သတင်းပဒေသာ

သန္တိသုခကျောင်းကို အာဏာပိုင်များ ချိတ်ပိတ်၊ သံဃာများနှင့် လူပုဂ္ဂိုလ်တို့ကို ထိန်းသိမ်း

သန္တိသုခကျောင်းကို အာဏာပိုင်များ ချိတ်ပိတ်၊ သံဃာများနှင့် လူပုဂ္ဂိုလ်တို့ကို ထိန်းသိမ်း

မိုးမခအထောက်တော်(ရန်ကုန်)၊ ဇွန် ၁၁၊ ၂၀၁၄

ဇွန် ၁၀ ညနေ၊ ၂၀၁၄၊ တာမွေမြို့နယ်၊ သန္တိသုခဘုန်းကြီးကျောင်းကို ရဲလုံခြုံရေးများဖြင့် ပိတ်ဆို့ဝန်းရံခဲ့ပြီးနောက် ညတွင်းချင်း ၀င်ရောက်ဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အာဏာပိုင်များက ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့၏ ညွှန်ကြားချက်နဲ့အတူ ကျောင်းကို ချိတ်ပိတ်ကြောင်း သတင်းများတွင် ထုတ်ပြန်သည်။ သံဃာများကို ကားများဖြင့် ကမ္ဘာအေးဘုရားဝင်းအတွင်းသို့ ခေါ်ဆောင်သွားပြီး၊ ကျောင်းဝင်းတွင်းရှိ လူများကို တာမွေရဲစခန်းသို့ ခေါ်ယူ ထိန်းသိမ်းထားသည်ဟု ဆိုသည်။

အဆိုပါကျောင်းကို မူလက ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသသို့ ယခင်စစ်အစိုးရလက်ထက်မှာ လှူဒါန်းခဲ့ပြီးနောက် ထိုစဉ်က ဂေါပကများနှင့် ပိုင်ဆိုင်မှုအငြင်းပွားခဲ့တာကြောင့် စစ်အာဏာပိုင်များက ပြန်လည်ထိန်းသိမ်းခဲ့သည်။ ယခုလက်ရှိအစိုးရလက်ထက်တွင် ကျောင်းကြီးကို မူလသက်ဆိုင်သူ ပီနန်ဆရာတော်ကြီးထံ ပြန်လည်လွှဲအပ်သည့် သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း သံဃာမဟာနာယကများ၊ တိုင်းဒေသအာဏာပိုင်များက ပီနန်ဆရာတော်ကြီးနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသည့် အငြင်းပွားမှုများ ဖြစ်ပွားလာခဲ့သည်။ ယခု ကျောင်းကို ညတွင်းချင်း အာဏာပိုင်များက လက်နက်ကိုင်လုံခြုံရေးအဖွဲ့များနှင့် သိမ်းယူ ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သန္တိသုခကျောင်းကို အာဏာပိုင်များ ချိတ်ပိတ်၊ သံဃာများနှင့် လူပုဂ္ဂိုလ်တို့ကို ထိန်းသိမ်း

Comments are closed.