Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ဒုတိယအကြိမ် လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပမည်

ဒုတိယအကြိမ် လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပမည်

ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၁၊ ၂၀၁၄

ဒုတိယအကြိမ် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ၂၀၁၄ ခုနှစ် ဇွန်လ (၁၅ )ရက်မှ (၁၉ ) ရက်အထိ Junction Square နှင့် ဝဇီရာ ရုပ်ရှင်ရုံများတွင် ပြသမည် ဖြစ်သည် ။

အဆိုပါအကြောင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ Orchid Hotel တွင်  ဇွန်လ (၉ )ရက် နေ့လည်  (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည် ။ ပွဲစီစဉ်ကျင်းပသူ ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် ပွဲဖြစ်မြောက်စေရန်အဓိက တာဝန်ယူပေးသော ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ Mr.Kevin တို့မှ ပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည် ။ရှေးဦးစွာ  Mr.KEVIN  မှပြောကြားရာတွင်  ဗြိတိသျှကောင်စီ သည် လူအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကိုလေးစားသောအားဖြင့် ယခုကဲ့သို့ကူညီရခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ပွဲတော်ပြီးပါကလည်း နယ်လှည့်၍ ထိုရုပ်ရှင်ကားများကိုပြသခြင်း၊ work shop ပုံစံ အစည်းအဝေးများပြုလုပ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။

ပွဲစီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှလည်း မနှစ်က ဒီလိုရက် ၊ ဒီလိုအချိန်မှာလည်းယခုကဲ့သို့ပွဲ ကိုစီစဉ်ကျင်းပဖြစ်ခဲ့ပါကြောင်း၊ မနှစ်ကတော့ ဆု (၆)ဆု ချီးမြှင့်ခဲ့ပြီး ဒီနှစ်တွင်တော့ အာဆီယံ ရုပ်ရှင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုတို့ကိုပါထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း ၊ ပွဲတော်ကို တနေရာထဲမှာ နေ့စဉ်ကြည့်ရင် ကားအကုန်ကြည့်ရမည်ဖြစ်ကြောင်း အစရှိသည်ဖြင့် ရှင်းလင်းပြောပြခဲ့ပါသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး  ရန်ကုန်မြို့လယ်မှ ပရိတ်သတ်များအတွက် ဝဇီရာရုံတွင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး Junction Square တွင်လည်းကြည့်ရှုနိုင်မည်ဖြစ်သည် ။ ယမန်နှစ်က (၅၄ )ကားသာပြသခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ရုပ်ရှင်ကားပေါင်း (၆၇ )ကားပြသမည်ဖြစ်သည် ။ တစ်နေ့လျှင်  ပွဲစဉ်ပေါင်း  (၅ )ပွဲပြသမည်ဖြစ်ပြီး  မနက် ၁၀ နာရီမှစတင်ကာကြည့်ရှုနိုင်မည်ဖြစ်သည် ။တပွဲမပြခင်လက်မှတ်ယူနိုင်ပြီး နောက်တပွဲကြည့်ချင်လျှင် လက်မှတ်တခါထပ်မံယူပြီး ပြသသမျှကားများကို လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာဖြင့် ကြိုက်သလိုကြည့်ရှုနိုင်ကြောင်း ထပ်မံသိရှိရပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts