါ ၊သတင်းဂျာနယ်တွေကလဲ ရေးသားဖေါ်ပြမဆုံးပါပဲ…

မလေးရှားနိုင်ငံ ထိုင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ အသက်တွေပေးကျရ သွေးမြေခကြရတဲ့အခါမှာတော့ ထိုသူများဟာ မိမိတို့မဆိုင်သလိုနေနေကြတာကိုတော့ အံ့သြမဆုံးပါဘူး..လူ့အခွင့်ရေး အစား တိုင်းတပါးသား ဘာသာခြား တို့အခွင့်အရေးကို တောင်းဆိုနေတာလို့ပဲ ထင်မိပါတော့တယ်

မည်သည့် သတင်းဂျာနယ်ကမှလဲဒါတွေကို ဟိုက်လိုက်လုပ်ဖေါ်ပြတာမရှိပါဘူး မြန်မာပြည်တွင်းရေးမှာ ဝင်စွက်ဖို့ လက်မနှေးခဲ့ကြတဲ့ ပြည်ဖျက် သတင်းဋ္ဌာနအများစုဟာ ယခု မလေးရှားရှိ မြန်မာတို့အရေးမှာတော့သွေးအေးနေသလို ဖေါ်ပြဖို့အရေးလဲ သွေးအေးနေကြတာဟာ လူ့အခွင့်ရေးကို တကယ်မလေးစားရာ မရောက်ဖူးလားပင် ထင်လိုက်မိပါတော့တယ်

သွေးရနံ့ တို့ သင်းပျံ့ နေ…

ခုတော့ မလေးရှားမှာ မြန်မာတို့အတွက်တော့ နေရာတိုင်းမှာ သွေးဆာနေသူတို့ရဲ့ ဒဏ်ကို ခံလိုက်ရသူတို့ရဲ့ သွေးရနံ့တို့ဖြင့် သင်းပျံ့နေသလို ကမ္ဘာတစ်ခို ဘယ်မဆိုလဲ လွင့်ပျံ့လို့ နေပြီထင်ပါတယ် ..ကိုတိုနီ ကိုမျိုးပိုင် တို့ နည်းတူ မထင်မရှား ဖြင့် ဇိဝိန်ကြွေကျ သွေးမြေခသွားရသူတွေလဲ အများသားပါ ..ထိုသူတို့ရဲ့ သွေးတွေဟာ ကမ္ဘာမြေကို ငြိမ်းချမ်းစေမှု ရအောင် အကျိုးဆောင်နိုင်ပါစေလို့သာ ဆုတောင်းလိုက်ချင်ပါတော့တယ်

သောကပွေတဲ့ မလေးမြေ

အချုပ်အားဖြင့် ဆိုသော် မလေးရှားမြေက သွေးမြေကျရတဲ့ အဖြစ်တွေဟာ အစွန်းရောက်သမားတွေ လက်ချက်လို့ ပြောရမှာပါ.. အာဏာအစွန်း ၊ ရာထူးအစွန်း ၊ ဘာသာရေး အစွမ်း ၊ လူမှုရေး အစွန်း ၊ လူမှုရေး အစွန်း  စသည် စသည် ဘယ်အစွန်းမှ မကောင်းဘူးဆိုတာ သာဓက ပြနေသလိုပါပဲ…ဒီလို အစွန်းရောက်သူတွေရဲ့ ဒဏ်ကြောင့် မလေးရှားမြေမှာ သောကဖြာ ရတက်ပွေလို့ အခက်တွေရောက်နေကြရပါပြီ ..ပြည်တွင်းက အစွန်းရောက်တွေနဲ့ သက်ဆိုင်ရာ အစိုးရမင်းတို့ ခေါင်ချင်းဆိုင် ဖြေရှင်းပေးကြပါလို့ တောင်းဆို ဆန္ဒပြုပါတယ်

ဗုဒ္ဓဘာသာတို့အလို ဝါဆိုလပြည့်ဆိုတာ ရောက်ပါပြီ ..ဒီဝါဆိုလပြည့် နေ့မှာ ဟောကြားခဲ့တဲ့ ဓမ္မစကြာတရားတော်နဲ့အညီ အစွန်းကိုရှောင်ခွာကာ ကျင့်ဖွယ်ရာ အလယ်လတ်လမ်းကို အမြန်တွေ့နိုင်ပါစေ၊ ပြည်တွင်း ပြည်ပ ဘယ်ဒေသမှာ မဆို အစွန်းရောက်သူတို့ရဲ့ ဘေးက ကင်းဝေးနိုင်ကြပါစေ ဟုသာ ဆုတောင်းလိုက်ရင်း စာရေးသူရဲ့ ရင်ထဲက ခံစားဖြစ်ပေါ်လာသည့် သောကပွေတဲ့ မလေးမြေကို နိဂုံးချုပ်လိုက်ပါတော့တယ်  ။

ဆက်စပ်သတင်းများ

http://burma.irrawaddy.org/news/2014/07/10/61652.html

(လွန်ခဲ့သည့်နှစ်ကလည်း မြန်မာအတိုက်အခံခေါင်းဆောင် ရခိုင်အမျိုးသားများ သွားရောက်စဉ်က လုပ်ကြံရန် အကြမ်းဖက်သမားအချို့က ကြိုးပမ်းခဲ့သည်၊ ၎င်းနောက် မြန်မာ့အရေးလှုပ်ရှားတက်ကြွသူ ကိုအောင်ကြီးသည်လည်း အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုနည်းတူ မြန်မာအလုပ်သမားများသည်လည်း ဘာသာရေးအစွန်းရောက်သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အသက်ရန်ရှာခြင်းများ ခံနေရဆဲ ဖြစ်သည်။ )

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုရုပ်ဆိုး (AMA) – သောက ပွေတဲ့ – မလေးမြေ

Comments are closed.