ကဗျာ

မင်းညွှန့်လှိုင် – ကောင်းမွန်သော စီမံခန့်ခွဲမှု

ကောင်းမွန်သော စီမံခန့်ခွဲမှု
မင်းညွှန့်လှိုင်
မေ ၂၅၊ ၂၀၁၄
 

အချိန်နှင့်တစ်ပြေးညီ
မီးတောက်တွေပန်းထုတ်နေတဲ့ပါးစပ်ကြီးတော့လား
ခြံပေါက်ဝမှာ
အစောင့်တစ်ကောင်လိုပစ်ချထားမယ်။

ဝက်မြီးလိုအငြိမ်မနေ
တွေ့ကရာထိုးထိုးနေတဲ့ဒင်းလက်ညှိုးကိုတော့
အသားစားတိရစ္ဆာန်တမျိုးမျိုးထံ
သွေးစစ်ဆေးရန်ပေးပို့ရမှာပေါ့။

လျင်မြန်ဖျတ်လတ်မှုကို
အလွန်အမင်းလိုလားသူလူကြီးမင်းအား
မျောက်လှောင်အိမ်မှာနေရာချထားမယ်။

ငါ့ပုခုံးပေါ်ကလက်မည်းကြီးကိုပုတ်ချမယ်
ငါ့ဒိန်ခဲကိုငါရွှေ့မယ် ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts