သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း MCEA နှင့် စင်ကာပူ SBF တွေ့ဆုံနှီးနှောပွဲ (သတင်းဆောင်းပါး)

ဇော်အောင် (မုံရွာ)
မတ်လ ၉၊ ၂၀၁၄

MCEA Myanmar Construction Entrepreneurs Association မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း နှင့် စင်ကာပူမှ Singapore Business Federation တို့၏ SBF Seminar ကို ၆-မတ်လ-၂၀၁၄တွင် စင်ကာပူရှိ 21 ထပ်၊ Keppel Tower စည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။ မြန်မာပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ၂၅ခုခန့်၏ မြန်မာကိုယ်စားလှယ်များနှင့် စင်ကာပူမှ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်ပေါင်း ၁၀၀ခန့်တို့ တစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။

 

နှစ်နိုင်ငံမှာ လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသူများ၊ မီဒီယာနှင့် အစိုးရအရာရှိများ စုစုပေါင်း ၁၅၀ခန့် ပါဝင်တက်ရောက်ကြသည်။ မြန်မာပြည်မှလုပ်ငန်းရှင်များသည် Marina Orchard Hotel တွင် တည်းခိုပြီး၊ စင်ကာပူအဖွဲ့မှာ ညစာစားပွဲကို Botany Garden တွင် ပြုလုပ်ကာ၊ နှစ်ဦးနှစ်ဖက် ရင်းနှီးမှု စတင်ခဲ့သည်။ နောက်တစ်နေ့ နှီးနှောဖလှယ်ပွဲတွင် ဦးစွာပထမ ပွဲစီစဉ်သူ Sphere နှင့် ie Singapore တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊

 

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များစွာကို ie Singapore မှ တင်ပြခဲ့သည်။ အထူးသဖြင့် စင်ကာပူမှ စီးပွားလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှတ်နှံရန် အားပေးသည့် နှီးနှောဖလှယ်ပွဲဖြစ်သည်။

 

DBS Bank မှလည်း မြန်မာနိုင်ငံငွေကြေးပြုပြင်ပြောင်းလဲမှုများကို အချက်လက်များစွာဖြင့် တင်ပြသွားသည်။ အထူးသဖြင့် ၂၀၀၀ ခုနှစ် ဗီယက်နမ်နိုင်ငံ ငွေကြေးမကိုင်တွယ်နိုင်မှုကို နမူနာယူပြီး၊ ထိုကဲ့သို့မဖြစ်ရန် မက်ကရိုငွေကြေးစီမံကိန်း စနစ်တကျရှိဖို့လိုကြောင်း တင်ပြသွားသည်။

 

LP Law Firm မှလည်း မြန်မာနိုင်ငံတွင်ရင်းနှီးမြှတ်နှံမှုဥပဒေများ၊ ကုမ္ပဏီဥပဒေ၊ ဖက်စပ်၊ ၈၀%၊ ၁၀၀% လုပ်ကိုင်နိုင်မှု ဥပဒေများကို တင်ပြသွားသည်။ အထူးသဖြင့် New York Convention ကို မြန်မာနိုင်ငံမှ ၂၀၁၃တွင် လက်မှတ်ထိုးခဲ့ပြီ၊ နိုင်ငံခြားကုမ္ပဏီများ၏ ငွေ၊ ကုန်ကြမ်း၊ စက်ပစ္စည်း Money, Material, Machine ရင်းနှီးမှုများကို ဥပဒေနည်းဖြင့် ကာကွယ်ပေးမည် ဟု မြန်မာအစိုးရက လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။ ကမ္ဘာဘဏ်မှ Political Risk အာဏာသုံးပြီး စီးပွားလက်ဝါးအုပ်မှုများကို ဥပဒေဖြင့်ကာကွယ်မည့် ကမ္ဘာ့ဘဏ်အေးဂျင့်Multilateral Investment Guarantee Agency ကိုစတင်ခဲ့ပြီဖြစ်သော်လည်း အစိုးရဥပဒေအဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်မှု လိုအပ်နေဆဲဖြစ်သည် ဟုတင်ပြခဲ့သည်။

 

မြန်မာနိုင်ငံ MCEA ကိုယ်စားလှယ် ဦးတင်မောင်နိုင်က တစ်နာရီခန့် မြန်မာအစိုးရနှင့်လုပ်ငန်းရှင်များအကြောင်း တင်ပြခဲ့သည်။  မြန်မာဆိုင်ရာအချက်လက်များမှာ စင်ကာပူအစိုးရလူငယ်များစွာ ပြည်စုံစွာတင်ပြသွားပြီးဖြစ်၍ အနည်းငယ်မျှသာ ပြောခဲ့သည်။ အထူးသဖြင့် မြန်မာလူမျိုးများနှင့် စင်ကာပူလုပ်ငန်းရှင်များသည် နှစ်ပေါင်းများစွာ အတူနေထိုင်၊ နားလည်နေပြီဖြစ်ကြောင်း၊ မြန်မာများ၏ အလုပ်ကိုင်၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုလိုအပ်ချက်များကို စင်ကာပူနိုင်ငံမှ စနစ်ကျစွာ လုပ်ကိုင်ပေးသဖြင့်၊ အားကိုးရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးရာတွင် အမြတ်အစွန်းရရှိရေးသည် အဓိကဖြစ်သော်လည်း ရင်းနှီး၊ခင်မင်မှု၊ မြန်မာနိုင်ငံ တိုးတက်ရေးများအတွက် စေတနာပေးကြမည်ဟုလည်း မျှော်လင့်ကြောင်း ပြောပြသွားခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်း အခွင့်အရေးများစွာ ကွန်ဒို၊ ရုံးအဆောက်ဦ၊ ဟံသာဝတီ (ပဲခူး)လေဆိပ်ကို ၅နှစ်ခန့်တွင်း အမြန်လုပ်ဆောာင်ပြီး၊ ကမ္ဘာ့ခရီးသည်များကို ဝန်ဆောင်မှုပေးနေခြင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှတ်နှံမှုများကို အားပေးဖေါ်ပြသွားပါသည်။

 

မြန်မာအဖွဲ MCEA ဥက္ကဌ ဦးသာဌေးကလည်း စင်ကာပူအဖွဲ့အား ကျေးဇူးတင်စကားပြောသွားသည်။ စင်ကာပူမှ Build Yangon 2014 လုပ်ငန်းရှင်များက ကန်ဒေါ်လာ တစ်သောင်း US $10,000 လှုဒါန်းငွေကို ဥက္ကဌဦးသာဌေးနှင့်ဇနီးတို့က လက်ခံရယူခဲ့သည်။ ထိုအဖွဲ့သည် ရန်ကုန်တွင် စင်ကာပူအဆင့် ရုံးအဆောက်ဦများစွာ ဆောက်လုပ်၊ ရောင်းချ၊ ငှားရမ်းနေသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဒေါ်လာသန်းပေါင်း ရာနှင့်ချီပြီး ကွန်ဒို၊ ရှော့ပင်စင်တာ၊ ရုံးအဆောက်ဦများ ဆောက်လုပ်နေသူ စင်ကာပူလုပ်ငန်းရှင်များစွာလည်း လာရောက်ဆွေးနွေး၊ မိတ်ဆက်ပြောဆိုကြသည်။

 

နေ့လည်စားကို စင်ကာပူအဖွဲ့မှ ကျွေးမွေးပြီး ညနေပိုင်းတွင် အဖွဲ့လိုက်၊ တစ်ဦးချင်း ရင်းနှီးစွာ ဆွေးနွေးသွားကြသည်။

 

စင်ကာပူသည် လက်ရှိ မြန်မာနိုင်ငံ FDI ဒေါ်လာသန်းပေါင်း ၁၈၀၀ကျော်ဖြင့် အဆင့်၆တွင် ရှိနေသည်။ ယခင် ၁၉၉၇ အရှေ့တောင်အာရှငွေကြေးအခက်ခဲမဖြစ်မှီက စင်ကာပူသည် FDI နံပါတ်(၁) ရင်းနှီးမြှတ်နှံခဲ့သူဖြစ်သည်။

Singapore Business Federation http://www.sbf.org.sg
မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဝက်ဆိုဒ်  www.mceamyanmar.com

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts