Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – River Ayeyarwaddy ရဲ့ ဒုတိယအကြိမ် ပန်းချီပြပွဲ

River Ayeyarwaddy ရဲ့ ဒုတိယအကြိမ် ပန်းချီပြပွဲ 
ရန်နောင် (ဗိုလ်တထောင်)
မေ ၂၇၊ ၂၀၁၄

ရန်ကုန်မြို့ အမှတ် ၁၃၄၊ ၃၅လမ်း အလယ်ဘလောက်ရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် ဒုတိယအကြိမ် အုပ်စုလိုက်ပန်းချီပြပွဲကို ၂၀၁၄ မေလ ၂၄ ရက်နေ့ မှစတင်၍ ၃၁ ရက်နေ့အထိ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။
 
အဆိုပါ ပန်းချီပြပွဲတွင် ဦးအောင်သိန်း၊ ဦးဘဝင်း၊ ဦးဟန်ထွန်းအောင်၊ ဦးလှမြင့်၊ ဦးလှသိန်းအောင်၊ ဦးလှတင်ထွန်း၊ ဦးကောင်းစံ၊ ဦး ကျော်ဖြူစံ၊ ဦးကြည်ဝင်း (ရန်ကင်း)၊ ဦးမြသောင်း၊ ဦးမောင်မောင်သိန်း (ပုသိမ်)၊ ဦးပြည်စိုးမြင့်၊ ဦးစောလှိုင်၊ ဦးသန်းလှ၊ ဦးသန်းဝင်း၊ ဦးသန်းဝင်းထွန်း၊ ဦးသိန်းကျော်၊ ဦးသက်ညွန့်၊ ဦးဇော်ဝင်းလှိုင်၊ ကိုခိုင်သင်းသာ၊ ကိုနေထွန်းတို့၏ပန်းချီကား ၈၇ ကားကို ချိတ်ဆွဲပြသ ထားပါတယ်။

ပန်းချီကားများမှာ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် စသည်ဖြင့် မျိုးစုံလှပြီး ဈေးနှုန်းမှာလည်း လေးသိန်း မှ တသောင်းခွဲ အထိရှိသဖြင့် သင့် တော်သောဈေးနှုန်းဖြစ်သောကြောင့် ဝယ်ယူသူများ အကြိုက်တွေ့သောပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပြခန်းတာဝန်ခံ တစ်ဦးဖြစ်သူ မဖြူအိသိမ်းအား ပြပွဲနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်’’ ကျွန်မတို့ ပြခန်းလေးကဖွင့်တာမကြာသေးတော့ လူသိများအောင် တစ်လတစ်ကြိမ်လောက်လုပ်ဖြစ်တဲ့သဘောပါ။ ပြပွဲမှာပါဝင်ပြသတဲ့ ပန်းချီဆရာတွေနဲ့အတူ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုလည်း ကျွန်မတို့ ပြင်ဆင်ဖို့ လက်မှတ်ထိုးတာတွေလည်းလုပ်မှာပါ” ဟု ပြောကြားခဲ့ပါတယ်။

ပြပွဲကို မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ထားပြီး မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts