သတင်းပဒေသာ

ထိုင်းမြန်မာနယ်စပ် ဗဟိုပြုပြီး ငလျင်တစ်ခု လှုပ်ခတ်

မိုးမခအထောက်တော် ရန်ကုန်
မေ ၅၊ ၂၀၁၄

ထိုင်းမြန်မာလောနယ်စပ် ရွှေတြိဂံဒေသကို ဗဟိုပြုပြီး  ဒီနေ့ တနင်္လာနေ့ ညနေပိုင်းမှာ လှုပ်သွားတဲ့ ငလျင်က  ရစ်တာစကေး ၆ အဆင့် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ငလျင် ဗဟိုချက်မက ထိုင်းနိုင်ငံ မယ်လာဥ ဒေသရဲ့ တောင်ဘက် ၆ မိုင်အကွာ၊ ချင်းရိုင်မြို့ရဲ့ အနောက်တောင်ဘက် ၁၇ မိုင်အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။

ထိခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေတော့ ချက်ချင်း ပေါ်ထွက်မလာသေးပါ။

ဒီငလျင်က ရန်ကုန်၊ ဘန်ကောက်၊ ချင်းမိုင် အစရှိင်မြို့ကြီးတွေကိုလည်း အဖျားခတ်ပါတယ်။

ငလျင်လှုပ်တာကို ရန်ကုန်မြို့လယ်မှာလည်း အနည်းငယ် ခံစားလိုက်ရကြောင်း မိုးမခ ပရိသတ်တစ်ဦးက ပြောပါတယ်။
စက္ကန့် အနည်းငယ်  ခေါင်းမူးသွားတာပါ။ စာဖတ်တာများလို့ မိုက်ခနဲ ဖြစ်သွားတာလို့ ထင်နေဆဲမှာပဲ ငလျင်လှုပ်တယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက် ၀င်လာပါတယ်လို့ သူက ပြောပြပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ ဖေ့စ်ဘုတ်သုံးသူတချို့က ငလျင်နဲ့ ပတ်သက်ပြီး သူတို့ စာမျက်နှာမှာ ရေးကြ သားကြပါတယ်။ အဲဒီထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Thiha Thwe
မြန်မာစံတော်ချိန် ၅ နာရီ ၄၀ မှာ ငလျင် ပြင်းထန်စွာ လှုပ်ပြီး တိုက်ကြီးတခု လုံး ယိမ်းထိုး လှုပ်ရှား သွား သဖြင့် ရန်ကုန်မြို့လည် အထပ်၂၀ ရှိ Sakura Tower အဆောက်အဦ မှာ လူများ အလျှင်အမြန်လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာရသည်။

လူ့အခွင့်အရေး လှုပ်ရှားသူတဦး
ငလျင်လှုပ်ပြန်ပြီဟေ့ မြေနီကုန်းပလာဇာ ၉ ထပ်မှာ ရင်ကို တုန်သွားဘဲ

ဦးထွန်းလွင်၊ မိုးဇလပညာရှင်
ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ဆက်စပ်နေတဲ့ ရွှေတြိဂံနယ်မြေအတွင်းရှိ ထိုင်းနိုင်ငံမြောက်ပိုင်း အင်အားပြင်းထန်တဲ့မြေငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts