ဓာတ်ပုံသတင်း

မြန်မာဒုက္ခသည်ပြန်ပို့ရေး ထိုင်းပြည်တွင်းလုံခြုံ ရေးဌာနဆွေးနွေး

 

မြန်မာဒုက္ခသည်ပြန်ပို့ရေး ထိုင်းပြည်တွင်းလုံခြုံ ရေးဌာနဆွေးနွေး

သတင်း – မန်းမျိုးမြင့်(မီဒီယာ)။ ဇွန် – ၁၇ – ၂၀၁၄

(မန်းမျိုးမြင့်ဖေ့စ်ဘွတ်က ကူးယူဖော်ပြသည်)

ထိုင်းနယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါး ခိုလုံနေတဲ့ မြန်မာဒုက္ခသည်တွေကိုနေရပ်ပြန်ပို့နိုင်ရေးအတွက် ဒီနေ့မဲဆောက်မှာ ထိုင်းပြည်တွင်းလုံခြုံရေးဌာနကနေ ကမကထပြု ပြီး ၃ ရက်ကြာမဲ့ အလုပ်ရုံဆွေးနွေးပွဲတရပ် ဒီနေ့မဲဆောက်မှာ စတင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ထိုင်းပြည်တွင်းလုံခြုံရေးဌာနက တာဝန်ရှိသူတွေ- မြန်မာဒုက္ခသည်စခန်းများတည်ရှိရာ နယ်စပ်လေးခရိုင်မှ ဒေသဆိုင်ရာ ကွက်ကဲရေးတပ်မှူးတွေ- ထိုင်းပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ- UNHCR အပါအ၀င် ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေးမပြန်ရေးဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်လေးခရိုင်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါ ခိုလုံနေပါတယ်။

အဲဒီမြန်မာဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်မှာ၁၉၈၄ ခုနှစ်ဝန်းကျင်းကနေ စတင်ခိုလုံနေကြတာဖြစ်ပြီး အခုဆိုရင် ဆယ်စုနှစ် ၃ ခုနီးပါးရှိပြီလို့ – ဒီနေ့ဆွေးနွေးပွဲကိုတက်တဲ့ ထိုင်းတပ်မှူးတဦးကပြောပါတယ်။

မြန်မာ့အရေးကို လေ့လာနေသူတွေကတော့ ထိုင်းဘက်ကပြုလုပ်တဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို သုံးသပ်ရမယ်ဆိုရင်တော့ မြန်မာဒုက္ခသည်တွေကို ထိုင်းဘက်က နေရပ်ပြန်ပို့ဘို့ ဖြစ်နိုင်ခြေပိုများသွားပြီးလို့ သုံးသပ်ပြောဆိုကြပါတယ်။

မြန်မာဒုက္ခသည်တွေရဲ့ ကံကြမ္မာကိုတော့ ဒီအလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ – သိရမှာဖြစ်သလို-ဒီဆွေးနွေးပွဲကို ထိုင်းဘက်က အခုလိုတက်သုတ်ရိုက်ပြီး လုပ်နေတာကိုလည်း ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူးလို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက ပြောဆိုနေကြပါတယ်။

ပုံစာ- ဒီနေ့မွန်းလွဲပိုင်းက မဲဆောက်မှာစတင်ဖွင့်လှစ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ။

ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts