ဆောင်းလူ

ဆောင်းလူ – အ ကျ င့်

အ ကျ င့်
ဆောင်းလူ
မေ ၂၃၊ ၂၀၁၄
 
 

စပြီး ပျက်လာလိုက်တာ … ပြင်ဖို့တောင် မေ့နေတယ် …။

အမှန်က မေ့တာမဟုတ် …။ မသိချင်ယောင်ဆောင်နေခြင်းလို့သာ ယိုးစွပ်လိုလှသည်။ မှန်သည် …မေ့ခြင်းမဟုတ်..မေ့လောက်အောင်ပင် …ဖြစ်စရာကိစ္စလည်း မဟုတ် …။ သို့သော် … မေ့ချင်ယောင်ဆောင်နေခြင်းတို့သည်ပင် ပျက်စီးပျက်စီးကြောင်းတို့၏ အစဟု ယူဆလျှင်ကား ရပေလိမ့်မည်ဟု မှတ်ချက် ချရပေမည်။
+++++

ပြောမယ့်သာ ပြောသည် …။

ခုတလော … သောက်ကျင့်တို့သည် မကောင်း …ကိုယ့်ခြေကိုယ့်လက် အကောင်းပကတိကြီးနှင့် ဒုက္ခိတမဟုတ်သော်ငြား သုံးပြီးသား ဇွန်း၊ ခွက်ယောက်တို့ကို ပစ်ပစ်ထားခြင်လာသည် …။

ခုတလော သောက်ကျင့်တို့သည် မကောင်း …
သူများနှာခေါင်းပေါက်နှင့် အသက်ရှုရမှ ကျေနပ်တတ်လာသည် …။

ခုတလော သောက်ကျင့်တို့သည် မကောင်း …
အုပ်စုဘောင်ဖွဲ့ပြီး … အတင်းအဖျင်း ပြောချင်လာသည် …။

ခုတလော သောက်ကျင့်တို့သည် မကောင်း …
လုပ်လက်စ အလုပ်တွင် ရေသာခို အချောင်လိုက် … နေလိုက်ရမှ ကျေနပ်တတ်လာသည်။

ခုတလော သောက်ကျင့်တို့သည် မကောင်း …
ယူရမည့် အခွင့်အရေးတို့ကို ကျားချောင်း ချောင်းမြောင်းတတ်လာသည် …။

ခုတလော သောက်ကျင့်တို့သည် မကောင်း …
ထမင်းစား ၁ နာရီ၊ ဆေးလိပ်သောက် ၁ နာရီ၊ ကော်ဖီသောက် ၁ နာရီနှင့် တနေ့ ၈ နာရီအလုပ်ကို ဖြတ်ညှပ်ကပ် လုပ်လုပ်ပစ်တတ်သည်။

ခုတလော …
ထိုတလော …
ဤတလော … ဤကဲ့သို့သော ကာလများတွင် … ကျွန်ုပ်၏ မကောင်းသော သောက်ကျင့်တို့သည် တနေ့ထက် တနေ့ ပိုပိုများများလာလေ၏ …။

လူသူလေးပါး ထူထပ်သော ဤအရပ်တွင် .. ကျွန်ုပ်၏ သောက်ကျင့်များ …အခြားသောသူများထံသို့ … မထင် မထင်သလို ကူးစက်သွားမည် စိုးလှသည်မှာ … အထူး ပြောဖွယ်ရာ မရှိလေပြီ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts