သတင်းပဒေသာ

DKBA နယ်မြေသို့ သွားသည့်သမီးလေး သထုံမြို့တွင် တားဆီးခံရ

 

 DKBA နယ်မြေသို့ သွားသည့်သမီးလေး သထုံမြို့တွင် တားဆီးခံရ

 မိုးမခအထောက်တော် အမှတ် ၀၀၉

ဧပြီ ၂၊ ၂၀၁၄

သမီးလေးကျေးရွာမှ ဖယ်ရှားခံရသူများ DKBA နယ်မြေသို့ ကားကြီး ၅ စီးဖြင့် သွားရောက်ရာ မွန်ပြည်နယ် သထုံမြို့နယ်အထွက်တွင် ရဲ နှင့် စစ်သားများ ပါဝင်သည့် အာဏာပိုင်တို့က တားဆီးလိုက်သည်။

ယနေ့ နံနက် ၅ နာရီခန့်က လှည်းကူးမြို့နယ်မှ စတင်ထွက်ခွာလာရာ မွန်းလွဲပိုင်း ၁၂ နာရီခန့်တွင် တားဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

“ကျန်းမာရေး စစ်ဆေးဖို့လိုတယ်ဆိုပြီး အာဏာပိုင်တွေက တားလိုက်တာပဲ” ဟု ထိုနေရာသို့ ရောက်နေသည့် မိုးမခ သတင်းထောက်က သတင်းပေးပို့သည်။

ဤအတောအတွင်း DKBA တာဝန်ရှိသူတို့က အာဏာပိုင်တို့နှင့် ညှိနှိုင်းလျက်ရှိပြီး အခက်အခဲများ ပြေလည်မည်ဟု ယုံကြည်နေကြသည်။

သမီးလေးကျေးရွာတွင် နေထိုင်ခဲ့သူတို့သည် မကြာသေးခင်ကအထိ ဘုန်းကြီးကျောင်းတခုတွင် ခိုလှုံခဲ့သည်။
၎င်းတို့အား လှည်းကူးမြို့နယ်အတွင်း နေထိုင်ရန် မြေနေရာပေးသူ ပေါ်ပေါက်လာသော်လည်း ထိုနေရာတွင် သောက်ရေ အခက်အခဲ၊ အဆိပ်ရှိသတ္တဝါအန္တရာယ်တို့ကြောင့် DKBA နယ်မြေသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

DKBA လက်နက်ကိုင်တပ်သည် ကရင်ပြည်နယ် မြ၀တီမြို့အနီးတွင် အခြေစိုက်သည်။
သမီးလေးကျေးရွာမှ ဖယ်ရှားခံရသူများကို ခိုလှုံခွင့် နေထိုင်ခွင့် ပေးမည်ဟု လူသိရှင်ကြားပြောဆိုထားသည့် အဖွဲ့ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts