ကဗျာ ဆောင်းလူ

ဆောင်းလူ – ဖြတ်သွား ဖြတ်လာများကြား

ဖြတ်သွား ဖြတ်လာများကြား
ဆောင်းလူ
မတ်လ ၂၆၊ ၂၀၁၄

ဖြတ်သွား ဖြတ်လာတွေကြား
ဖြတ်ညှပ်ကပ်တွေလည်း ပေါတယ် …

ဖြတ်သွား ဖြတ်လာတွေကြား
မဲ့နေတဲ့ မျက်နှာပေါ်မှ အပြုံးတုတွေ ပေါတယ် …

ဖြတ်သွား ဖြတ်လာတွေကြားမှာ
စိတ်လိုလက်ရအချစ် အတုတွေ ပေါတယ် …

ဖြတ်သွား ဖြတ်လာတွေကြားမှာ
အမုန်း စစ်စစ် ရန်သူ စစ်စစ်တွေ ပေါတယ် …

ဒီခေတ်ထဲ
ဖြတ်သွား ဖြတ်လာတွေကြား
အဟောင်းအမျဉ်းတွေ ဈေးကောင်းရနေတာတော့
စိတ်အချဉ်အပေါက်ဆုံးပဲ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts