Yan Naung (Bo Ta Htaung) သတင်းပဒေသာ

Food & Hotel Myanmar 2014 တွင် ပြိုင်ပွဲများ ပြုလုပ်မည်

Food & Hotel Myanmar 2014 တွင် ပြိုင်ပွဲများ ပြုလုပ်မည်

ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၈၊ ၂၀၁၄

Food  &  Hotel Myanmar 2014 တွင်အခြား ဟိုတယ်နှင့် ပတ်သက်သော ပြိုင်ပွဲ (၃)ခု ကိုထည့်သွင်းပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲများမှာ အစားအသောက်ပြင်ဆင်ဖန်တီးပြသမှုပြိုင်ပွဲ၊မြန်မာကော်ဖီနှင့် ယမကာကျွမ်းကျင်အဖျော်ပညာရှင်များပြိုင်ပွဲ၊အာဆီယံနိုင်ငံများမှ အဖျော်ပညာရှင်များပါဝင်မည့်ပြိုင်ပွဲ များနှင့် အစားအစာ ဘေးကင်းလုံခြုံရေးဆွေးနွေးပွဲကိုလည်းပြုလုပ်မည်ဖြစ်သည် ။

အစားအသောက်ပြင်ဆင်ဖန်တီးပြသမှုပြိုင်ပွဲကို မြန်မာစားဖိုမှူးများအဖွဲ့က ပူးတွဲစီစဉ်ခြင်းဖြစ်ပြီး BES မှစားဖိုမှူး (၁၅၀ ) ၏ ကျွမ်းကျင်မှုစွမ်းရည်များနှင့် အတွေ့အကြုံများကိုယခင်က မြန်မာနိုင်ငံတွင် မမြင်တွေ့ခဲ့ဘူးသော နိုင်ငံတကာ အဆင့် စစ်ဆေးမှုဖြင့်စစ်ဆေးမည်ဖြစ်သည်။ (၃ )ရက်ကြာမည့်ပွဲကို  Food & Hotel Myanmar  ပြပွဲ ဇွန်(၁၈ )ရက်မှ(၂၀ ) ရက်အထိကျင်းပသွားမည်ဖြစ်သည်။

မြန်မာကော်ဖီနှင့် ယမကာ ကျွမ်းကျင်အဖျော်ပညာရှင်များပြိုင်ပွဲကို  Element Coffee & Consulting & Machine Supplies ကုမ္ပဏီက ပူးတွဲစီစဉ်ကျင်းပခြင်းဖြစ်ပြီးမြန်မာနိုင်ငံ၏ ပထမဆုံး မြန်မာကော်ဖီနှင့် ယမကာကျွမ်းကျင်သူချန်ပီယံဘွဲ့ရရန် အဖျော်ကျွမ်းကျင်သူ (၁၅ )ဦးမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။(၂ ) ရက်ကြာပြိုင်ပွဲကို  Food & Hotel Myanmar ပြပွဲတွင် ဇွန်လ (၁၈ )ရက်နှင့် (၁၉ )ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။

AHRA –ASEAN အာဆီယံနိုင်ငံများမှ အဖျော်ပညာရှင်များပါဝင်မည့်ပြိုင်ပွဲကို မြန်မာစားသောက်ဆိုင်များ အစည်းအရုံး က ပူးတွဲစီစဉ်သူအဖြစ်တာဝန်ယူပြီးလာအို ၊မြန်မာ ၊မလေးရှား ၊ဖိလစ်ပိုင်၊စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့မှ ပြိုင်ပွဲဝင်များက ချန်ပီယံဆု ရရှိရန် ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။(၁ )ရက်ကြာပြိုင်ပွဲကို ဇွန်လ (၂၀)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

အစားအစာဘေးကင်းလုံခြုံရေးဆွေးနွေးပွဲကို အစားအစာသိပ္ပံနှင့် နည်းပညာအစည်းအရုံး(မြန်မာ)က  အစားအစာဘေးကင်းလုံခြုံရေးဆွေးနွေးပွဲ နေ့တဝက်အစီအစဉ်ကို ဇွန်လ (၁၉)ရက်တွင်နံနက် (၉)နာရီမှ နေ့လည် (၁ )နာရီအထိ တင်ဆက်သွားမည်ဖြစ်သည်။

ပြပွဲတွင်တက်ရောက်လိုသူများအနေဖြင့် ကျေးဇူးပြု၍ အွန်လိုင်းမှ စာရင်းပေးပြီးပြပွဲသို့လာရောက်ကြပါရန် လည်းနှိုးဆော်ထားပါသည်။ပေးပို့ရမည့်လိပ်စာမှာ www.foodandmyanmar.com ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts