U Win Tin ကဗျာ တင်မိုး ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

“အကျဉ်းထောင်က အလင်းရောင်”

တင်မိုး၊ မေ ၂၊ ၂၀၁၄ (ပြန်လည်ဆန်းသစ်ခြင်း)

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့ – အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည် စံမြန်းရာ။

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံ မဟုတ်ပါ။

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံး သွေး မို့
အရေးတော်ပုံရဲ့  သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ။

မြန်မာ့ စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီ ဦးဝင်းတင် တဲ့
ဂန္ထ၀င်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့  မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ။

ပြည်သူကို သူက ချစ်
သူ့ကိုလဲ ပြည်သူက ချစ်
တို့ခေတ်ရဲ့  အလင်းရောင်
မီးရှူးတန်ဆောင် အစစ်ပါ။

အကျဉ်းထောင် က၊ အလင်းရောင် ပြနေတဲ့
အာဂ သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်း ဦးခိုက်၊ ကန်တော့လိုက်ပါရဲ့ 
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေ ဆရာ။ ။

တင်မိုး (ဒီဇင်ဘာ ၃၁၊ ၂၀0၄)

သရုပ်ဖော် – စောငို

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

Comments are closed.