About MoeMaKa စာအုပ်စင်

မိုးမခမဂ္ဂဇင်း မေလထုတ် (တွဲ၁၊ မှတ်၂၊ ၂၀၁၄) ထွက်ပြီ

 

မိုးမခမဂ္ဂဇင်း မေလထုတ် (တွဲ၁၊ မှတ်၂၊ ၂၀၁၄) ထွက်ပြီ

မိုးမခ၊ မေ ၆၊ ၂၀၁၄


မိုးမခလစဉ်မဂ္ဂဇင်း ဒုတိယမြောက် မေလထုတ်စာစောင် ထွက်ပါပြီ။ ထုံးစံအတိုင်း စာအုပ်ဆိုင်များ၊ စာကြည့်တိုက်များ၊ အငှားဆိုင်များမှာ မေးမြန်း ဖတ်ရှုနိုင်ပါပြီ။ မာတိကာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

အမှားပြင်ဆင်ချက်ကတော့ – ဦးဝင်းတင်အင်တာဗျူးမှာ (ဦးခင်မောင်အေး) လို့ ဖော်ပြထားတဲ့ အမည်နေရာမှာ (ဦးအေးမောင်) လို့ ပြင်ဆင်ဖတ်ရှုကြပါ။ အွန်လိုင်းမှာ (ဦးအေးမောင်) ဖြစ်သော်လည်း ပုံနှိပ်မှာ (ဦးခင်မောင်အေး) လို့ မှားပြီး ဖော်ပြမိပါတယ်။ ခွင့်လွှတ်ပါ။


စာမူရှင်များနဲ့ မိုးမခမိတ်ဆွေများ၊ ၀ိုင်းတော်သားများ HOME ဌာန၊ ဗိုလ်အောင်ကျော်အောက်လမ်းမှာ ၀င်ရောက်ပြီး စာအုပ်ကို တောင်းယူကြပါ။ များမကြာမီ မိုးမခမဂ္ဂဇင်း မိတ်ဆက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ (ကြံကြံဖန်ဖန် – အွန်လိုင်းမှာ ဆယ်နှစ်၊ ပထမအုပ်က ဧပြီကတည်းက ထွက်ထားပြီးသား၊ ၁လကျောပြီ၊ အခု ဒုတိယအုပ်တောင် ထွက်နေပြီ။  ကြော်ညာလည်း မထည့်ခဲ့ဘဲနဲ့ အခုမှ မိတ်ဆက်ပွဲ ကျင်းပဦးမယ် တဲ့ ဗျာ။) မိတ်ဆွေများ လူကြီး၊ လူငယ်တွေ စာနယ်ဇင်းဝါသနာရှင်တွေ မိတ်ဆုံကြမယ့် ပွဲအဖြစ် စိတ်ဝင်စားကြမယ် ထင်ပါတယ်။

ပြည်ပက မိုးမခ၀ိုင်းတော်သားများကိုတော့ ဖိတ်စာပို့မှာ မဟုတ်ပါဘူး။ လာရမှာ စာရိတ်စကများမှာ၊ ပင်ပန်းမှာ စိုးရိမ်လို့ပါ။ 


 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts