သတင်းဆောင်းပါး မောင်ရင်ငတေ

ရောက်တတ်ရာရာ အတိုအစများ

ဝီကီပီဒီယာရဲ့ အလွဲများ
မောင်ရင်ငတေ
မတ်လ ၁၀၊ ၂၀၁၄
အင်္ဂလိပ် ဝီကီရဲ့ Christian Dior ရက်စွဲအလွဲ
ပြင်သစ် ဝီကီ Christian Dior
ဂျာမန် ဝီကီ Christian Dior
အင်္ဂလိပ် ဝီကီရဲ့ အလွဲအမှားတခုပါ၊ Christian Dior ရဲ့ မွေးတဲ့ခုနှစ်ကို အလယ်က စာကိုယ်နေရာမှာ 21 January 1905 လို့ရေးထားပြီး ညာဘက်နေရာမှာတော့ 12 February 1947 လို့ ရေးထားတာကို တွေ့ရပါတယ်၊
http://en.wikipedia.org/wiki/Christian_Dior
ပြင်သစ် ဝီကီမှာတော့ မွေးရက်ကို 21 janvier 1905 လို့ ရေးထားပြီး သေတဲ့ရက်ကတော့ အင်္ဂလိပ် ဝီကီရဲ့ ရက်စွဲထက် တရက်နောက်ကျပြီး 24 octobre 1957 မှာ သေပါတယ်၊
http://fr.wikipedia.org/wiki/Christian_Dior
ဂျာမန် ဝီကီမှာတော့ ပြင်သစ် ဝီကီအတိုင်း မွေးတဲ့နေ့ သေတဲ့နေ တူညီတာကို တွေ့ရှိရပါတယ်၊
http://de.wikipedia.org/wiki/Christian_Dior
နောက် အလွဲတခုကတော့ ဗမာ ဝီကီရဲ့ အလွဲကြီးလွဲတဲ့ အမှားတခုပါ၊ ကမ္ဘာကျော် ပန်းချီဆရာကြီး Vincent Willem van Gogh ဗင်းဆင့် ဝီလျှံ ဗန်ဂိုး (၁၈၅၃-၁၈၉၀) ရေးဆွဲခဲ့ပြီး သူမကွယ်လွန်ခင် ရောင်းချခဲ့ရတဲ့ တချပ်တည်းသော ပန်းချီကားဖြစ်ခဲ့တဲ့ La Vigne rouge (à Montmajour) The Red Vineyard (Arles) ပန်းချီကားအစား Cyprès (Cypresses) ဆိုက်ပရပ်စ်ပင် ပန်းချီကားချပ်ကို ဖေါ်ပြရေးသား ထားတာကို တွေ့ရှိရတာပါ၊ မောင်ရင်ငတေတို့လည်း ဟိုစပ်စပ်ဒီစပ်စပ် ဖတ်ပြီးတော့ အတိုအစမျိုးစုံကို ရေးသားနေတာမှာ အမှားများစွာ ပါရှိခဲ့ဖူးပါတယ်၊ တတ်စွမ်းနိုင်သမျှတော့ အမှား ကင်းအောင် ကြိုးစားရေးပါတယ်၊ မောင်ရင်ငတေ ရေးသားတာတွေကို ဖတ်ရှုမိသူက နည်းပါးလှပြီး ဝီကီပီဒီယာလို လူဖတ်များလာတဲ့ အင်တာနက် စာမျက်နှာတွေမှာ ရေးသားနေသူတွေကတော့ ပိုမို အမှားကင်းအောင် ရေးစေလိုတာပါ၊ ဝီကီပီဒီယာရဲ့ သဘောသဘာဝကိုက သိရှိသူ နားလည်သူများ မည်သူမဆို ပါဝင်ရေးသားနိုင်ပြီး နောက်ပိုင်းမှာ အမှားပြင်ဆင်ရန် ပါရှိပြီး ဒီအချက်အလက်တွေကို ကိုးကားတော့မယ်ဆိုရင် သေချာစစ်ဆေး ကြည့်ကြဖို့ သတိထားကြဖို့ တိုက်တွန်း လိုက်ပါတယ်၊
ဗမာ ဝီကီရဲ့ ဆိုက်ပရပ်စ်ပင်
ပြင်သစ် ဝီကီ La Vigne rouge
အင်္ဂလိပ် ဝီကီ The Red Vineyard
https://en.wikipedia.org/wiki/Vincent_van_Gogh

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts