ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ဓာတ်ပုံများဖြင့် ကချင်ပြည်နယ်သို့

ဓာတ်ပုံများဖြင့် ကချင်ပြည်နယ်သို့
ဇော်အောင် (မုံရွာ)
မတ်လ ၂၆၊ ၂၀၁၄

 

ပထမဆုံးပုံကိုတော့ ပါကွက်ကြားနဲ့ မြန်မာမိန်းကလေးပုံနဲ စတင်ပါမယ်။ သဘာဝအတိုင်း ရှိတဲ့ ဓါတ်ပုံများဟာ အလွန်စကားပြောပါတယ်။ ပြီးတော့ အမျိုးသမီးများရဲ့ ဓါတ်ပုံများဟာ ကြည့်ရှုသူများအပေါ် ပိုမိုဆွဲဆောင်တဲ့အတွက် မဂ္ဂဇင်းမျက်နှာဖုံးဆို မိန်းကလေးလှလှနဲ ထုတ်ရင် ပိုရောင်းကောင်းကြောင်း၊ ထုတ်လုပ်သူတဦး ဦးဦးရွှေက ပြောပြတာနားထောင်ခဲ့ဖူးပါတယ်။ ဦးဦးရွှေတို့ကတော့ အနြေ္ဓရှိအမျိုးသမီးလှလှ၊ ပုံများကို မျက်နှာဖုံးအဖြစ် သုံးပါတယ်။ အမျိုးသမီးအ၀တ်အစားကို Sexy (အသားပေါ်) နည်းနည်းလုပ်လိုက်တဲ့အခါ မဂ္ဂဇင်းအရောင်းရ ပိုကောင်းလာတယ်ဆိုပဲ။ ဒါကြောင့် မိန်းကလေး ငယ်ငယ် Sexy ပုံနဲ့ ထုတ်တဲ့ မဂ္ဂဇင်းများ အရောင်းရသွက်ခြင်းကို ဝေဖန်ရရင်၊ စာဖတ်သူ ၇၅ရာနှုန်းဟာ အမျိုးသားများလို့ ပြောနိုင်ပါတယ်။

နောက်တချက်က နှလုံးရည်နဲ့လက်ရုံးရည် ပြိုင်ရင်၊ လူငယ်တွေက လက်ရုံးရည်သမားတွေပဲ အနိုင်ရပြီး၊ တိုင်းပြည်ခေါင်းဆောင်၊ စစ်ဗိုလ်ချုပ်များဟာ အမျိုးသားများချည်းပဲ လို့ ပြောကြပါမယ်။ လက်တွေ့မှာတော့ နှလုံးရည်သမားတွေပဲ ဦးဆောင်နေပါတယ်။ နှလုံးရည်ကို တနည်းအားဖြင့် ဘာသာပြန်ရင် နှလုံးသာလို့ ပြောချင်ပါတယ်။ လက်ရုံးရည်ကိုတော့ ဦးနှောက်လို့ ပြောလို့ရပါတယ်။ နှလုံးရည်နဲ့လက်ရုံးရည် ဆိုတာ  နှလုံးသားနဲ့ဦးနှောက် လို့ ပြောရင်မမှားသလို၊ အမျိုးသမီးနဲ့အမျိုးသားလို့ ယေဘူယအားဖြင့် ဆိုကြပါစို့။

အခက်အခဲများ ကြုံတွေ့လာတဲ့အချိန်မှာ အမျိုးသားများကို ထောင်သွင်းအကျဉ်းချခဲ့လို့၊ အမျိုးသားများက သူပုန်များအဖြစ် တော်လှန်ပုန်ကန်တဲ့အခါ အမျိုးသမီ အာဂအမျိုးသမီးများလည်း လိုက်ပါသွားလေ့ရှိပါတယ်။ ခရစ်ယာန်ရုပ်ရှင်တကား Passion of Christ ဇတ်ကားကို ဗုဒ္ဓဘာသာမိတ်ဆွေတစ်ဦးက ကျွန်တော်တို့ ဇနီးမောင်နှံကို ခေါ်ပြပါတယ်။ ဗုဒ္ဓဘာသာဆိုတော့ ခရစ်ယာန် လက်ဝါးကပ်တိုင် Cross အဓိပ္ပါယ် (ချစ်ခြင်းမေတ္တာ) ကို နားမလည်ပေမဲ့၊ တခုတော့ မေးခွန်းထုတ်ပါတယ်။ “မင်းတို့ ယေရှု ကားတိုင်မှာအသတ်ခံရတဲ့အချိန် အမျိုးသားနောက်လိုက်တွေက ခပ်လှမ်းလှမ်းမှာနေပြီး၊ အမျိုးသမီးတွေကပဲ အနီးကပ် လိုက်နေကြတယ်။ ကိုယ့်သားကို ကားတိုင်မှာရှိနေတာကို သူ့အမေဖြစ်သူ မေရီ (Saint Mary) တို့က အနားမှာရှိနေကြတယ်နော်..” လို့ပြောတယ်။

အမျိုးသမီးများဟာ နှလုံးသားပိုင်ရှင်များဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ မြန်မာတွေပဲ အထွဋ်အမြက်ထားတဲ့ သနပ်ခါးပါးကွက်ကျားနဲ့၊ ပုသိမ်ထီး၊ လဘက်ကိုစား၊ လဘက်ရည်သောက်တဲ့ မြန်မာပြည်က အမျိုးသမီးဓါတ်ပုံအချို့အကြောင်း ရေးလိုက်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာ့စပါးကျည်ဖြစ်ပါတယ်။ မြစ်ချောင်းအင်းအိုင် ပေါများလို့ သားငါးကြွယ်ဝတဲ့အတွက် မြန်မာအမြောက်အများ ရေကြည်မျက်နုရာ ဧရာဝတီမြစ်ဝှမ်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် မြန်မာပြည်၊ လူဦးရေ အထူထပ်ဆုံး၊ အများဆုံး ဒေသကြီးဖြစ်ပါတယ်။ အဲဒီလို သာယာဝပြောတဲ့ ဒေသကြီးမှာ သူတို့ထွက်ကုန်များကို နိုင်ငံခြားသင်္ဘောကြီးတွေနဲ့ သားငါး၊ စပါး၊ လယ်ယာထုတ်ကုန်များဟာ ဈေးချိုချိုနဲ့ ၀ိသမလောဘသမားများက ၀ယ်ယူသွားပါတယ်။ ထုတ်လုပ်သူ လယ်သမား၊ ငါးဖမ်းသမားများဟာ လက်ရှိ၊ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်နေပါတယ်။ ကျွန်တော် ကချင်ပြည်ကို ရောက်သွားတဲ့အခါ ကချင်ဒုက္ခသယ်ကလေးများ အစားအသောက်၊ နို့မှုန့် စားရဟန်ရှိတော့ ဒါလောက်မဆိုးပါဘူး။ ဧရာဝတီ (အထူးသဖြင် မြို့တော် ပုသိမ်) က ကလေးများကိုကြည့်တဲ့အခါ ရင်နာစရာ ပိန်ချိနေတာတွေရတယ်။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အဆိုးဝါးဆုံး စစ်အစိုးရလက်ထက် ၁၉၉၃ လောက်တုန်းက ဧရာဝတီတိုင်းက ကလေးသူငယ်များ အကျီမပါပဲ၊ လုံးတီး၊ ပိန်ချုံးပြီး အာဖရိကက ဘာမှစားစရာစိုက်ပျိုးလို့မရတဲ့ အငတ်ဘေးဒဏ် အီသီယိုပီးယား ကလေးငယ်များလို ဖြစ်နေတာ တွေ့ခဲ့ဖူးပါတယ်။ အခုတော့ အခြေအနေ ကောင်းလာပါပြီ။

အခုပုံကတော့ မြန်မာပြည်ရေကြီးချိန် သင်္ဘော၊လှေ၊ ရထား ခရီးသွားများကို ၀မ်းရေးအတွက် ငှက်ပြောသီးလေး တဖီးရောင်းရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးများပုံ ဖြစ်ပါတယ်။ Chan Aye ဖေ့စ်ဘုတ်က ကူးယူထားပြီး ကွန်မင့်တွေကိုတွေ့နိုင်ပါတယ်။ ဒီကလေးမလေးတွေ ..ဗီယက်နမ်က၊ လမ်းဘေးဈေးသည်ထက် ခက်ခဲနေပါလား… မြန်မာပြည်တစ်နှစ်တစ်ခေါက် ပိုက်ဆံချွေတာစုဆောင်းပြီး၊ သွားလည်ကြပါ။ မြန်မာပြည်ရောက်ရင်လည်း ဟိုတည်မှာမတည်းပဲ မိတ်ဆွေများအိမ်မှာ တည်းခိုပြီး ရထားနဲ့ခရီးတခေါက်လောက်သွားကြည့်ကြပါခင်ဗျား..၊ စိုင်းခမ်းလိတ် ရေးစပ်ထားတဲ့သီချင်းစာသားကိုလည်း တွေ့ရပါတယ်…မလွယ်တာတွေ့ရင်၊ ပိုခက်တဲ့တခြားဘဝတွေကို၊ ငဲ့ကြည့်ပါဦး။ ..ကျွန်တော်တို့ ကြည့်နေရင်လည်း ရပါတယ်။ ဒီစာကို ဖတ်ရသူဟာ မြန်မာလူမျိုးများရဲ့ ၁ရာနှုန်းသော အင်တာနက်အသုံးပြုသူများဖြစ်ပါတယ်။ စာအုပ်၊ မဂ္ဂဇင်းဖတ်သူကတော့ ပိုများပါတယ်။ ဘာပဲဖြစ်ဖြစ် သင်နဲ့ကျွန်ုပ်ဟာ ဒီဓါတ်ပုံကိုကြည့်ပြီး ဘာဆက်လုပ်နိုင်ပါသလဲ။ မာသာထရီစာကတော့ ပြောပါတယ်။ သူတို့ကို သင်မကြွေးနိုင်ဘူ၊ ကိစ္စမရှိပါဘူ၊ တယောက်တော့ ကြွေးပါ …တဲ့။  If you can not feed them, just feed one.

နောက် မာသာထရီစာရဲ့ စကားတခုကတော့ ဘာမှမတတ်နိုင်ရင် သတိရဆုတောင်းပေးပါ… တဲ့။
“Everything starts from prayer. Without asking God for love, we cannot possess love and still less are we able to give it to others. Just as people today are speaking so much about the poor but they do not know the poor, we too cannot talk so much about prayer and yet not know how to pray.”
Mother Teresa

သြဂုတ်လ၊ ၂၀၁၂ မြန်မာနိုင်ငံ အောာက်ပိုင်းမြို့များရေကြီးစဉ် ဒီဓါတ်ပုံထွက်ပေါ်လာပါတယ်။ ကလေးများဟာ ၀၀ဖြိုးဖြိုးလေး ဖြစ်နေတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ အဟာရဓါတ် ပြန်လည်တိုးတက်လာပြီလို့ မှတ်ယူရပါတယ်။ သို့သော် ဒါလောက် ယင်ကောင်များစွာကြားမှာ ကလေးများအိပ်နေကြခြင်းအတွက် စဉ်းစားစရာများစွာ ရှိပါတယ်။

ပြသနာတခုကို အဖြေရှာတဲ့အခါ ပထမဆုံး လူတိုင်းဖြေရှင်းတဲ့နည်းက အပြစ်တင်ခြင်းနဲ့ စတင်လေ့ရှိပါတယ်။

ထူးခြားတဲ့လူများကတော့ ပြသနာကို အရင်ချကြည့်လိုက်ပါတယ်။ Problem Description လို့ခေါ်ပါတယ်။  What, Where, When, Who, Why, How ..စတဲ့ ဒဘလျူတွေနဲ့ ကိုယ်အဖွဲ့သားတွေ၊ မိတ်ဆွေတွေ အနာလိုက်စ် လိုပ်ကြပါတယ်။ ပြီးမှ အဲဒီပြသနာကို ယာယီဖြေရှင်းနည်း  Containment Action ကို ရှာရပါတယ်။  နောက်ဆုံးကြမှ နောက်နောင်ဒါပြီးပြသနာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ထာဝရဖြေရှင်းနည်းကို Preventive Action စဉ်းစားရပါတယ်။ အဲဒီ အက်ရှင်များမှာ Containment Action & Preventive Action ဘယ်သူက၊ ဘယ်အချိန်အတွင်းမှာ၊ ဘယ်လိုလုပ်ပေးရမယ် ..ဆိုတဲ့ အချက်ကို လုပ်ပေးရမဲ့လူက ဟုတ်ကဲ့ လုပ်ပေးပါမယ်..လို့ပြောရပါတယ်။ လုပ်မလုပ်ကို စောင့်ကြည့်တဲ့အဖွဲ့အစည်းလည်း ရှိရပါတယ်။ ဒါကတော့ စနစ်တကျ ဖြေရှင်းတဲ့နည်းလမ်းပါ။

အခုပြသနာကိုကြည့်ရင် ဓါတ်ပုံ ဖိုတိုရှော့ပ် တော့မဟုတ်ဘူး သေချာအောင် လုပ်ရပါတယ်။ လူတွေက ဟေးလားဝါးလား လုပ်တတ်တာကိုး၊  နေရာ၊ အချိန်များကို ဓါတ်ပုံရိုက်တဲ့လူက ဖေါ်ထုတ်ပေးရပါတယ်။ အခုကိစ္စမှာ What ဆိုတာပဲသိတယ်။ ယင်ကောင်တွေကြားမှာ ၀၀ချစ်စရာ ၁နှစ်အောက်ကလေးငယ်၎ဦး အိပ်နေချိန် နိုးနေတဲ့ကလေးတစ်ဦးက ယင်ကောင်များစွာ မျက်နှာပေါ်တွယ်ကပ်နေတဲ့ကြားက နို့မပါတဲ့နို့ဗူးစုတ်နေတဲ့ ပုံပါ။ ကျန်တဲ့ကလေးငယ်၃ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြပါတယ်။

ဓါတ်ပုံရိုက်တဲ့လူက ရိုက်ပြီးတော့ ဘာလုပ်ပေးခဲ့သလဲ ဆိုတာလည်း မသိရပါဘူး။ အချက်အလက်မစုံလင်တဲ့ ဓါတ်ပုံဖြစ်နေတဲ့အတွက် ထင်တာတွေ (ဖြစ်နိုင်ခြေ) ရေးရပါတော့မယ်။

ရေဘေးဒုက္ခမှာ မိဘများ စားဝတ်နေရေး (သို့မဟုတ်) တခြားလူတွေရဲ့အရေးကိစ္စများ အရေးပေါ်ဆောင်ရွက်နေချိန်မှာ ကလေးထိန်းအဖွဲ့ဆီ သူတို့ကလေးများကို အပ်နှံထားရတယ်။ ကလေးထိန်းအဖွဲ့ကလည်း ယင်ကောင်များစွာရှိတဲ့ နေရာမှာ စာကျွင်းကျန်ရှိရင် ယင်ကောင်လာတာ ဆင်းရဲနိုင်ငံများရဲ့ ၀ိသေသအချက်ပါ။ ဒီကလေးတွေကို ထိန်းတဲ့လူများက အနီးကပ် ယပ်တောင်တောက်လျှောက် မခပ်ပေးနိုင်ဘူး။ သူ့ဆီ လာကပ်တဲ့ ယင်ကောင်များကို မောင်နှင်ထုတ်နေရသေးတယ်။ ပြီးတော့ ခြင်ထောင်ထဲ ထည့်ထားရအောင်၊ ယင်လုံ အခန်းတခုလုပ်ရအောင်လည်း မဖြစ်နိုင်တော့၊ ကလေးတွေကို ပစ်ထားလိုက်ရတယ်။ မသေရင်ပြီးရောပေါ့။ တကယ်လဲ သေလောက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်ပိုင်း ၀မ်းလျှောရောဂါရပြီး တပါတ်အတွင်း သေသွားနိုင်တယ်။

မိဘများရဲ့ နံပါတ် (၁) အလုပ်ဟာ သားသမီးရတနာများကို ကာကွယ် – ကလေးထိန်းနိုင်တဲ့ ငွေကြေး၊ မိတ်ဆွေ၊ အခြေအနေကောင်း သူများကတော့ သူတို့ကလေးကို ဘယ်နည်းနဲ့မှ ဒီလိုပစ်ထားမှာမဟုတ်ဘူး။ အခု ကလေးများမိဘများ စားဝတ်နေရေး (သို့မ ဟုတ်) တခြား လူတွေရဲ့အရေးကိစ္စများ အရေးပေါ်လုပ်နေရချိန်မှာ (ဥပမာ ..မိဘများ ဘုရားရှိခိုးနေချိန်၊ တရားနာနေချိန်) ကလေးထိန်းအဖွဲ့နဲ့ထားခဲ့တယ်။ မိဘများ သွားရှာလေပြီလား..လို့တောင် မေးစရာပဲ။

Containment Action & Preventive Action တွေလုပ်ဖို့ အချက်အလက်မပြည့်စုံတော့ မှတ်ချက် Conclusion နဲ့ အကြံပေးချက် Comment လောက်ပဲလုပ်နိုင်မှာပါ။ ဖေ့ဟုတ် Ba La ဆီကတဆင့် သူငယ်ချင်း Thein Thein Aung က ဖေါ်ပြလို့ ကြည့်လိုက်တော့ 26 Likes,  17 comments တွေ့ရတယ်။ ကွန်မင့်အားလုံးနီးပါးကတော့ ပြသနာကို အပြစ်တင်ကြတာချည်းပါ။ ကျွန်တော့ကွန်မင့်ကတော့  ဒါမျိုးတွေ့ရင် တာဝန်ရှိလူတစ်ယောက်အနေနဲ့ ကလေးထိန်းအဖွဲ့ကို အသစ်ပြောင်းပြီး၊ ယင်လုံတဲ့နေရာတခုအမြန်ဆုံး ဖန်တီးပစ်မှာပါ။ တွေ့တဲ့လူက ဆယ်ကျော်သက်အရွယ် ဘာမှမလုပ်ပေးနိုင်တာဝန်သိ ကလေးငယ်ဆိုရင်တော့ အဲဒီယင်ကောင်တွေ အကုန်လိုက်ဖမ်းဖို့ သူငယ်ချင်းတွေ သွားခေါ်မှာ သေချာပါတယ်။ သူ့အဖေကို ဆွဲခေါ်လာနီုင်ရင်လဲ အဖေ ကြည့်လုပ်ပေးပါဦးဗျာ လို့ ပြောမှာပါ။

ဒီလိုလူက တစ်ရာမှာ တစ်ယောက်ပဲရှိပါတယ်။ ဒီလိုလူမျိုး တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီး၊ အတိုက်အခံခေါင်းဆောင်လည်း ဒီလိုလူမျိုးဖြစ်ပြီး သူတို့လိုလူမျိုးများများ ၇၅ရာနှုန်းလောက် ခေါင်းဆောင်၊ ၀န်ကြီး၊ လွှတ်တော်အမတ်ဖြစ်တဲ့အချိန် အမေရိကန်နိုင်ငံ၊ ဂျပန်၊ ကိုးရီးယားတို့လို သာယာဝပြောတဲ့ မြန်မာနိုင်ငံကြီး ဖြစ်လာမှာပါ။

● ဓါတ်ပုံထဲမှ မြန်မာများအကြောင်း (ကျွန်တော်ဘာလုပ်နိုင်သလဲ)
နောက်ထပ်တစ်ပုံကတော့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသယ်မီးနေပြီးစ၊ကလေးငယ်ချီပိုးထားတဲ့ မိခင်ငယ်တစ်ဦး၊ ထမင်းချည်းထည့် ထားတဲ့ ပန်ကန်နဲ့ စားသောက်နေတဲ့ပုံပါ။ Tu Lum Marip shared Khon Ja’s photo. လို့ ဖေ့စ်ဘုတ်မှာ တွေ့ပါတယ်။ မီးနေသည်တယောက် ဘာစားနေသလဲ.. ကြည့်စမ်းပါ။။ စစ်ခွေးများ.. ရှင်တို့ရဲ့ သားသမီး၊ မြေးမြစ်တွေ ဒီလိုအဖြစ်မျိုး .. ပြန်ကြုံရပါစေ… ကျိန်ဆဲလိုက်တယ်။။ မုန်းတယ်.။ .ဆိုတဲ့ ကွန်မင့်ကိုတွေ့သလို United ourself is the best. Please, organize home cell for prayer worship for people in Kachin State. Start with pray and continue to pray.. Action will follow up ..လို့ရေးထားတာလည်း တွေ့ရပါတယ်။ အဓိကတရားခံကတော့ ပြည်တွင်းစစ်ပါ။ ကချင်လူမျိုးတစ်ယောက်ကတော့ သရုပ်ပြပုံနဲ့ တရုပ်စီးပွားရေး (ငွေနံပါတ်တစ်) ဦးစားပေးမှုကို မြန်မာအစိုးရက နိုင်ငံရေးကစားမှု၊ ကချင်သူပုန် KIA ရဲ့ ပျေက်ကျားစစ်ဆင်ရေးနဲ့ မရှိမာန၊ ကချင်မျိုးချစ်စိတ်ဓါတ်တို့ ဖြစ်ပျက်နေပုံမှာ စစ်ဘေးဒုက္ခသည်များပဲ မချိမဆန့် ခံစားနေရတာကို ဖေါ်ပြထားပါတယ်။ အင်အားကြီးသူ မြန်မာစစ်တပ်၊ အစိုးရက မလျှော့ပေးရင် ဒီပြည်တွင်းစစ်က ပျောက်ကျားစစ်အဖြစ် နိုင်ငံတကာ လက်ညိုးထိုးစရာဖြစ်နေမှာပါ။ မြန်မာနဲ့တရုပ်အားစမ်းတဲ့၊ ပေါလတစ်ထဲမှာ ကချင်များ စကိတ်ဂုတ် ကြားညှပ်ဖြစ်သွားရတာကတော့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကျွန်တော် မတတ်နိုင်ပါ။ မြန်မာနဲ့ကချင်ခေါင်းဆောင်များအတွက် တဥိးချင်း၊ မိသားစုတွင်းဆုတောင်းပေးခြင်း၊ လူအများနဲ့အတူ ဆုတောင်းပေးခြင်းပဲ လောလောဆယ်တတ်နိုင်ပါတယ်။

ဒုတိယ ကလေးအမေဓါတ်ပုံအတွက် အကောင်းဆုံးအကူအညီပေးခြင်း၊ ယာယီဖြေရှင်းဖို့ ကျွန်တော်လုပ်နိုင်တာက ခွင့်ယူပြီး တပါတ် လောက် အဲဒီဒုက္ခသယ်စခန်းကို သွားကြည့်ပေးဖို့ပဲဖြစ်ပါတယ်။

ဓါတ်ပုံအနာလိုက်စ်လုပ်ခြင်းကို ဒါလောက်နဲ့ပဲ အဆုံးသတ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts