ကြော်ငြာကဏ္ဍ

အရှင်ခေမာစာရ(ရဟန်းပျိုသမဂ္ဂ)နှင့် တွေ့ ဆုံပွဲ ဖိတ်ကြားလွှာ


အရှင်ခေမာစာရ(ရဟန်းပျိုသမဂ္ဂ)နှင့် တွေ့ ဆုံပွဲ ဖိတ်ကြားလွှာ
ကျော်နိုင် (ဥက္ကလံ)၊ မေ ၆၊ ၂၀၁၄

အရီဇိုးနားပြည်နယ်တွင် သီတင်းသုံးနေထိုင်တော်မူသော၊ အရှင်ခေမာစာရ(ရဟန်းပျိုသမဂ္ဂ္ဂ)၏ ကယ်လီဖိုးနီးယားပြည်နယ်ခရီးစဉ်အတွင်း၊ ဆန်ဖရန်စစ္စကို(ဗေးဧရိယာ)ရှိ ဒီမိုကရေစီ အင်အားစုများ၊ တက်ကြွလှုပ်ရှားသူများ၊ မြန်မာတိုင်းရင်းသားမိသားစုများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံမည်ဖြစ်ပါသဖြင့် အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း၊ ကျင်းပပြုလုပ်မည့်၊ ဆရာ၊ ဒကာတွေ့ ဆုံပွဲသို့  ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ ရက်။          ။   ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်၊စနေနေ့ ။

အချိန်   ။          ။   နံနက် ၁၀း ၀၀ နာရီမှ နေ့ လည် ၃း ၀၀ နာရီထိ။

နေရာ   ။          ။   အမှတ်နံပါတ် ၅၄၀ ၊ ၂၃ လမ်း၊ ဥက္ကလံမြို့ 

နယ်မြေအမှတ် ၉၄၆၁၂၊ ကယ်လီဖိုးနီးယား

အရှင်ခေမာစာရ ၏ ဘဝဖြစ်စဉ်မှတ်တမ်း

၁၉၅၆ ခုနှစ်တွင် အဘ ဦးဇံဖြူ၊ အမိ ဒေါ်ဖြူဖြူတို့မှ မွေးဖွားခဲ့သည်။ သားသမီး ၇ ဦးအနက် အရှင် ခေမာစာရသည် သားဦးရတနာ ဖြစ်သည်။ ဆယ့်သုံးနှစ်အရွယ် မူလတန်းအောင်ပြီးနောက် မိဘနှစ်ပါး မှ ကျောင်းထိုင်ဆရာတော် ဦးအာစာရကို ဥပဇ္ဈာယ်ပြုပြီး ရှင်သာမဏေအဖြစ် သွတ်သွင်းခဲ့သည်။ အသက်နှစ်ဆယ်ပြည့်မြောက်သောအခါ ရဟန်းအဖြစ်ကို ဆက်လက်ခံယူခဲ့သည်။ ရှင်သာမဏေ ဆယ့်သုံးနှစ်အရွယ်မှစ၍ ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။

အရှင်ခေမာစာရသည် ပဲခူးမြို့ ကြံခတ်ဝိုင်းစာသင်တိုက်တွင်လည်းကောင်း၊ ပဲခူးမြို့ မင်းကျောင်း ပရိယတ္တိ စာသင်တိုက်တွင်လည်းကောင်း၊ မန္တလေးခွေးချိုဆိပ်တွင်လည်းကောင်း၊ ရန်ကုန်မြို့ ကြည့်မြင်တိုင် သင်းအုပ်တွင်လည်းကောင်း ပရိယတ္တိစာပေများသင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ပေါ်ပေါက်လာသောအခါ ရန်ကုန်တွင် လှုပ်ရှားခဲ့သည်။

ရဟန်းပျိုသမဂ္ဂ (ရန်ကုန်)၏ ဦးဆောင်မှုအဖွဲ့ဝင်၊ ရဟန်းပျိုသမဂ္ဂ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့ပြင် အထွေထွေ သပိတ်ကော်မတီ (GSC)၏ နာယက၊ အရေးတော်ပုံကြီးကြပ်ရေးကော်မတီ (အက်စ်စီအက်စ်)၏ သံဃာ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခု အောက်တိုဘာလ (၃၀)ရက်နေ့တွင် စစ်ထောက်လှမ်းရေးများ ရှာဖွေနေသည့်ကြားမှ တောတွင်းသို့ ထွက်ခွာခဲ့သည်။

ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖြစ်လည်းကောင်း၊ ကမ္ဘာ့ ၂၁ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတကာ ဗုဒ္ဓဘာသာများအဖွဲ့ချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဂျာမဏီနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီး ယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကို ရီးယားနိုင်ငံ၊ သြစတေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ နော်ဝေးနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံများသို့ ကြွရောက်လျက် ဒီမိုကရေစီရေး ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့သည်။

အရှင်ခေမာစာရသည် ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံတွင် ဒီမိုကရေစီစာပေများ ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ စာပေလုပ်သားအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၈၈ ခု အရေးတော်ပုံနောက်ပိုင်း ဒီမိုက ရေစီရေးရာ စာပေများရေးသားခြင်း၊ စာအုပ် ထုတ်ဝေဖြန့်ချိခြင်းများ၊ စာအုပ်ထုတ်ဝေခြင်းများ ပြုလုပ်ခဲ့ သည်။၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံတွင် ဆက်လက် နေထိုင်ခွင့်မရတော့သဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပြည့်ဝစွာရရှိရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts