ရသဆောင်းပါးစုံ

ထင်အောင် – ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေးလုပ်​စား​နေသူများ

ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေးလုပ်​စား​နေသူများ
ထင်အောင်
မေ ၈၊ ၂၀၁၄

 

 
 

နိုင်​ငံ​ရေးလုပ်​စားတဲ့သူ​တွေဟာ​ ခေတ်​အဆက်​ဆက်​ရှိ​နေတာ သိခဲ့ဘူးပါတယ်​။ ကွန်​မြူနစ်​ဝါဒကို အ​ကောင်းဆုံးဝါဒစံနစ်​လို့ ယုံကြည်​ပြီး​တောထဲကို​ရောက်​​တော့မှ ကွန်​မြူနစ်​စံနစ်​ရဲ့ ချို့ယွင်းချက်​​တွေကို​ထောက်​ပြကာ ဆိုရှယ်​လစ်​အစိုးရလက်​ထက်​ သ​ဘောတရားပညာရှင်​​တွေ၊ စီးပွား​ရေးပညာရှင်​​တွေအဖြစ်​ ရာထူးစည်းစိမ်​ခံစား​နေကြသူများကိုလဲ နိုင်​ငံ​ရေးလုပ်​စားသူအဖြစ်​ မြင်​မိပါတယ်​။ သူတို့တီထွင်​ခဲ့​သော ဆိုရှယ်​လစ်​စီးပွါး​ရေးစံနစ်​ဆိုးကြီး​ကြောင့်​ ပြည်​သူများဆင်းရဲခြင်းဒုက္ခပင်​လယ်​ထဲမှာ နှစ်မြှုပ်​ခံ​နေရချိန်​မှာ ပညာရှင်​များက ဘွဲ့ထူးဂုဏ်​ထူးများလက်​ခံရရှိပြီး မ​တောင့်​မတ မ​ကြောင့်​မကျဘဲ ဇိမ်​နဲ့လူစဉ်​မှီမှီ​ နေထိုင်​နိုင်​ခဲ့ကြပါတယ်​။ သူတို့ကိုကြည့်​ကာ ဒါ​ကြောင့်​လဲ နိုင်​ငံ​ရေး လုပ်​စားသူ​တွေများလာတာပါလားလို့ အသိတရားရလိုက်​ပါတယ်​။ ဝါဒတခုကို တကယ်​ယုံကြည်​ကာ အတိုက်​အခံပြုလုပ်​​နေသူများက ဆင်းရဲတွင်းနက်​​နေချိန်​မှာ အာဏရပါတီကို​ ခေါင်းညွှတ်အရှုံး​ပေးသူများက ​ခေါင်းတ​ထောင်​​ထောင်​နဲ့​ အောက်​​ခြေလွတ်​​နေတာကိုလဲ သတိပြုမိလိုက်​ပါတယ်​။

ဘာမဟုတ်​တဲ့ တက္ကသိုလ်​ကလပ်​စည်းတခုမှာ ​နေရာ​လေးရလိုက်​တာနဲ့ ဟန်​ထုတ်​​နေတဲ့ဆရာ​တွေ၊​ ရာထူးအဆင့်​မြင့်​မြင့်​ရချင်​တဲ့ ဆရာကြီး​တွေ၊ ရုံးဝန်​ထမ်း​တွေအားလုံးဟာ မိမိကိုယ်​ကျိုးအတွက်​ ပါတီကိုချစ်​ပြ​နေသူ​တွေ ဖြစ်​ကြပါတယ်​။ ဒီလိုနဲ့ နှစ်​​တွေကြာလာတဲ့အချိန်​ကာလ တခုမှာ ဆိုရှယ်​လစ်​ပါတီကအ​ရေအတွက်​ကို ဦးစား​ပေတဲ့ကာလ​ရောက်​လာပါတယ်​။ ပါတီဝင်​တ​ယောက်​က လူဘယ်​နှစ်​​ယောက်​ စည်း ရုံးရမဲ့ဆိုတဲ့အမိန့်​ ထွက်​လာတယ်​။ အားလုံးမှာပါတီ ဝင်​နံပါတ်​ရှိ​နေကြ​တော့ နံပါတ်​မဲ့ကျွန်​​တော်​ကို ဆန္ဒမ​မေးဘဲနဲ့ သူတို့ဟာသူတို့ ပုံစံကို ဖြည့်​တင်​လိုက်​ပါတယ်​။ ကိုယ်​​ရေးအချက်​အလက်​​တွေကလဲ ရုံးမှာအဆင်​သင့်​ရှိ​နေ​တော့ ကူး​ရေးလိုက်​မှာ​ပေါ့။ လူတ​ယောက်​စည်းရုံးနိုင်​တိုင်း သူတို့ဂုဏ်​သိက္ခာတက်​ပုံရပါတယ်​။ ဒီအ​မွေကို ပါတီက​နေ တပ်​မ​တော်​က ဆက်​ခံယူလိုက်​ပါတယ်​။ ဗိုလ်​မှူးတ​ယောက်​က​နေ ဒုတိယဗိုလ်​မှူးကြီးရာထူးတက်​ဖို့ တပ်​သားသစ်​နှစ်​​ယောက်​ စု​ဆောင်း​ပေးရတဲ့အ​မွေပါ။ ကျွန်​​တော်​က​တော့ ဘာမှမ​ရေးမသွင်းမဖြည့်​သွင်း ရဘဲ အရန်​ပါတီဝင်​ဖြစ်​ခဲ့ပါတယ်​။ အရန်​ပါတီဝင်​နံပါတ်​တခုလာ​ပေး​တော့မှ သူတို့ရဲ့စေတနာကို သိလိုက်​ရပါတယ်​။ လက်​ဖက်​ရည်​​တောင်​တိုက်​လိုက်​ပါ​သေးတယ်​။ အခု​ခေတ်​လို​ပြောရရင်​​တော့ လက်​ဖက်​ရည်​တခွက်​တိုက်​ပြီး အညမညသ​ဘောတရား​တွေ ရွတ်​ခိုင်း​တော့မယ်​​ပေါ့။ ကျွန်​​တော်​က နံပါတ်​ကို ဒိုင်​ယာရီထဲမှာ​ ရေးမှတ်​ထားလိုက်​ပါတယ်​။ ခေါင်းထဲမှာမမှတ်​ထား​တော့ အခုဒီနံပါတ်​ကို မသိ​တော့ပါဘူး။ ဒါ​ပေမဲ့ ရာထူးတဆင့်​တိုးဘို့က ဒီနံပါတ်​လို​သေးတယ်​​လေ။ ရာထူးတိုးရန်​ ပုံစံစာရွက်​​တွေကိုဖြည့်​ရင်​​ သေချာ​ပေါက်​ ဒီကိန်းဂဏန်းကိုသုံးရမှာ​လေ။ ပါတီအတွက်​ နှစ်​စဉ်​​ကြေးကလည်း သူတို့က​​​ပေးထားလို့ ကျွန်​​တော်​က​မ​ပေးရ​တော့ဘူး။ ပိုက်​ဆံလည်းမကုန်​ လက်​ဖက်​ရည်​လဲ​သောက်​ရ၊ တသက်​လုံးမဝင်​ဘူးလို့စိတ်​ကူးထာတဲ့ ပါတီဝင်​လဲဖြစ်​သွားရ၊ ဘယ်​​လောက်​အကျိုးများတဲ့ စည်​ရုံး​ရေးစံနစ်​လဲဆိုတာ စဉ်း စားကြည့်​ပါ​တော့ဗျာ။

ဆရာဖြစ်​လာ​တော့ ဘာသာရပ်​​ပေါင်းဆုံက နည်းပြသရုပ်​​တွေနဲ့ အ​ပေါင်းအသင်း​တွေဖြစ်​လာတာ​ပေါ့ဗျာ။ ဝါ သနာ ပါသူ​တွေစု​ဝေးရင်း စာ​စောင်​​လေးတ​ဆောင်​ထုတ်​ဖို့ သ​ဘောတူကြပါတယ်​။ ထုံးစံအတိုင်း စာ​စောင်​ဆို​တော့ လွယ်​လွယ်​ကူကူနဲ့ ဘယ်​သ​ဘောတူပါမလဲ။ ကျောင်းက အုပ်​ချုပ်​​ရေးဆိုင်​ရာ တာဝန်​ရှိသူ​တွေက​ ဒေသဆိုင်​ရာအာဏာပိုင်​အဖွဲ့အစည်းဖြစ်​တဲ့​ ဒေသ​ကော်​မီတီကို တင်​ပြရတာ​ပေါ့ဗျာ။ ကံ​ဇာတတက်​​နေချိန်​ဆို​တော့ လွယ်​လွယ်​ကူကူနဲ့ ခွင့်​ပြုလိုက်​ပါတယ်​။ ဒါ​ပေမဲ့ သူတို့ပါတီတည်​​ထောင်​တဲ့ ဂျူလိုင်​လမှာ စထုတ်​ဖို့​ပြောပါတယ်။ ​အောင်​ပင်​လယ်​ဆိုတဲ့ဘ​လောက်​တုံးကို လူထုတိုက်​က မတင်​ဝင်းဆီမှာ သွားအပ်​ပါတယ်​။ တပတ်​ကို​ စောင်​​ရေငါး ရာထုတ်​မယ်​လို့ ဆုံးဖြတ်​ကြပါတယ်​ ။ရောင်း​ဈေးက ငါးမူး (ပြားငါးဆယ်​)။ ဂျာနယ်​အတွက်​ အယ်​ဒီတာအဖွဲ့ကိုလဲ ဖွဲ့ရ​သေးတယ်​။ အစဉ်​အလာအတိုင်းပါပဲ။ ပါတီဝင်​တ​ယောက်​က ဦး​ဆောင်​တာ​ပေါ့ဗျာ။ မြန်​မာစာဌာန၊ အင်္ဂလိပ်​စာဌာနကလူ​တွေက မပါမဖြစ်​​ပေါ့။ ဒီကြားထဲမှာ သင်္ချာဌာနနဲ့ ဓာတု​ဗေဒဌာန က နှစ်​​ယောက်​ပါလာပါတယ်​။ နောင်​​တော့ သူတို့နှစ်​​ယောက်​က စာမှန်​မှန်​​ရေးသူ​တွေဖြစ်​လာပါတယ်​။ စာ​စောင်​အတွက်​ ပထမဖ​ယောင်း​ပေါ်မှာလက်​​ရေးနဲ့ စာမူ​တွေကို ကူး​ရေးရပါတယ်​။ လူတိုင်း မ​ရေးတတ်​ပါဘူး။ ဖ​ယောင်း​စာရွက်​​အ​ပေါ်မှာ ကညစ်​နဲ့​ရေးရတာပါ။ မ​ရေးတတ်​ရင်​ ဖ​ယောင်းစာရွက်​ပြဲသွားတတ်​ပါတယ်​။ ထိုအချိန်​က ဖ​ယောင်းစာရွက်​က အင်​မတန်​ရှားပါးပြီး​ ဈေးကြီးလှပါတယ်​။ မပျက်​မစီးရ​အောင်​ ကျွမ်းကျင်​သူပညာရှင်​ကို​ ရေးခိုင်းရပါတယ်​။ ကံ​အား​လျှော်​စွာ မြင့်​​အောင်​ချစ်​ဆို​သော​ကျောင်းသား​လေးက ပန်းချီဆွဲတတ်​သလို ဖ​ယောင်း​ပေါ်မှာ​ ကောင်းစွာ​ရေးတတ်​သူဖြစ်​​နေပါတယ်​။ သူ့ကို အကူအညီ​တောင်းရပါ​တော့တယ်​။ စာမူ​တွေ၊ ကာတွန်း​တွေ၊ ​အယ်​ဒီတာအာ​ဘော်​ဆုံ​တော့မှ ​ရေးမဲ့ နေရာမရှိဘူး ဖြစ်​​နေပြန်​ပါတယ်​။ အယ်​ဒီတာတဦးဖြစ်​​နေတဲ့ မြန်​မာစာဌာနက ဦးစိန်​သီးဦးက ​ဗောဓိကုန်းက သူအိမ်​မှာ စာကူးစက်​လဲရှိ​နေ​တော့ သူအိမ်​မှာ​ ရေးခွင့်​​ပေးပါတယ်​။ ည​နေ ၇ နာရီမှာ လူဆုံ​တော့ ဖ​ယောင်း​ဖောက်​တဲ့အလုပ်​စကြပါတယ်​။ စာ​စောင်​က ဖူးစကက်​စာရွက်​သုံးရွက်​ကို တဝက်​ချိုးလိုက်​ပြီး စာမျက်​နှာ ၁၂ မျက်​နှာဖြစ်​​အောင်​လုပ်​ထားတဲ့ပုံစံရှိပါတယ်​။ ရှေ့ဆုံးစာမျက်​နှာရဲ့​လေး ပုံတပုံက ​အောင်​ပင်​လယ်​စာ​စောင်​ဆိုတဲ့ဘ​လောက်​က​ နေရာယူထားပါတယ်​။ ကျန်​တဲ့​နေရာက မျက်​နှာဖုံးပုံစံ သရုပ်​​ဖေါ်ပုံဆွဲဘို့စိတ်​ကူး ကြပါတယ်​။ မန္တ​လေးတိုင်း​ဒေသ ​ကောလိပ်​ မန္တ​လေးဆိုတဲ့စာသားရယ်​၊ ဇူလိုင်​လမှာစထုတ်​လို့ ဇူလိုင်​ဆိုတာရယ်​၊​ အောင်​ပင်​လယ်​စာ​စောင်​ဆိုတာ​တွေကို ပုံစံအမျိုးမျိုးနဲ့​ရေးဘို့ သ​ဘောတူကြပါတယ်​။ နောက်​ဆုံးစာမျက်​နှာမှာ​တော့ ကာတွန်း​လေးကွက်​ထည့်ဖို့ စိတ်​ကူးရှိကြပါတယ်​။ အတွင်းစာမျက်​နှာ​တွေမှာ​ ဆောင်းပါး​တွေ​ပေါ့ဗျာ။ အယ်​ဒီတာအာ​ဘော်​ဖတ်​လိုက်​​တော့ အ​တော်​စိတ်​ညစ်​သွားပါတယ်​။ ဆိုရှယ်​လစ်​ပါတီတည်​​ထောင်​တဲ့​နေ့ကို ဂုဏ်​ပြုပြီးစာ​စောင်​ကိုထုတ်​လုပ်​ပါသည်​ဆိုပြီး​ ရေးထားပါတယ်​။ ဆောင်းပါး​တွေကလဲ​ ရှေ့သို့၊ အလုပ်​သမားဂျာနယ်​​တွေထဲမှာပါတဲ့​ဆောင်းပါ​တွေလို ဖြစ်​​နေတယ်​။ ဘုန်း​တော်​ဘွဲ့​ဆောင်းပါး​တွေ​ပေါ့။ ကဗျာကလဲ အလုပ်​သမား​ခေတ်​လယ်​သမား​ခေတ်​​ရောက်​ပြီဆိုတဲ့စာသား​တွေနဲ့ မလွတ်​ပါဘူး။ ဘယ်​တတ်​နိုင်​ပါမလဲ။ မနက်​ဖန်​ထွက်​​အောင်​ အပြီး​ရေးရမှာပါ။ တကယ်​ပင်​ပန်း တာက ​ရေးရတဲ့က​လေးပါ။ နောက်​ဆုံး ရေးတာက မျက်​နှာဖုံးပါ။ ရေးတဲ့သူကလဲ အိပ်​ငိုက်​​နေ​တော့ ကျွန်​​တော်​တို့လိုချင်​တဲ့စာလုံး​တွေကို ပန်းချီဆန်​ဆန်​​ ကောက်​ခြစ်​​နေတာကို​ တွေ့ရပါတယ်​။ ရေးပြီးတဲ့ဖ​ယောင်း​တွေကို ချက်​ချင်းစာကူးစက်​နဲ့လှည့်​ပါတယ်​။ အဖုံးကိုလှည့်​ပြီး တာနဲ့ စာ​စောင်​​တွေကိုစီပြီး ထုတ်​ပိုးရပါ​တော့တယ်​။ ဖြန့်​ချိမဲ့သူ​တွေဆီကို စာ​စောင်​​တွေ​ပေးပြီး ခဏ​မှေးမလို့ကြံ​နေတုံး စာ​စောင်​ကိုဖြန့်​ချိ ခွင့်​မ​ပေးဘူးလို့ လာ​ပြောပါတယ်​။ ပြစ်​ချက်​က မျက်​နှာဖုံးမှာအလှဆင်​လိုက်​တဲ့ ဇူလိုင်​ဆိုတာ ခုနစ်​လုံးဖြစ်​​နေလို့တဲ့ဗျာ။ ကံဆိုးတာက​ရေးတဲ့​ကျောင်းသား​လေးပါ။ ဘာရည်​ရွယ်​ချက်​နဲ့​ ရေးတာလဲ၊ ဘယ်​သူက​ရေး ခိုင်းသလဲလို့ အ​မေးခံရ​တော့တာ​ပေါ့။ ကံ​ကောင်းတာက ဘုန်း​တော်​ဘွဲ့​ရေးသူ​တွေက အဖွဲ့ထဲမှာပါ​နေတာရယ်​၊ ညက သူတို့လဲရှိ​နေ​တော့ အန္တရာယ်​​ဘေးက ကင်းခဲ့ရတယ်​။ ဒုတိယအကြိမ်​ထွက်​ပြီး​တော့ စာ​စောင်​ လုံးဝရပ်​သွားပါတယ်​။ ဒီစာ​စောင်​​ကြောင့်​ စာရူး​ ပေရူး​လေး​တွေက အဖွဲ့ကြကာ လက်​​ရည်သွေးကြရင်း စိန်​သီးဦး၊ မြင့်​သိန်း (ကိုချစ်​)နဲ့ ကျွန်​​တော်​တို့က စာဆက်​​ရေးဖြစ်လာကြပါ​တယ်​။ နိုင်​ငံ​ရေးလုပ်​စားသူ​တွေဟာ ဘာမဟုတ်​တဲ့​ ကျောင်းစာ​စောင်​​လေးကို​တောင်​​ ကြောက်​နေပါလားဆိုတာကို သိလိုက်​ရပါတယ်​။

ကျွန်​​တော်​ဆန္ဒက စာ​စောင်​မှာ သတင်း​တွေ၊​ ကျောင်းသား​တွေအတွက်​ လိုအပ်​ချက်​​တွေကို ထည့်ပေးချင်​တာဖြစ်​ပါတယ်​။ ပိတ်​သွားတဲ့ ဟံသာဝတီသတင်းစာအစား သတင်း​လေး​တွေ​ ပေးချင်​တာပါ။ ကာတွန်း​လေးကွက်​မှာ တကွက်​က အပိတ်​ခံရပါ​သေးတယ်​။ ဖ​ယောင်း စာရွက်​​ပေါ်မှာ ဖ​ယောင်းပိတ်​​ဆေး​တွေနဲ့ ပိတ်​လိုက်​ရတာ​ပေါ့။ သူတို့က​တော့ သတိဝီရိယနဲ့စိစစ်​တယ်​လို့​ပြော​နေ​ပေမဲ့ သူတို့​ကြောက်​​နေတယ်​ဆိုတာကိုသိ​နေရပါတယ်​။ ဆိုရှယ်​လစ်​စီးပွား​ရေးမှာ အဓိက​ထောင့်​တ​နေရာမှာပါတဲ့ သမဝါယမအဖွဲ့​တွေက တက္ကသိုလ်​​ကောလိပ်​​တွေမှာပါ ဖွဲ့စည်းထားရပါတယ်​။ ကျောင်းသား​တွေ ဝန်​ထမ်း​တွေရဲ့သက်​သာ​ချောင်​ချိ​ရေးအတွက်​ဖွဲ့ရတာလို့​ပြောပါ တယ်​။ အလကားသက်​သာ​အောင်​လုပ်​​ပေးတာမဟုတ်​ပါဘူး။ အသင်းဝင်​​ကြေး​ပေးတဲ့သူ​တွေကိုသာ ​ပေးတာပါ။ မူဝါဒအရ ဝန်​ထမ်းတိုင်းဟာ သမအဖွဲ့ဝင်​ဖြစ်​​စေရမည်​​လို့ မပါပါဘူး။ ဒါ​ပေမဲ့ လစာထုတ်​​ပေးတဲ့​နေရာက ပိုက်​ဆံကို ဖြတ်​ယူထားလိုက်​​တော့ ဝန်​ထမ်းတိုင်း အသင်းဝင်​ဖြစ်​သွားတာ​ပေါ့။ လစာ ၃၅၀ ကျပ်​​ ကျော်​​ကျော်​​လေးရတဲ့ ဝန်​ထမ်း​တွေအတွက်​​တော့ ၂၅ ကျပ်​ အဖြတ်​ခံရတာ မနဲပါဘူး။ တလတခါ​တော့ ဆန်​​ခြောက်​ပြည်​၊ အဝတ်​​လျှော်​ ဆပ်​ပြာနှစ်​​တောင့်​၊ ဖ​ယောင်းတိုင်​တထုတ်​၊ ဆီ ၂၅ ကျပ်​သား စသဖြင့်​ ရတတ်​ပါတယ်​။ သမ​ကော်​မီတီ​တွေက သက်​သာ​ချောင်​ချိ​ရေးအတွက်​ သက်​သာလက်​ဖက်​ရည်​ဆိုင်​ဖွင့်​ဘို့ စီစဉ်​​နေကြပါတယ်​။ ဆိုင်​ဖွင့်​ဘို့ ဝန်​ထမ်းတ​ယောက်​ ၂၅ ကျပ်​ထည့်ရပြန်​ပါတယ်​။ ပထမလက​တော့ အရသာ​ကောင်း​ကောင်း မုန့်​​​ကောင်း​ကောင်းနဲ့ လူစည်​​နေတာ​ပေါ့။ လကုန်​​တော့ အမြတ်​ငါးကျပ်​လား ပြန်​ရ​သေးတယ်​။ခြောက်​လ​လောက်​ကြ​တော့ အရသာကညံ့လာ၊ မုန့်​က မစုံနဲ့ ဆိုင်​မှာလူမရှိ​တော့ပါဘူး။ ဒီ​တော့ ဆိုင်​ကိုပို​ကောင်း​အောင်​လုပ်​ဖို့ တ​ယောက်​ ၂၅ ကျပ်​ဆီထပ်​ထဲ့ရပြန်​ပါတယ်​။ အဲဒီကစ အမြတ်​လဲမရ၊ အရင်းလဲ ပြန်​မရ​တော့ပဲ ဆိုင်​သာပြုတ်​သွားပါတယ်​။ ​နောင်​မှသိရတာက ​ကော်​မီတီဝင်​တွေကရတဲ့နို့ဆီ​တွေကို ထုတ်​​ရောင်းတာ တလ တလ အ​တော်​ရကြပါတယ်​လို့ ဆိုပါတယ်​။ ဖျက်​လိုက်​တဲ့ဆိုင်​အ​ဟောင်းကို​ ရောင်း တာလဲ သူတို့အိပ်​ထဲဝင်​သွားပါတယ်​။ ဒါကြောင့်​လဲ နိုင်​ငံ​ရေးလုပ်​စားလို့ရတဲ့​ ကော်​မီတီဝင်​ဖြစ်​ချင်​ကြတာပါလားလို့ ထပ်​သိလာရပြန်​ပါတယ်​။

ဝန်​ထမ်း​တွေလဲဆန်​ပဲရ​တော့တယ်​။ ကျန်​တာ​တွေက ထုံးစံအတိုင်း​ ကော်​မီတီ​တွေ ထုတ်​​ရောင်းမှာ​ပေါ့။ မ​ကျေနပ်​ချက်​​ အနာ​ တွေခံစား​နေ ရတဲ့ပြည်​သူပြည်​သား​တွေဟာ​ ငွေစက္ကူ​တွေကို တရားမဝင်​ဘူး​လို့​ ကြေငြာလိုက်​ကထဲက ပါတီနဲ့အစိုးရကို အလိုမရှိဖြစ်​​နေကြပါပြီ။ စက်​မှုတက္ကသိုလ်​​ကျောင်းသား ဘုန်း​မော်​ကို စစ်​တပ်​ကပစ်​လို့​သေသွားရပြီဆိုတဲ့သတင်းက တပြည်​လုံးပြန့်​သွားပြီး ပါတီနဲ့အစိုးရကို​ အ​သေ ခံပြီး ဆန္ဒ​ဖေါ်ထုတ်​ချင်​တဲ့သူ​တွေများလာပါတယ်​။ လူ​တွေကို လူ​တွေလို့မသတ်​မှတ်​ပဲ အစိုးရကထုတ်​တဲ့အမိန့်​ကို အတင်းလိုက်​နာခိုင်း​နေတာကို လူထုကသီးမခံနိုင်​​တော့တာကို ပါတီကအမာခံလူ​တွေက မယုံကြည်​ကြ​သေးပါဘူး။ ထစ်​ကနဲဖြစ်​တာနဲ့ စစ်​တပ်​နဲ့အင်​အားပြ၊ ပုဒ်​မ ၁၄၄ ထုတ်​၊ ညမထွက်​ရ​ကြေငြာဆိုတဲ့ ပုံ​သေနည်းအတိုင်းလုပ်​​နေပါ​တော့တယ်​။ ပါတီဥက္ကဌ (ကြီး) ဦး​နေဝင်းက အ​ခြေအ​နေမ လှ တာကိုရိတ်​မိပြီး၊ သူကိုတိုင်​စိတ်​ကြိုက်​​ရေးထားတဲ့ဥပ​ဒေကို​ ဖောက်​ဖျက်​ကာ ပါတီက​နေ နုတ်​ထွက်​ခွင့်​​တောင်းပါတယ်​။ ရိုးရိုး​တောင်း ခံတာမဟုတ်​ပဲ စစ်​တပ်​ဆိုတာပစ်​ရင်​မှန်​​အောင်​ပစ်​တယ်​လို့ ခြိမ်းချောက်​ပါ​သေးတယ်​။ ဒီစကားလုံးရယ်​၊​သူက​ရွေးချယ်​လိုက်​တဲ့ သားသတ်​သမားသမတ​ကြောင့်​ ပြည်​သူ​တွေက ပိုညီညွတ်​သွားကာ၊ ပါတီစုံစံနစ်​ကို ​တောင်းဆိုလာကြပါ​တော့တယ်​။ ပါတီ​စုံစံနစ်​နဲ့သွားဖို့က ပါတီ​တွေရှိဘို့လိုပါတယ်​။ ဒီအခွင့်​​ကောင်းကိုအရယူကြပြီး ပါတီ​တွေဖွဲ့ကြပါ​တော့တယ်​။ နိုင်​ငံ​ရေးလုပ်​စားသူ​တွေ ​တော်​​တော်​များများ​ပေါ် လာပြန်​ပါတယ်​။ နိုင်​ငံ​ရေးလုပ်​သူအားလုံးကို လုပ်​စားတယ်​လို့ထင်​တာ မဟုတ်​ပါ၊။ ခေတ်​အဆက်​ဆက်​ အခွင့်​​ကောင်းယူခဲ့သူများကိုသာ ဆိုလိုပါတယ်​။

(​နောက်​လဆက်​ပါအုံးမယ်​)   


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts