သတင်းပဒေသာ

ကံကောင်းရင် မြန်မာပြည်အလည်ပြန်ခွင့်ရမယ့် ရသအလင်းရဲ့ Facets of Art အနုပညာဟောပြောပွဲ

ကံကောင်းရင် မြန်မာပြည်အလည်ပြန်ခွင့်ရမယ့် ရသအလင်းရဲ့ Facets of Art အနုပညာဟောပြောပွဲ
 မိုးမခ
မေ ၃၀၊ ၂၀၁၄ 

၂၀ဍ္ဍ၄ ဇွန်လ ၈ရက်၊ နေ့မှာစမယ့် ရသအလင်းဖောင်ဒေးရှင်းရဲ့ တတိယအကြိမ် ရန်ပုံငွေပွဲဖြစ်တဲ့ Facets of Art အနုပညာဟောပြောပွဲလေးတွင် MAI မှ Singapore – Myanmar-Singapore (Round Trip) လေယာဉ်လက်မှတ်တစောင် ကံစမ်းမဲ ဖောက်ပေးမှာဖြစ်ပါတယ်။

လက်မှတ်များကို ၀ယ်လို့ရမယ့်အချိန်နှင့် နေရာများကို အနုပညာမျက်နှာစာများ ကြော်ငြာစာရွက်ပေါ်တွင်လည်း ဖော်ပြထားသလို အွန်လိုင်းမှ ၀ယ်ယူနိုင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ရေမြေခြားမှာ အနုရသစာပေ ငတ်မွတ်နေသူတွေအတွက်တော့ မတူညီတဲ့ အနုပညာမျက်နှာစာတွေကို တစ်စုတစ်ဝေးတည်းရင်ခုန်စီးမျောရင်း… ညနေစာ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း…… ကံကာင်းရင် မြန်မာပြည် အလည်တစ်ခေါက်ပြန်နိုင်ဖို့ အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts