ကိုရာဇာ ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း
ကိုရာဇာ
မေ ၃၀၊ ၂၀၁၄

ဒီနေ့ဗမာပြည်အရေးအရာတကာမှာ ဖိုသတ္တ၀ါတွေပဲ စိုးမိုးနေတယ်။ စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့လို့ ဒီနေ့အထိ စစ်အာဏာချိုးကပ်နေ တယ်။  မိန်းမသားတွေ တိုင်းရေးပြည်ရေးမှာ အရာမ၀င်ကြဘူး။ ထဘီအလံ မထူနိုင်ကြသေးဘူး။ လွန်ရောကျွံရော မှူးကတော် ချုပ်ကတော် တို့ရဲ့ကတော်အလံတွေပဲ ဆွေအုပ်မျိုးအုပ်နဲ့ လေ တိုးလှုပ်နိုင်ရုံလေး ဖြစ်နေကြသေးတယ်။

 ● ဦးဝင်းတင်နဲ့ ဂရုဏာတရား (ဒေါ်ဖြူဖြူသင်း)
အဘဦးဝင်းတင်ဆီကို ကျနော်အမြဲရောက်ဖြစ်တာက မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းနဲ့ အ တော်လေး ပတ်သက်တယ်။ အဘနဲ့ မဖြူတို့ စိတ်နေစိတ်ထားတူတာရှိတယ်။ အဲ့ဒါကတော့ ဂရုဏာတရားပဲ။ ဒီလိုဗြဟ္မစိုရ်တရား ထွန်း ကားလှတဲ့ လူသားနှစ်ဦးကြားမှာ နေခဲ့တဲ့ရက်တွေဟာ ဘယ်လိုမှအစားမရတဲ့ အနေအထားဖြစ်သွားပါပြီ။ အင်းစိန် ဦးမောင်မောင်ခင်အိမ်မှာ ၊ကျောက်ကုန်း ဦးအုန်းထွန်းအိမ်မှာ စိန်ချယ်လမ်းက အဘဦးလေး ဗိုလ်ကြီးမျိုးကျော်အိမ်မှာ နေ့တိုင်း အထူးသဖြင့် ညနေပိုင်းတွေမှာ အဘ ဆီရောက်ဖြစ်ခဲ့တာတွေ မနေ့ကအတိုင်းလိုပဲ ဖြစ်နေပါသေးတယ်။


အဘဟာ အမျိုးသမီးတွေရှေ့မှာ သတိထားပြီး စကားပြောတတ်ပါတယ်။ အဲ့ဒါကတော့ (သောက်တို့) ဘာတို့မပါအောင် ပြောတာပါ။ ဒါပေ မယ့် မဖြူနဲ့ ဘယ်လောက်ရင်းသွားလည်းဆိုတော့ သွေးချင်းတမျှ သားချင်းတမျှကို ရင်းသွားပါတော့တယ်။ အဘက သူ့ဆွေမျိုး အရင်း အချာများကို ကောင်မတွေလို့ခေါ်ပြီး အမျိုးသားတွေကို ကောင်တွေလို့ သုံးနှုံးတတ်ပါတယ်။

အဘကမဖြူကို မှတ်မှတ်သားသားပြောတာ ကျနော်သတိမထားမိဘူး။ တကယ့်အတွင်းသားလိုဖြစ်နေတော့ အခြားလူများလိုထူးပြီး မှတ် မထားတာလည်း ပါပါတယ်။

ပြောနေကျစကားကတော့ ဖြူဖြူသင်းက စေတနာကောင်းကွ။ အဲ့ဒါကြောင့်လည်း သူအောင်မြင်တာဆိုတာမျိုး ပြောတတ်ပါတယ်။ ကျနော် ဒီဖြူစင်စွာ ချစ်ခင်ခဲ့ကြတဲ့ မြေးအဖိုးခေါ်ခေါ်သားအဖဆိုဆိုသူတို့ နှစ်ယောက်ကြားမှာ ကျနော် ဘာမှမှတ်ချက်မပေးတတ်တော့ပါ။ စကား လုံးလည်းရှာမရပါ။ ဒီတော့ အဘက မဖြူအပေါ်ဘယ်လိုသဘောထားလည်းဆိုတာ အဘကိုယ်တိုင် မဖြူအတွက်ရေးပေးခဲ့တာ ပြန်ဖော်ပြ လိုက်ပါတယ်။

အမေအသံ ညံညံဟိန်းကြ
မိန်းမတံခွန် လူလူထူကြ
 
ဒုတိယကမ္ဘာစစ်ကြီး ပြီးစပေါ့ဗျာ။ ကျွန်တော်တို့ လူလားမြောက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ လူငယ်လူရွယ်တိုင်းလိုလို မဖတ်မဖြစ်ဖတ်ခဲ့ ရတဲ့ စာအုပ်ထွက်ခဲ့တယ်။ ကျောင်းသားခေါင်းဆောင် စာရေးဆရာသိန်းဖေရေးတဲ့ (တတ်ခေတ်နတ်ဆိုး) ၀တ္ထုစာအုပ်။
   
တတ်ခေတ်နတ်ဆိုး ကကပ်ရောဂါဆိုးတစ်မျိုးအကြောင်း ရသမြောက်ရေးဖွဲ့ခဲ့တယ်။ ဆေးဘက်ဝေါဟာရ ဗွီဒီဆိုတဲ့ ကာလသားရောဂါ အကြောင်း ၀တ္ထု။ ရသမြောက်ရေးဟန်က ၀တ္ထုကို တဟုန်းထိုး ကျော်ကြားစေခဲ့တယ်။ စာရေးဆရာက တတ်ဘုန်းကြီးဆိုတဲ့ ၀တ္ထုရေးပြန် တယ်။ လူကြိုက်များတဲ့စာအုပ်က စာရေးဆရာကို တတ်ဘုန်းကြီးသိန်းဖေရယ်လို့ ကျော်ကြားစေပြန်တယ်။ (စစ်ပြီးခေတ်မှာတော့ တတ် ဘုန်း သိန်းဖေဟာ  (သိန်းဖေမြင့်) ဖြစ်လာခဲ့တယ်။ စစ်ပြီးခေတ် နိုင်ငံရေး လောက၊ စာပေလောက၊ သတင်းစာလောကရဲ့ အကျော်မော် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ စာရေးဆရာ၊ သတင်းစာဆရာ သိန်းဖေမြင့်ပေါ့။)

ဒီအမှာစာမှာ ကျွန်တော်ရေးချင်တာက ဦးသိန်းဖေမြင့်အကြောင်းမဟုတ်ဘူး။ ဦးသိန်းဖေမြင့်လိုပဲ ဒီခေတ်မှာ ဟိုးဟိုးကျော်နေတဲ့ ဖြူဖြူ သင်းအကြောင်းပါ။

ဖြူဖြူသင်းကလည်း တက်ဘုန်းကြီးသန်းဖေလိုပဲ ခေတ်နတ်ဆိုးရောဂါတစ်မျိုးကို အလုပ်တွေနဲ့ တိုက်ဖျက်ရင်း ထင်ရှားလာတယ်။ အားလုံး သိကြတဲ့ အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ခေတ်ရောဂါဆိုးက ဗွီဒီကာလသားရောဂါထက် အဆရာထောင် ပိုလို့ဆိုးတယ်။ ရောဂါကူးလွယ် တယ်။ ဘ၀ပျက် ရက်စက်တယ်။

ဒီအမှာစာမှာ ကျနော်ရေးချင်တာက ရောဂါအကြောင်းမဟုတ်ဘူး။ ရောဂါကို လူဇာတ်သွင်း၊ ဝေဒနာရှင်တွေကို လူဇာတ်သွင်းပေးတဲ့ နိုင်ငံ ရေးသမား ‘တော်လှန်- မာန် – ညဏ် – သတ္တိခဲတစ်ယောက်အကြောင်းဖြစ်တယ်။ ကိုရာဇာတို့ရဲ့ အများခန္ဓာနဲ့ ဖျားနာနေတဲ့ကိစ္စ စာအုပ် အကြောင်းဖြစ်ပါတယ်။

အာဏာရှင်ခေတ်လူတွေက ခေတ်ရောဂါကို လူမဆန်အောင်လုပ်တယ် ရောဂါဖြစ်လာရင် သေပေရော့။ ဘ၀ပျက်ပေရော့။ ဒုက္ခကပ်ကြီး ဆိုက်ပေရော့။ လူချင်း ခွဲခြားဆက်ဆံမှုတွေ ဖိစီးလာတယ်။ လူချင်းစာနာထောက်ထားမှုတွေ ဆိတ်သုဉ်းလာတယ်။ ပတ်ဝန်းကျင်နဲ့ ဝေဒနာ ရှင်တွေအကြား ကမ္ဘာခြားသွားတယ်။

ပတ်ဝန်းကျင်ကဝေဒနာရှင်တွေကိုလူသားလိုမမြင်။ လူသားတရားကို ဆန့်ကျင်တဲ့စိတ်ထားနဲ့ တုန့်ပြန်ကြတယ်။ ပယ်လှန်ကြတယ်။ ကန် ထုတ်ကြတယ်။

ဖြူဖြူသင်းကပင်ကိုစိတ်ထား နိုင်ငံရေးသမားဖြစ်တယ်။ လူသားစိတ်ရင့်သန်တယ် စည်းရုံးအား ခိုင်မာတယ်။ ကွပ်ကဲအား သန်စွမ်းတယ်။ လူမဆန်တဲ့ရောဂါကို လူစိတ်ပြည့်ဝအောင် သွတ်သွင်းပေးနိုင်တယ်။ ဝေဒနာရှင်တွေကို လူလိုစား လူလိုနေ လူလိုရပ်နိုင်အောင် လူဇာတ် ခင်းပေးတယ်။

ဒီနေ့ ဖြူဖြူသင်းဟာ ဗမာတစ်ခွင်လုံး ကမ္ဘာတစ်ပြင်လုံးလုံး သိမှတ်လေးစားအားထားရတဲ့ ဂရုဏာရှင်ဖြစ်နေပြီ။ သူဟာ လူတွေရဲ့အသက်ရှင် ခွင့်အတွက် တိုက်ပွဲဝင်နေသူဖြစ်နေပြီ။ ဒီနေ့ပြည်သူတွေ လူနာဖြစ်နေတယ်။ ခေတ်ရောဂါသမားတွေဖြစ်နေတယ်။ လူနာတွေအားလုံးရဲ့အသက်ရှင်ခွင့်တွေကို နိုင်ငံရေးအရသူ တိုက်ပွဲဝင်နေတယ်။ ကျန်းမာရေးအရ သူတိုက်ပွဲဝင်နေတယ်။

ဖြူဖြူသင်းလို သူရဲကောင်းတစ်ယောက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမွေးထုတ်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က မွေးထုတ် ပေးခဲ့တယ်။ သူဟာ လူမှုရေးကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင်၊ နိုင်ငံရေးဇွဲသတ္တိနဲ့ လုပ်ခဲ့တယ်။ သူဟာလူမှုရေးမှာရော နိုင်ငံရေးမှာပါ ထွန်းပေါက်အောင်မြင်သူ ဖြစ်နေတယ်။ ဒီချုပ်နိုင်ငံရေး လူမှုရေးလှုပ်ရှားမှုတွေမှာ သူ့လို လူငယ်မိန်းမသား၊ သူ့လို လူငယ်အားသစ်၊ သူ့လို ဂရုဏာရှင်ဟာ သူတစ်ယောက်ပဲရှိတယ်။ ဒါဟာ အားလုံးအတွက် ဂုဏ်ယူစရာပဲ။

ဒီနေ့ဗမာပြည်အရေးအရာတကာမှာ ဖိုသတ္တ၀ါတွေပဲ စိုးမိုးနေတယ်။ စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့လို့ ဒီနေ့အထိ စစ်အာဏာချိုးကပ်နေ တယ်။  မိန်းမသားတွေ တိုင်းရေးပြည်ရေးမှာ အရာမ၀င်ကြဘူး။ ထဘီအလံ မထူနိုင်ကြသေးဘူး။ လွန်ရောကျွံရော မှူးကတော် ချုပ်ကတော် တို့ရဲ့ ကတော်အလံတွေပဲ ဆွေအုပ်မျိုးအုပ်နဲ့ လေတိုးလှုပ်နိုင်ရုံလေး ဖြစ်နေကြသေးတယ်။

ကမ္ဘာမှာ၊ ဗမာမှာ အမေတွေ၊ နှမတွေ ရုန်းထလာနေကြပြီ။ လူဦးရေအရအင်အားတွေ တိုးလာနေကြပြီ။ ပိုင်ခွင့်တွေတောင်းနေကြပြီ။

ကျနော်တို့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသစ်တည်ထောင်နေကြတယ်။ ထဘီစော်လောက်ပဲနံတဲ့ ကတော်နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ အမေသံညံညံဟိန်းတဲ့ မိန်းမသားနိုင်ငံရေး ထွန်းကားအောင်လုပ်နေတာ။

မိန်းမတံခွန်ထူကြ ….
အောင်ဆန်းစုကြည်မျိုးသစ်တွေ ပေါက်ဖွားကြ …
ဖြူဖြူသင်းလို မျိုးဆက်တွေ ထွန်းကားကြ …

အမေတစ်ခေတ်ဆန်း နှမတစ်ခေတ်ဆန်း မိန်းမတံခွန် တစ်ခေတ်ဆန်းကို ကျနော်တို့ လက်မောင်းမြောက်တန်း လက်သီးဆုပ်ယမ်းပြီး ၀မ်း ပန်းတသာကြိုဆိုကြပါစို့။    ။

ဟံသာဝတီဦးဝင်းတင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts