Suu L Linn သတင်းပဒေသာ

နွမ်းပါးသည့် ရုပ်ရှင်အစည်းအရုံးဝင်များ၏ သား/သမီးများ ပညာသင်စရိတ်လျှောက်ထားနိုင်

နွမ်းပါးသည့် ရုပ်ရှင်အစည်းအရုံးဝင်များ၏ သား/သမီးများ ပညာသင်စရိတ်လျှောက်ထားနိုင်
ဆူးအယ်လ်လင်း ။ ရန်ကုန် မေ၂၁။ ၂၀၁၄

ကျောင်းအပ်ရာသီဖြစ်သည့်အတွက် ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ စတင်ထောက်ပံ့ခဲ့သည့် ရုပ်ရှင်အအစည်းရုံးဝင် မိသားစုများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့စရိတ်များကို ရုပ်ရှင်အစည်းအရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်သည်ဟု ရုပ်ရှင်အစည်းရုံးမှ ဒုဥက္ကဋ္ဌ  ဦးအေးကြူလေးက မေလ ၂၀ရက်က မိုးမခသို့ ပြောသည် ။

“ကျောင်းဝင်တာ တချို့က ၀င်ကြေးမပေးနိုင်ဘူးလေ။ စက်ကိုင်တို့  အခြားအရံသရုပ်ဆောင်တို့ပေါ့” ဟုဆိုသည်။

ပညာသင်ထောက်ပံ့ကြေးငွေကို သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ  ထောက်ပံ့ပေးခြင်းဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးဝင် မိသားစုများ၏သားသမီးများကိုသာ ထောက်ပံ့ပေးမည်ဖြစ်သည်ဟု  ၎င်းက ဆက်၍ပြောသည်။

လိုအပ်သောအချက်လက်များမှာ  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်ကဒ် မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ ကျောင်းသားထောက်ခံစာ ၊ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ စသည်တို့လိုအပ်သည်ဟုသိရသည်။ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ထောက်ပံ့ကြေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများအား ဂုဏ်ထူးအလိုက် ပညာသင်ဆုထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ယခင်ကပညာသင်ဆုအနေဖြင့် ဂုဏ်ထူးတစ်လုံးလျှင် ကျပ်ငါးထောင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခု အတိကျမသိရသေးကြောင်းနှင့် နှစ်စဉ်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts