ကဗျာ

မောင်စိုးချိန် – မြေနဲ့အတူ အဓွန့်ရှည်မည့်သူ

မြေနဲ့အတူ အဓွန့်ရှည်မည့်သူ
(နိုင်ငံရေးခေါင်းဆောင် အယ်ဒီတာစာရေးဆရာ ဦးဝင်းတင်သို့ ဦးညွတ်ကဗျာ)
မောင်စိုးချိန်
မေ ၅၊ ၂၀၁၄

 

တောရိုင်းဆင်
ဝက်ဝံ ကျားများ ကျားသစ်များ
မိကျောင်း တောခွေးအုပ်
မြေခွေးအုပ် သိန်းစွန်ငှက်
ငါးမန်းအုပ်
သားကောင်သတ်ဖြတ်ဖို့
ဖမ်းချုပ်ဝါးမြိုဖို့
နိုင်ရာစားလုပ်ဖို့
လွှသွားအစွယ်
ပရိယာယ်အမျိုးမျိုး
အဆိပ် မေးရိုး ကြွက်သား
ခြေသည်း လက်သည်း ချွန်မြ နုတ်သီး
အားအင်ကြီးမား ကြီးထွား။
မွေးထား တသသ။

စစ်အာဏာရှင် တောရိုင်း
ဒီအတိုင်းပါပဲ
စစ်တပ် ၊ ပုလိပ်တပ်
တရားရုံး  စစ်ခုံရုံး  ထောင်
အချုပ်ခန်း  အမှောင်ခန်း
စစ်ခွေးတိုက်၊  ကြိုးတိုက်
ရှေ့နေ တရားသူကြီး
စစ်ထောက်လှမ်းရေး၊ စစ်ကြောရေး
ပြည်တဲရေး ဖိနှိပ်ရေးကိရိယာ
စစ်အာဏာအောက်မှာ လည်ပတ်
ယန္တရား အထပ်ထပ် တပ်ဆင်ထား။

ကိုယ့်အသက်ထက်
စွဲမက် ချစ်မြတ်နိုး
တန်ဘိုးထားတဲ့အရာ
သစ္စာ….. သစ္စာ…..သစ္စာ
အမှန်တရားအတွက်
တိုက်ပွဲဝင်သူ……သို့မဟုတ်
ကောက်ကျစ်ယုတ်မာမှုများ
စွန့်စားတိုက်ဖျက်သူတွက်….

တောရိုင်းသားကောင်ဖန်တီးထား
မတရားတဲ့အမိန့်
အဘယ်မျှကြီးမား
ဖိနှိပ်ချေမှုန်း ယန္တရား
လှိုင်းကြီးလှေအောက်
တောင်ကြီးဖဝါးအောက်
သစ္စာတရားကိုးကွယ်တပ်မက်
အသက်ပေးသူရဲ့ ခြေဖဝါးအောက်
ပြားပြားမှောက်သွား
သို့မဟုတ် လက်မြောက်အရှုံးပေးရ။

မကြောက်တရားဆိုတာ
သစ္စာတရားကိုချစ်ရင်း
အားမာန်တင်း
ဇွဲ သတ္တိလျှံဝင်းတဲ့အခါ
ပေါ်ထွက်လာ
ဒါ ကြီးမြတ်မြင့်မား
ခမ်းနားတဲ့ အတွေးအခေါ် အဘိဓမ္မာ။

ဦးဝင်းတင်…….ဆရာ
အဖိနှိပ်ခံ ငါတို့ရဲ့ဆရာ
တိုက်ပွဲ ရှေ့ဆောင်လမ်းပြဆရာ
စံနမူနာကောင်းပြဆရာ
စစ်ကျွန် အမှောင်ထုထဲမှာ
မီးရှူးတန်ဆောင်ဆရာ။

သူဟာ
ငါတို့ အသည်းနှလုံးထဲ
စွဲမြဲသတ္တိ
သေသည်ထိ။

သူဟာ
ထူးမြတ်တဲh ကြယ်နီပွင့်
ဗမာပြည် ကောင်းကင် အမြင့်
တရဲရဲ တလွင့်လွင့် ပွင့်နေမှာ
မြေနဲ့ အတူ အဓွန့်ရှည်ကြာ။

မောင်စိုးချိန်
အေပရယ် ၂၉၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “မောင်စိုးချိန် – မြေနဲ့အတူ အဓွန့်ရှည်မည့်သူ
  1. Bring Khin Nyunt to justice first. He will confess who gave him order to abuse their in the law of court. Then the whole military gang member who abused their can be brought to justice. For the sake of those who has had suffered and for the great Burma, whoever abused the power, current and then, must be brought to justice. No forgiveness must be given including their daughters and sons. For example, Than Shwe’s daughter wedding must be audited.

Comments are closed.