သို့မဟုတ် (သို့မဟုတ်) ဆင့်ကဲဖြစ်စဉ်များ
ဆောင်းလူ ။ မေလ ၁၊ ၂၀၁၄
++++
လေလွင့်သူ
သို့မဟုတ် …
အိမ်မကပ်သူ
သို့မဟုတ် …
အိမ်ပြေး
သို့မဟုတ် …
ပြည်ပြေး++++
အရက်နာကျကျနေတဲ့ ငှက်များ
သို့မဟုတ်
အားအားယားယား အာနေတဲ့ ငှက်များ
သို့မဟုတ်
ပစိပါးစပ်များနေတဲ့ ငှက်များ
သို့မဟုတ် …
+++
ဒီနေ
နေမသာတဲ့ မနက်
သို့မဟုတ် …
အလုပ်ရှုပ်နေတဲ့ မနက်
သို့မဟုတ် …
ပြတိုက်ထဲက မနက် …
သို့မဟုတ် …
သကောင့်သားတွေ အနားယူနေတဲ့ မနက်
သို့မဟုတ် …
ကပ်ပါးကောင်တွေ ပွားများရာ မနက်
ထိုသို့မဟုတ် … သို့မဟုတ်များထဲကမှ …
ကိုယ့်လိပ်ပြာ ကိုယ်မသန့်တဲ့ … သို့မဟုတ်ဆီသို့ …