တူမောင်ညို သူတို့အာဘော်

Tu Maung Nyo – မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်

 

 မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်

တူမောင်ညို (၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်)

အညှီရှိလို့ယင်အုံတာလို့ပဲ။ ယင်ကောင်နဲ့အညှီအပုပ်ဆိုတာ မိတ်ဖက်မဟုတ်လား။ ဒီတော့ Dhaka Tribune မှာရေးသား ဖော်ပြတဲ့ဆောင်းပါးနဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့ဟာ ယင်ကောင်နဲ့အညှီအဟောက်ပဲ။ ဒီတော့ အညှီအဟောက်ရှိရာ ယင်အုံတာ ဘာမျှမဆန်းဘူး။

           ယင်ကောင်လာအောင် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အညှီတွေအဟောက်တွေ၊ အပုပ်အပွတွေ တမင်ဖန်တီးထားပြီး၊ ယင်ကောင်လာအုံတော့မှ လက်ညှိုးထိုးအကြောင်းပြပြီး “မျိုးချစ်စိတ်ဓါတ်” ထက်သန်ပြနေကြတာကတော့ဖြင့် ရယ်စရာကောင်းလှပါ တယ်။

 (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “မျိုးချစ်စိတ်ဓါတ်”ထက်သန်ပြနေတာမဆန်းပေမယ့်။ ဒီမိုကရေစီရေးလုပ်ဆောင်နေသူတွေ ကယင်အုံတာကို ယိုးမယ်ဖွဲ့ပြီး အချုပ်အခြာအာဏာထိခိုက်တယ်လို့ လက်သီးလက်မောင်းတန်းပြီးပြောဆိုနေကြတာကဖြင့် မသိသားဆိုး ဝါးလွန်းရာကျပါတယ်။ (ဗိုလ်) ဦးသိန်း စိန်ကြံ့ဖွံ့အစိုးရ “ဆင်”ကွက်ထဲ “အ”တတ၊ ဂွကျကျ ဝင်တိုးနေသလိုမျိုးလည်းဖြစ်နေပါတယ်။

 ကိုလိုနီဘဝမှာ နယ်ချဲ့ဗြိတိသျှတွေသွင်းတဲ့ လူမျိုးရေးအပင်းအဆိပ်မှိုင်းကို  “ဓါး မသွေးလောက်ဘူး” ဆိုပြီး ဆရာကြီးမှိုင်းက ပြည်သူတွေကိုရှင်းရှင်းပြတ်ပြတ်မျက်စေ့ဖွင့်ပေးတဲ့ နိုင်ငံရေးအသိအမြင်မျိုး ယနေ့ မြန်မာ့နိုင်ငံရေးစင်ပေါ်က လူတွေမှာရှိသင့်ရှိထိုက်ပါ တယ်။ မရှိရင် နိုင်ငံရေးကိုယ်ကျိုးနည်းပြီး၊ ဒီမိုကရေစီရေစုန်မျောပါလိမ့်မယ်။

မနေ့တနေ့ကလို့ပြောလို့ရတဲ့ (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးစဉ်ကာလမှာ အာဘောင်အာရင်းသန်သန် သူတို့ အော်ခဲ့၊ ဟစ်ခဲ့ ကြတဲ့“လက်သစ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး”ဘယ်ရောက်သွားပြီလဲ။ “ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ အနောက် အုပ်စုနိုင်ငံကြီးတစ်နိုင်ငံ” ဆိုတဲ့အသုံးအနှုန်း ဘယ်ချောင်ထိုးထားလိုက်ပြီလဲ။ သူတို့ဗိုလ်ကျအုပ်စိုးမှုကို တစ်စုံတစ်ရာအသိ အမှတ်ပြု လိုက်တာနဲ့  ဒီလိုလေလုံးထွားမှုတွေ/ဒီလိုစကားလုံးတွေ တခါထဲနှုတ်ဆိတ်သွားတာပဲ မဟုတ်လား။

သူတို့ပြောတဲ့ “မျိုးချစ်စိတ်ဓါတ်” ၊ သူတို့ပြောတဲ့ “ကိုလိုနီနယ်ချဲ့လက်သစ်ဆန့်ကျင်ရေး” ဆိုတာ သူတို့အုပ်စိုးမှုကို ဖိအားပေး ဝေဖန်နေစဉ်မှာ သာ ငယ်သံပါအောင်အော်ဖို့၊ ဟစ်ဖို့နဲ့ ပြည်သူတွေကို လှည့်စားဖြားယောင်းဖို့ သက်သက်သာဖြစ်ပါတယ်။

“ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သော အနောက်အုပ်စုနိုင်ငံကြီးတချို့” လို့  စစ်အစိုးရက အော်ဟစ်ခဲ့ပြီး၊ “ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးအစိုးရ”လို့ အပြန်အလှန်ပြစ်တင်ကြိမ်းမောင်းခဲ့သူတွေ အခုတော့ပြန်လည်သင့်မြတ်ကုန်ကြပြီ၊  ကြည်စေ အေးစေဖြစ်နေကြပါပြီ။ အီးယူကဆိုလျှင် လုံထိန်းရဲတွေကို လူထုအုံကြွမှုနှိမ်နင်းရေးနည်းလမ်းတွေ ကိုယ်ဖိရင်ဖိလာရောက် သင်ကြားပို့ ချပေးနေပါပြီ။ အမေရိကန်နဲ့ဗြိတိန်ကလည်း စစ်တပ်ကို ပရောဖက်ရှင်နယ်စစ်တပ်ကြီးဖြစ်စေဖို့ ထရိန်နင်ပေးချင်နေပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တောက လူဝင်မှုပြဿနာပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေနဲ့ဆက်စပ်ပတ်သက်နေတဲ့ မြစ်ဆုံ/လက်ပံတောင်းအရေးအခင်းပဲဖြစ်ဖြစ် ဒီပြဿနာတွေရဲ့ ပင်မလက်သည်တရားခံဟာ (နဝတ-နအဖ)စစ်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့ အာဏာအမွေကိုလွှဲပြောင်းလက်ခံထားတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့သာလျှင်ဖြစ်ပါတယ်။ ဒီအချက်ကို မျက်ခြည်ပြတ် တာနဲ့ “မျိုးချစ်မှိုင်း/မျိုးစောင့်မှိုင်း”တွေမိပြီးချာချာလည်လည်သွားမှာ သေချာပါတယ်။ တချို့လည်နေပါပြီ။

တိုင်းပြည်ရဲ့နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာကိုတကယ်တန်းထိန်းသိမ်းလိုတယ်ဆိုရင် တတိုင်းတပြည်လုံးသွေးစည်း ညီညွတ်နေမှသာဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ပြည်သူတစ်ရပ်လုံးကရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ရှိဖို့လိုအပ်ပါတယ်။

လက်ရှိစစ်တပ်ကိုလည်း စစ်အုပ်စုတစ်လက်ကိုင်ခါးပိုက်ဆောင်တပ်အဖြစ်ကနေ ပြည်သူ့အကျိုးကို တကယ်တန်းကာကွယ်တဲ့ တပ်မတော်တစ်ရပ် အဖြစ်ပြောင်းလဲဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။

 ဒီအခြေခံအချက် ၃ ချက်ဖြစ်မြောက်ရေးအတွက် ရှေးဦးလိုအပ်ချက်က “၂၀၀၈ အခြေခံဥပဒေ”ဖျက်သိမ်းပြီး၊ တန်းတူရေးနဲ့ ဒီမိုကရေစီရေးကို တိတိကျကျအာမခံနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် အလျှင်အမြန်ရေးဆွဲပြဋ္ဌာန်းကြရေး သာလျှင်ဖြစ်ပါတယ်။

 ပြင်ဦးလွင်မှာ မန္တလေးက စာရေးဆရာတွေနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတဲ့အထဲက စကားရပ်အချို့ကို ကောက်နုတ်ပြီး နိဂုံးချုပ်ပေးလိုက်ပါတယ်။ ဒေါ်စုက တိုင်းပြည်နဲ့လူထုကြုံတွေ့နေရတဲ့ အညှီအဟောက်အားလုံးရဲ့လက်သည်တရားခံ အစစ်ဘယ်သူလဲဆိုတာ ပြတ်ပြတ်သားသား ညွန်ပြထားတယ်။

  “ ဒီနိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲဖြစ်စေ၊  အခြားတစ်နိုင်ငံအောက်ပဲဖြစ်စေ၊ ကိုလိုနီသဖွယ်မကျသွားစေချင်ဘူးဆိုရင် ဒီ နိုင်ငံအတွက်အလိုအပ်ဆုံးက နိုင်ငံရဲ့အကျိုးကို ပီပီပြင်ပြင်တာဝန်သိသိနဲ့ ထမ်းဆောင်မယ့်အစိုးရတရပ်ပဲဖြစ်ပါတယ်။ စီးပွားရေးကိစ္စတွေ ဘာတွေနဲ့ပတ်သက်ရင်ပြည်သူလူထုကလည်း ကျမကို ခဏခဏလာပြောပါတယ်။ ဒီမှာ တရုတ်ကုမ္ပဏီတွေက မတော်မတရားတဲ့ အခွင့်အရေးတွေ ဘာတွေယူထားတယ်။ ကျမကပြန်မေးတယ်၊ ဘယ်သူတွေက ဒီအခွင့်အရေးတွေပေးထားပါသလဲ။ ဒီမေးခွန်းကို ကျမတို့ သတ္တိရှိရှိနဲ့မေးရမယ်။ ဒီနိုင်ငံရဲ့ခွင့်အရေးတွေ ၊နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ အစိုးရ မှာတာဝန်အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက ဒါကို မကာကွယ်ခဲ့သလဲ။ကိုယ့်အစိုးရကမှ ကိုယ့်ကိုမကာကွယ်လို့ရှိရင် ဘာကိစ္စ တခြား အစိုးရ က ကိုယ့်အကျိုးကို ကြည့်နေရမှာလဲ”။

 အညွှန်း – http://burmese.dvb.no/archives/53812 ဒါကာထရီဗြွန်းရေးသားချက် အစိုးရကန့်ကွက်မည် DVB


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Tu Maung Nyo – မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်
  1. They would write the same thing who ever is the president of Burma. Even if DASSK were the president of Burma they would do the same thing. Can the author not see the aims and the greeds of the Islamists? They don’t want to control their population explosion but want to ‘export’ millions of illegal immiigrants to the neighbour, unpopulated Burma and claim the territory for their own!!

  2. ဒီပဋိပက္ခတွေ ပေါ်လာတော့မှပဲ ဒီမိုသမားတချို့ဟာ ဒီမိုမဟုတ်ဘဲ ကိုမျိုးချစ်တွေလို့ သိရတော့တယ်။ ဘွားဘွားကြီး ပေါ်တာပဲ။ ဖွတ်ထွက်လာတော့ အခု တောင်ပို့ဆိုတာ သိလိုက်ရပြီ။ သေသေချာချာတွေးကြည့်ရင် အချုပ်အချာအာဏာကို ထိပါးယုံမက ဓါးပြတိုက်ယူထားတာက စစ်အုပ်စုဆိုတာကို ရှင်းရှင်းသိနိုင်ပါရက်နဲ့ ကိုယ်မြင်းဟာ အထိးလားအမလား မသိဘဲ အချုပ်အခြာအာဏာ ဘာညာဆိုပြီး စစ်အုပ်စုနောက် သံယောင်လိုက်ပြောနေကြတာ ရင်နာလိုက်တာဗျာ။

  3. Mr. Zeeshan Khan’s article ‘A Referendum in Rakhine State’ published in your ‘Dhaka Tribune’ on 20th March, 2014 caught our attention. We, the people of Myanmar were extremely worried about the recurrence of sectarian violences in Rakhine (Arakan) State in Myanmar because his article was full of fabricated facts and figures and lopsided views. He incited racial hatred and interfered in internal affairs of neighboring friendly country, Myanmar by abusing the freedom of expression.

    As a matter of fact, we totally agree to hold a referendum on whether or not the local residents of Sittwe and Maung Daw will decide to join their territories to Chittagong Division of Bangladesh because the desire of people is the most importance in democratic system. But, Mr. Zeeshan Khan should know the illegal migrant Bengali people in Rakhine State will not have the rights to cast the vote on such a crucial issue of Myanmar as they are not citizens of it. On the other hand, we urge Mr. Zeeshan Khan to ask Bangladeshi government for holding a referendum in Chittagong Hills Tracts on whether or not the hilly people will decide to join their land to Rakhine State of Myanmar. Moreover, we would like to know about the feelings and reactions of Bangladeshi people if we demand to hand over Chittagong Division to present-day Arakan (Rakhine State) as it was a part of Arakanese kingdom in the past.

    Maung Aung Khine

Comments are closed.