သတင်းဆောင်းပါး

Quality Product for Myanmar – မြန်မာလုပ်ငန်းရှင် လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း ၂၀၁၄

ဝတ်မှုန် (စင်ကာပူ)
မတ်လ ၁၆၊ ၂၀၁၄

 

မှန်ကန်တဲ့စီးပွားရေးလုပ်ဖို့ မြန်မာပြည်က လူကြီးများအတွက် အရမ်းခက်ခဲနေပါတယ်။ ရေတို (တနပ်စား၊ ဂွင်၊ အကွက်ချောင်း၊ ပွဲစား၊ ပါမစ်၊ လိုင်စင် ..တွေနဲ့ပဲ ကြင်လည်တာဆိုတော့ အပြောင်းလဲလုပ်ဖို့ဆိုတာ လူငယ်များနဲ့ လူကြီးအချို့ပဲ လုပ်နိုင်ကြပါတယ်။ အပြောင်းအလဲ လုပ်ဖို့အတွက် 

 

၁။ ကြိုးစားတယ်။ ပညာတတ် (သို့မဟုတ်) အတွေ့အကြုံရှိခြင်း

၂။ အဖွဲ့အစည်း၊ မိတ်ဆွေများနဲ့ပူးပေါင်းလုပ်ဆောင်တတ်ခြင်း

၃။ အကြံပေးသူများရှိခြင်း ..စတဲ့အချက်တွေ လိုပါတယ်။

 

Online လုပ်ငန်းတစ်ခု မိတ်ဆက်လိုပါတယ်။ Eindra Store (Singapore) founder ကိုအုတ်စိုးရောင်းမဲ့ပစ္စည်းကို ၀ယ်ချင်လာအောင် ဓါတ်ပုံအကောင်းဆုံး စတူဒီယိုခန်းလေးတစ်ခုနဲ့ ရိုက်ပါတယ်။

 

ပစ္စည်းကို စင်ကာပူစာတိုက်က ပို့ပေးတဲ့အတွက် ပျောက်ဆုံးမှု ၂% လောက်ရှိပါတယ်။ ပိုသေချာတာကတော့ Register Parcel လုပ်ရပါ တယ်။ အလွန်အလုပ်ရှုပ်ပါတယ်။

 

အရေးအကြီးဆုံးက မိမိအွန်လိုင်း ရောင်းချတဲ့ ကုန်ပစ္စည်းများဟာ BAD Customer Complaint မရဖို့ဖြစ်ပါတယ်။ လူတွေက ကြိုက်ရင်ငြိမ်နေ တတ်ပေမဲ့၊  မကြိုက်ရင်၊ ရှေ့မှာမပြောပေမဲ့ အွန်လိုင်းမှာတော့ ကွန်မင့်တွေ ကြောက်စရာ၊ တစ်အိတ်တစ်ဆိတ်လုပ်ပြီး ရေးတတ်ပါတယ်။ ဒါကြောင့် ရောင်းမဲ့ပစ္စည်းဟာ ကွာလတီကောင်းအောင် အထူးဂရုစိုက်ရပါတယ်။

 

ပစ္စည်းအားလုံးဟာ တရုပ်ပြည် ထုတ်လုပ်ခြင်းဖြစ်လို့ တရုပ်ပြည်ကို ကိုယ်တိုင်သွားပြီး ပစ္စည်းကောင်းများကို ရှာရပါတယ်။ ယခုအချိန်ထိ

၁။ စကားပြန်အားမကိုးပဲ မိမိရဲ့ကြိုးစားပြင်ဆင်၊ ကုန်ထုတ်လုပ်ရုံများကို ကိုယ်တိုင်ကြည့်ရှုဝယ်ယူမှု

၂။ ခရီးသွားချိန်မှာ အတတ်နိုင်ဆုံး ၅ပါးသီလလုံခြုံအောင်ကြိုးစားမှု

 

ဒီ၂ချက်ကြောင့်ပဲ၊ ကုန်ပစ္စည်းကောင်းများ ရရှိခဲ့ပါတယ်။ တရုပ်ပြည်က ပစ္စည်းညာရောင်းခံရတာမျိုး စင်ကာပူက လုပ်ငန်းရှင်များစွာ ကြုံရပေမဲ့၊ မိမိမှာတော့ တမင်သက်သက် Cheat လုပ်ခံရတာမျိုးမရှိပါဘူး။ အမြတ်လည်း အများကြီးတင်မရောင်းပါဘူး။ ရေရှည်လုပ်ကိုင်မဲ့ လုပ်ငန်းဖြစ်လို့ပါ။ လောဘတော့ လူသားပီပီရှိပါတယ်။ မတရားလောဘမရှိအောင် ဘုရား၊တရားနဲ့ ကျင့်ကြံ၊ လုပ်ကိုင်၊ နေထိုင်ရပါတယ်။

 

သူရဲ့မိဘများဟာ မြန်မာပြည်မှာ မှန်ကန်စွာနေထိုင်၊ လုပ်ကိုင်ကြတဲ့ ၀န်ထမ်းမိဘများ ဖြစ်ပါတယ်။ မိဘ၊ဆရာ၊သဃာ – ဘရားတရားကို လေးစား၊လိုက်နာ နေထိုင်သူများဖြစ်ပါတယ်။ ကိုယ့်မိဘများရဲ့ တည်တံ့တဲ့ဂုဏ်သိက္ခာကို အမြဲဝမ်းမြောက်ကျေနပ်သူ တစ်ဦးဖြစ်ပါတယ်။

 

လွန်ခဲ့သော ၁၅နှစ်လောက်က ဆီမီးကွန်ဒတ်တာ Chartered Semiconductor Manufacturing (Global Foundry)  မှာ သူဟာ စင်ကာပူ Temasak Poly က အီလက်ထ၇ွန်းနစ်ကျောင်းဆင်းပထမဆုံးမြန်မာအုပ်စုများအဖြစ် အလုပ်စတင်လုပ်ဖြစ်ပါတယ်။ သူတို့အုပ်စုရဲ့ အထင် ရှားဆုံးလုပ်ဆောင်ချက်ကတော့

 

၁။ ကြိုးစားတယ်။ အားလုံးအကျအရံးမရှိပဲ ကျောင်းပြီး၊ဘွဲ့ရ၊အလုပ်ကောင်း ရရှိကြပါတယ်။

၂။ မြန်မာလူထုကို ပညာရေးသည်သာ နံပါတ်(၁)ဖြစ်ကြောင်း လက်တွေအသိပေး၊ပြနိုင်ခြင်း။

၃။ ပထမဆုံး Temasak Poly အငြိမ့်ကို တည်ထောင်ပြီး၊ မြန်မာစစ်အစိုးရကို အပြုသဘောဝေဖန်ခဲ့တယ်။ သူတို့ရဲ့ ဗွီဒီယိုအခွေဟာ မြန်မာထိပ်ပိုင်းစစ်ဗိုလ်ကြီးများအထိ ပေါက်ရောက်ခဲ့ပါတယ်။ ။ နောက်ပိုင်း ပိုက်ဆံပေး၊ ၁၀ တန်းအောင်လက်မှတ်တုများကြောင့် မြန်မာပေါ်လီ ကျောင်းသားများ စာမေးပွဲအကျများလာလို့ စင်ကာပူက လူတွေ့မေးမြန်းရွေးချယ်စနစ်ကို ပြောင်းလိုက်ရပါတယ်။

 

လူငယ်ဘ၀အတိုင်း အလုပ်ထဲရောက်တော့ မြန်မာများစုဝေးပြီး၊ အုပ်စုတစ်ခုအဖြစ် နေထိုင်ခဲ့တယ်။ အလုပ်က ဌာနပေါင်းစုံ အသစ်ရောက် တာတဲ့ မြန်မာများနဲ့ လဘက်ရည်ချိန်၊ ထမင်းစားချိန်များမှ ရင်းနှီးစွာ စကားပြောဆို၊ ပံ့ပိုးကူညီကြပါတယ်။ တဖြေးဖြေး ကုမ္ပဏီမှာမြန်မာများ ၁၅၀ယောက်အထိ စုစည်းလာပါတယ်။ မြနမာအားလုံး ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ စိတ်ကူး၊ ကြိုးစားကြပါတယ်။ တချို့ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကြတယ်။ ရုန်းကန်ရတယ်။ ကိုအုတ်စိုးတို့လည်း ၀ါသနာပါသူအုပ်စုတစ်ခု စုပေါင်းပြီး ပငိနီစူလာမှာ ဆိုင်တစ်ခု စုပေါင်းလုပ်ကိုင်ပါတယ်။ မြန်မာများ စုပေါင်းလုပ်တဲ့အလုပ် (ဆိုင်ခန်း) မအောင်မြင်ပါဘူး။

 

ကိုအုတ်စိုး အချိန်ပိုင်းတက်တဲ့ ဘွဲ့တခု ၅နှစ်အကြာမှာ ရရှိပါတယ်။ မြန်မာပြည်က ရောက်လာကျောင်းတက်တဲ့၊ စိတ်တူကိုယ်တူ မိန်းက လေးနဲ့ တွေ့ပြီး အိမ်ထောင်ကျတယ်။ သမီးငယ်တစ်ယောက် ရတယ်။ လစာပိုကောင်းတဲ့ Infineon ဂျာမဏီကုမ္ပဏီကို အလုပ်ပြောင်းပါတယ်။

 

၂၀၀၉မှာ စင်ကာပူ အွန်လိုင်း ပစ္စည်းရောင်းလုပ်ငန်း၊ အများအပြားခေတ်စားလာချိန်မှာ ကိုအုတ်စိုးလည်း ကလေးနဲအမျိုးသမီးပစ္စည်းများ ဒေါ်လာ တစ်ဆယ်၊ ဆယ်ငါးကျပ်တန်လေးတွေ အွန်လိုင်းမှာ ကြော်ငြာပြီးရောင်းချိန် သူ့ရဲ့ ဆိုက်ကို လူကြိုက်များလာပါတယ်။ အဓိကတော့ သေချာပေါက်၊ ကွာလတီ ကောင်းတွေကိုပဲ ရှာတင်တယ်။ အမြတ်လည်း ထိုက်သင့်သလောက်ယူတယ်။ စင်ကာပူစာတိုက်ကို ကိုယ်တိုင်သွားပို့ပြီး Home Delivery လုပ်ခဲ့တယ်။ Customer များရဲ့ ကျေနပ်မှုကို ရရှိပြီး၊ သာမန်လုပ်ငန်းတစ်ခုအဖြစ် အရောင်းဝယ်ဖြစ် လာပါတယ်။ ဇနီးသည်ကို အချိန်ပြည်အလုပ်လုပ်စေပြီး၊ တစ်နှစ်ကျော်လောက်မှာ အမြတ်ငွေနဲ့ လူတစ်ယောက်လစာလောက် ရရှိလာပါတယ်။ ဆိုင်ခန်းတစ်ခုကို ငှားရမ်းပြီး နေ့ရောညပါ၊ တစိုက်တမတ် လုပ်ကြပါတယ်။

 

● ကိုယ်ပိုင်လုပ်ငန်းဆိုင်ခန်းဖြင့် စတင်ခြင်း

ရောင်းမဲ့ပစ္စည်းကို ၀ယ်ချင်လာအောင် ဓါတ်ပုံအကောင်းဆုံးရိုက်ပါတယ်။ (စတူဒီယိုခန်းလေးတစ်ခု လုပ်ထားပါတယ်) ပစ္စည်းကို စင်ကာပူ စာတိုက်က ပို့ပေးတဲ့အတွက် ပျောက်ဆုံးမှု ၂% လောက်ရှိပါတယ်။ ပိုသေချာတာကတော့ Register Parcel လုပ်ရပါတယ်။ အလွန်အ လုပ်ရှုပ်ပါတယ်။ မိသားစု လုပ်ငန်းအဖြစ်ပြောင်းလာပါတယ်။

 

လွန်ခဲ့တဲ့ ၂နှစ်လောက်မှ ကိုအုပ်စိုး ၀င်ငွေကောင်း၊ အေးအေးနေရတဲ့ ဆီမီးကွန်ဒက်တာ အင်ဂျင်နီယာအလုပ်က အပြီးထွက်လိုက်ပြီး၊ အချိန်ပြည့် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါတယ်။ ဇနီးမောင်နှံ၂ယောက် နေ့ရောညပါ၊ လုပ်ရင်း Delivery အထုပ်ကြီးများကို taxi ငှားပြီး စာတိုက်ပို့တဲ့ အလုပ် ကိုယ်တိုင်လုပ်စရာမလိုတော့ပါ။ 10% of sale volume ကို Delivery ကုမဏီကို ငှားလိုက်ပါတယ်။ ဆိုင်အထိ လာယူပြီး၊ ပိုမိုမြန်ဆန်စွာ လုပ်ကိုင်ပေးပါတယ်။

 

အရေးအကြီးဆုံးက မိမိအွန်လိုင်း ရောင်းချတဲ့ ကုန်ပစ္စည်းများဟာ BAD Customer Complaint မရဖို့ဖြစ်ပါတယ်။ လတွေက ကြိုက် ရင်ငြိမ်နေတတ်ပေမဲ့၊ မကြိုက်ရင်၊ ရှေ့မှာမပြောပေမဲ့ အွန်လိုင်းမှာတော့ ကွန်မင့်တွေ ကြောက်စရာ၊ တစ်အိတ်တစ်ဆိတ်လုပ်ပြီး ရေးတတ်ပါ တယ်။ ဒါကြောင့် ရောင်းမဲ့ပစ္စည်းဟာ ကွာလတီကောင်းအောင် အထူးဂရုစိုက်ရပါတယ်။

 

ပစ္စည်းအားလုံးဟာ တရုပ်ပြည် ထုတ်လုပ်ခြင်းဖြစ်လို့ တရုပ်ပြည်ကို ကိုယ်တိုင်သွားပြီး ပစ္စည်းကောင်းများကို ရှာရပါတယ်။ ယခုအချိန်ထိ

 

၁။ စကားပြန်အားမကိုးပဲ မိမိရဲ့ကြိုးစားပြင်ဆင်၊ ကုန်ထုတ်လုပ်ရုံများကို ကိုယ်တိုင်ကြည့်ရှုဝယ်ယူမှု

၂။ ခရီးသွားချိန်မှာ အတတ်နိုင်ဆုံး ၅ပါးသီလလုံခြုံအောင်ကြိုးစားမှု

 

ဒီ၂ချက်ကြောင့်ပဲ၊ ကုန်ပစ္စည်းကောင်းများ ရရှိခဲ့ပါတယ်။ တရုပ်ပြည်က ပစ္စည်းညာရောင်းခံရတာမျိုး စင်ကာပူက လုပ်ငန်းရှင်များစွာ ကြုံရပေမဲ့၊ မိမိမှာတော့ တမင်သက်သက် Cheat လုပ်ခံရတာမျိုးမရှိပါဘူး။ အမြတ်လည်း အများကြီးတင်မရောင်းပါဘူး။ ရေရှည်လုပ်ကိုင်မဲ့ လုပ်ငန်းဖြစ်လို့ပါ။

 

အခုချိန်မှာတော့ မိသားစု စင်ကာပူမှာ မကြောင့်မကျ နေထိုင်မဲ့ ကိုယ်ပိုင်အလုပ်တစ်ခုကို ရရှိခဲပါပြီ။ လောဘတော့ လူသားပီပီရှိပါတယ်။ မတရားလောဘမရှိအောင် ဘုရား၊တရားနဲ့ ကျင့်ကြံ၊ လုပ်ကိုင်၊ နေထိုင်ရပါတယ်။

 

ဒီနှစ်ပိုင်း မြန်မာပြည်ပြုပြင်ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံကို သွားရောက်ပြီး Business Opportunity ကို သွားကြည့်ပါတယ်။ စိတ်ပျက်စရာ ငွေအင်အားကြီးသူများရဲ့ အိမ်မြေ၊ လုပ်ငန်းများ၊ မြန်မာများရဲ့ စရိုက်ဟောင်းများစွာ တွေ့ရပါတယ်။ ဒါကို ပြသနာလို့ မခံယူပါဘူး။ Opportunity အခွင့်အလမ်းလို့ပဲ မှတ်ယူပါတယ်။ မြန်မာပြည်ကို ကိုယ်တိုင် သွားပြီးအချိန်ပြည့်၊ အချိန်ပိုင်း လုပ်ငန်းလုပ်ဖို့ ကိုအုတ်စိုးမှာ အချိန်မရှိပါ။

 

● မြန်မာပြည်အတွက် ဘာလုပ်ပေးနိုင်ပါသလဲ။ (Opportunity)

 

● Situation Analysis အခြေအနေလေ့လာခြင်း

၁။ တရုပ်ပြည်ဟာ တကမ္ဘာလုံး စီးပွားရေးကို အဓိကနေရာမှ ပါဝင်နေပါတယ်။ ကိုအုတ်စိုး တရုပ်ပြည်ကို အကြိမ်ပေါင်းများစွာ ပစ္စည်းသွားရောက်ဝယ်ယူရပါတယ်။ အခုဆို တစ်လကို အနည်းဆုံး ၂ခေါက် ကွမ်ကျို့၊ ရှန်ကုန စတဲ့မြို့ကြီးများက ကုန်ထုတ်အလုပ်ရုံများကို သွားရောက်ဝယ်ယူရပါတယ်။ ကုန်စည်ပြပွဲတိုင်းကို အခမဲ့ တက်ရောက်လေ့လာပါတယ်။ ရိုးသားမှန်ကန်စွာလုပ်ကိုင်နေသူများစွာ ရှိပါတယ်။ မိမိလည်း တရုပ်စာ၊စကား အနည်းကျဉ်းပြောတတ်ပေမဲ့ တရုပ်ပြည်က မိမိကို နိုင်ငံခြားသားအဖြစ်ပဲ မြင်ပါတယ်။ အကြိမ်များစွာ သွားရောက်၊ လေ့လာ၊ မေးမြန်း၊ပြောဆိုမှုများကြောင့် တရုပ်ပြည်မှာ ကုန်ပစ္စည်းကောင်းများ အထူးသဖြင့် အနောက်နိုင်ငံ နဲ့ တကမ္ဘာလုံးကို ရောင်းနိုင်ဖို့ ကွာလတီကောင်းကောင်း ပစ္စည်းများထုတ်လုပ်တဲ့ နေရာများကို ကောင်းကောင်းသိလာပါတယ်။

 

၂။ ဥပမာ .. မြန်မာပြည်က အလွန်ကြီးမားလှတဲ့ လူပေါင်းသိန်းနဲ့ချီ အလုပ်ခန့်တဲ့ အထည်ချုပ်စက်ရုံများအတွက်၊ စက်ပစ္စည်း (စက်ချုပ်စက် အပိုပစ္စည်းများ)၊ ကုန်ကြမ်း အ၀တ်စ၊ အပ်ချည်လုံး စတဲပစ္စည်းတွေကို အလွန်ကောင်းတဲ့ အလုပ်ရုံများကို တွေ့ခဲ့ပါတယ်။ ထုတ်ကုန် ကွာလတီထိန်းနိုင်ဖို့ဆိုရင် တစ်မျိုးထဲကို ထုတ်ရောင်းချမှဖြစ်မှာမို့ တရုပ်အပ်ချည်လုံး ထုတ်လုပ်သူဟာ အပ်ချည်တစ်မျိုးတည်းကိုပဲ ထုတ်လုပ်နေတာ တွေ့ရပါတယ်။ အပ်ချည်လုံးရောင်းတဲ့ ဈေးမှာဆိုရင် မြို့ကြီးတစ်မြို့အလား အပ်ချည်လုံးအမျိုးစား အမြောက်အများ ဈေးပွဲကြီးတစ်ခုလို အချိန်ပြည့်ရောင်းနေတာ တွေ့ရပါတယ်။ Customer Reject ဆိုတာက အရောင်လေးနဲနဲ့မှိန်နေရင်လဲ Reject ဖြစ်ပါတယ်။ အဲဒီလိုအပ်ချည်မျိုးကို မြန်မာ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေခ်ျတွေက ကြီးမားလှတဲ့ အထည်ချုပ်စက်ရုံများကို သွင်းခွင့် Opportunity ရဖို့ပဲလိုပါတယ်။ ကိုအုတ်စိုးကတော့ သူရောင်းမဲ့ပစ္စည်း အရည်အသွေးကောင်းတဲ့ တရုပ်ထုတ်လုပ်သူကို ရှာနိုင်ပြီလို့ ယုံကြည်ပါတယ်။

၃။ လောလောဆယ် ကိုယ်လုပ်ငန်းကို ဇနီးသည်က ဦးစီးလုပ်ကိုင်ပါတယ်။ လက်ရှိ အွန်လိုင်းမှာ ရောင်းချနေတဲ့ အမျိုး ၁၀၀၀ ကျော်ရှိတဲ့ ပစ္စည်းကွာလတီနဲ့ဝယ်ရင်းဈေးကို ကိုအုတ်စိုးသိပါတယ်။ ပစ္စည်းအားလုံးရဲ့ ရောင်းဈေးနဲ့ Customer deal ကို ဇနီးသည်က လုပ်ကိုင်ပါတယ်။

 

အထက်ပါအချက်များအရ ကိုအုတ်စိုး မြန်မာပြည်အတွက် လုပ်ကိုင်ပေးလိုတဲ့ ဟာကွက်တစ်ခုကို မြင်မိပါတယ်။ မြန်မာပြည်မှာ ရောင်းနေတဲ့ ကလေးအ၀တ်အစားများနဲ့ မိန်မအသုံးအဆောင်များဟာ အင်မတန်ညံဖျင်းတဲ့ ပစ္စည်းများဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်ညံ့တဲ့ ကွာလတီကို ကိုအုတ်စိုး စင်ကာပူမှာရောင်းတဲ့ဈေးနဲ့ ရောင်းချနေသလဲဆိုတာ .. ရောင်းသူ၊ ၀ယ်သူ ၂ဦးစလုံးရဲ့ အားနည်းချက် ကြောင့်ဖြစ်ပါတယ်။ ပစ္စည်းညံ့တွေဟာ တရုပ်ပြည်မကြီးကို ဖြတ်လာပြီး၊ တရုပ်ပြည်က အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ယူနန်နယ်မှာ အမြတ်ကြီးစား လာရောင်းကြပါတယ်။ ယူနန်တရုပ်များကလည်း ၀ယ်သုံးကြပါတယ်။ သူတို့က ထပ်ပြီး ဈေးပေါပေါ ပစ္စည်းတွေကို ယူနန်တရုပ်ထက် ၄ဆလောက် ဆင်းရဲတဲ့ မြန်မာပြည်ကို လာရောင်းကြပြန်တယ်။ သူတို့ဝယ်ရင်းဈေးက ကြီးပြီး၊ အမြတ်ထပ်တင်ပါတယ်။ ဒီတော့ ခပ်ညံ့ညံ့ပစ္စည်းဈေးနှုန်းက စင်ကာပူမှာရောင်းနေတဲ့ အကောင်းစားပစ္စည်းနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး၊ ဈေးလည်း အတူတူဖြစ်နေပါတယ်။

 

ဒါကြောင့် ကွာလတီကောင်းတဲ့ လူသုံးကုန်ပစ္စည်းများကို မြန်မာပြည်က ပစ္စည်းကောင်းသုံးလိုသူများအတွက် ရောင်းချပေးလိုပါတယ်။ မြန်မာပြည်ကိုလည်း မကျွမ်းကျင်တော့ အဲဒီမှာသွားထိုင်လုပ်ကိုင်ဖို့ မြန်မာပြည်တွင်းက လုပ်ငန်းရှင်များကိုပဲ မျှော်လင့်ပါတယ်။ အခုလည်း မြန်မာပြည်ရောက်နေတဲ့ နိုင်ငံခြား၊ စားသောက်ကုန် Coca Cola, Calsburg Beer, Milk Powder, စတဲ့ ကုမ္ပဏီကြီးများက သူတို့ရဲ့ အရောင်းဆိုင်များစွာအတွက် ဘောပင်၊ နုတ်ဘုတ်၊ Tumb Drive, Key Change .. စတဲ့ ကွာလတီကောင်းကောင်း ပစ္စည်းတွေကို ကိုအုတ်စိုးဆီက မှာကြပါတယ်။

 

● နောင်နှစ်အနည်းငယ်အတွက် ရည်မှန်းချက်

မြန်မာလူထုအတွက် ကွာလတီကောင်းတဲ့ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာနဲ့၊ အသုံးပြုနိုင်ဖို့ ကြိုးစားချင်ပါတယ်။ တရုပ်ပြည်က အနောက်နိုင်ငံများအတွက် ထုတ်လုပ်တဲ့ လုပ်ငန်းများ Business Contacts ကို အသုံးချပါမယ်။ ၁၀% အမြက်တင်ပြီး ရောင်းချပေးလိုပါတယ်။ ၀ယ်ရင်းဈေး၊ ပင်ရင်းဌာနကိုလည်း အသိပေးနိုင်ပါတယ်။ ကိုယ်တိုင်သွားဝယ်နိုင်သူများ အချိန်၊ ငွေ၊ လူအားသုံးနိုင်ရင် ကိုယ်တိုင်သွား ၀ယ်ကြပေါ့။ တကြိမ်သွားဝယ်ကြည့်မှ သြော်..တရုပ်ပြည်သွားရတာ တယ်မလွယ်ပါလား ဆိုတာသိရပါမယ်။ ပုံမှန်လုပ်ဆောင်ဖို့၊ ကွာလတီကောင်း လူသုံးကုန်ပစ္စည်းများကို သူရရှိထားတဲ့ Business Contacts များထံမှ ၀ယ်ယူ၊ တဆင့်ရောင်းချပေးလိုပါတယ်။

 

ကလေးများ၊ အမျိုးသမီးများ၊ လူသုံးကုန်ပစ္စည်းများကို စင်ကာပူမှာ Online ၀ယ်လိုသူ၊ ရောင်းချလိုသူများအတွက် ကိုအုတ်စိုးတို့ ဇနီးမောင် နှံရဲ့ ၀က်ဆိုက်ကို လေ့လာနိုင်ပါတယ်။

 

● မြန်မာပြည်အတွက် စင်ကာပူမှတဆင့် လုပ်ပေးလိုသည်

Business Opportunity ကို မြန်မာပြည် ပြန်သွားကြည့်ခဲ့ပြီး ကိုအုတ်စိုးရဲ့အမြင်ကို အထက်မှာ ဖေါ်ပြခဲ့ပါပြီ။  အကျဉ်းချုပ် ပြန်ရေးရရင် ကိုယ်နဲ့ဆိုင်တဲ့ Opportunity အခွင့်အလမ်း တွေ့ရှိချက်တစ်ခုကတော့ မြန်မာလူထုအတွက် ကွာလတီကောင်းတဲ့ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာနဲ့၊ အသုံးပြုနိုင်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ တရုပ်ပြည်က အနောက်နိုင်ငံများအတွက် ထုတ်လုပ်တဲ့ လုပ်ငန်းများ Business Contacts ကို အသုံးချပါမယ်။ ၁၀% အမြက်တင်ပြီး ရောင်းချပေးနိုင်ပါတယ်။ ၀ယ်ရင်းဈေး၊ ပင်ရင်းဌာနကိုလည်း ဘယ်က၀ယ်သလဲ အသိပေးနိုင်ပါတယ်။ ကိုယ်တိုင်သွားဝယ်နိုင်သူများ အချိန်၊ ငွေ၊ လူအားသုံးနိုင်ရင် ကိုယ်တိုင်သွားဝယ်ကြပေါ့။ တကြိမ်သွားဝယ်ကြည့်မှ သြော်..တရုပ်ပြည်သွားရတာ တယ်မလွယ်ပါလား ဆိုတာသိရပါမယ်။  ပုံမှန်လုပ်ဆောင်ဖို့၊ ကွာလတီကောင်း လူသုံးကုန်ပစ္စည်းများကို သူရရှိထားတဲ့ Business Contacts များထံမှ ၀ယ်ယူ၊ တဆင့် မြန်မာပြည်သို့ ရောင်းချပေးလိုပါတယ်။ လုပ်နိုင်တဲ့ ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း များစွာရှိပါတယ်။ ပင်လယ်ရေကုန်အောင် မသောက်နိုင်သလို၊ ဒီလုပ်ငန်းကိုလည်း တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ သူရဲ့ဆိုင် Online Store ကကတော့ ကလေးများ၊ အမျိုးသမီးများ၊ လူသုံးကုန်ပစ္စည်းများကို စင်ကာပူမှာရောင်းချခြင်းဖြစ်ပါတယ်။  လေ့လာနိုင်ပါတယ်။ မြန်မာပြည်အတွက် ရောင်းချလိုသူများလည်း ကူညီပေးနိုင်ပါတယ်။

Eindra Store  BBY. LADY & IPHONE ACCESSORIES
Website:  www.eindrastore.com   Email: eindrastore@yahoo.com.sg
အင်တာဗျူးသူ။  ဝတ်မှုန် (စင်ကာပူ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Quality Product for Myanmar – မြန်မာလုပ်ငန်းရှင် လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း ၂၀၁၄

Comments are closed.