Business Directory Yan Naung (Bo Ta Htaung) သတင်းပဒေသာ

Air Asia မှ ကိုရီးယားသို့ ခရီးစဉ်တိုးမြှင့်ပျံသန်းခြင်း မိတ်ဆက်

 

Air Asia  မှ ကိုရီးယားသို့ ခရီးစဉ်တိုးမြှင့်ပျံသန်းခြင်း မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၈၊ ၂၀၁၄     

ကမ္ဘာ့အကောင်းဆုံးစရတ်သက်သာလေကြောင်းလိုင်းအဖြစ် Sky Trax မှ ငါးနှစ်ဆက်တိုက် ရွေးချယ်ထားခြင်းခံရတဲ့ Air Asia ဟာ မြန်မာနိုင်ငံရဲ့  စီးပွားရေးရင်းနှီးမြုပ်နှံမှုသာမက ခရီးသွားလာရေးဝန်ဆောင်မှုမှာပါ  နာမည်ကောင်းရရှိထားပါတယ်။  ထိုသို့ နာမည်ကောင်းများဖြင့် ကျော်ကြားနေသော  Air Asia  သည် ၂၀၁၄ ခုနှစ် ဇွန်လ (၁၆ ) ရက် တနင်္လာနေ့ နံနက် (၉) နာရီ တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် ၌  ကိုရီးယားနိုင်ငံသို့ ခရီးစဉ်တိုးမြှင့်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည် ။

အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် နန်းခင်ဇေယျာ မှဆောင်ရွက်ပြီး  ရှေးဦးစွာ စီးအီးအို Mr.Nadda မှ Air Asia ၏ သမိုင်းကြောင်းနှင့် ရှေ့ဆက်မည့် တိုးမြှင့်ပျံသန်းခြင်း ခရီးစဉ်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည် ။
Thai Air Asia X ကို  ပထမဦးဆုံးဈေးနှုန်းချိုသာပြီး ခရီးဝေးပျံသန်းနိုင်သောလေကြောင်းလိုင်းအဖြစ် ၂၀၁၄ တွင် ဘန်ကောက်ဒွန်မောင်းလေဆိပ်မှ ဆိုးလ် ၊တိုကျို ၊ အိုဆာကာသို့ တိုက်ရိုက်ပျံသန်းတော့မည်ဖြစ်သည် ။ Thai Air Asia X  သည်  လျင်မြန်သော Airbus A330-300 နှစ်စီးဖြင့် ပျံသန်းသွားမည်ဖြစ်ပြီး ထိုင်ခုံများမှာ အဆင့်မြင့် အိပ်စင် ထိုင်ခုံ (၁၂)ခုံနှင့်  ရိုးရိုးထိုင်ခုံ ၃၆၅ ခုံပါပြီး စုစုပေါင်း ၃၇၇ ခုံပါရှိပါသည် ။ Air Asia Group ၏ မဟာမိတ်လေကြောင်းလိုင်းဖြစ်သော Air Asia X သည် ကမ္ဘာတလွှား နှင့် နိုင်ငံအတွင်း၌ ဈေးနှုနးချိုသာပြီး ခ၇ီးဝေးပျံသန်းနိုင်သော လေကြောင်းလိုင်းအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားရန် နှင့် Air Asia ၏ မြောက်များစွာသော နေရာတို့ကို သန်မာစွာဖြင့် အားဖြည့်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းကို အကျယ်တဝင့်ရှင်းပြခဲ့ပါသည် ။ ထို့နောက်  ဗီဒီယိုဖိုင်ဖြင့် Air Asia ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ နန်းခင်ဇေယျာ နှင့် စီးအီးအို တို့နှစ်ဦး  လေကြောင်းလိုင်းနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်း၍ မိတ်ဆက်မှုကိုပြုလုပ်ခဲ့သည် ။ ထို့နောက်တက်ရောက်လာသော ပြည်တွင်း၊ပြည်ပမှ သတင်းထောက်များ၏ မေးမြန်းချက်များကို လေကြောင်းလိုင်းတာဝန်ရှိသူများမှ ဖြေကြားပြီး တက်ရောက်လာသူများအားလေယာဉ်လက်မှတ်ကံစမ်းမဲဖောက်ပေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts