အခန်းဆက်များ အုန်းနိုင်

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၄)

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၄)
အုန်းနိုင်
● တိုင်းစည်းရုံးရေးမှူးတယောက်ရဲ့ အမှား
နောက်တစ်နေ့ မနက်ကျတော့ အင်းမက သဲကုန်းမြို့နယ်စည်းကော်မတီဝင် ဦးအေး ရောက်လာပါတယ်။ ဦးအေးဟာ  လွတ်လပ်ရေးတိုက် ပွဲဝင်ခေတ် နိုင်ငံရေးသမားဟောင်းကြီးပါ။ သန့်ရှင်း တည်မြဲကွဲပြီးလုပ်တဲ့  ရွေးကောက်ပွဲမှာလည်း  ဝင်အရွေးခံခဲ့ဖူးပါတယ်။ အရွေးတော့ မခံခဲ့ရပါ။  အခု  ရွေးကောက်ပွဲဖြစ်ရင်လည်း သဲကုန်းမြို့ နယ်ရဲ့ တောင်ပိုင်းဖြစ်တဲ့ အင်းမ၊ ဝက်ပုပ်နဲ့ တောင်ဘက်  အင်းမ စစ်တပ်နယ်မြေတို့က နေ အရွေးခံမယ်လို့  လျာထားခံရသူပါ။ သူ့အိမ်က အင်းမမှာရှိပြီး  ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးမှာပါ။
သူက  ကျနော်တို့ဆီ မကြာမကြလာတတ်ပြီး ရုံးမှာလည်း နိုင်ငံရေး  ရှေးဟောင်းနှောင်းဖြစ်များကို  ပြောပြတတ်ပါတယ်။ လူငယ်များ သ ဘောကျအောင် ပြောတတ်ဆိုတတ်ရှိပါတယ်။ အခုလည်း ခါတိုင်းလာသလိုပဲ  အလည်လာတယ်ထင်နေတာပါ။ သူက  အေးအေးဆေး ဆေးထိုင်မိတော့
“ဆရာကြီးရေ …  မနေ့က  ဗိုလ်မှူးမောင်အေးလာတယ်၊ ဆရာကြီးကိုတော့ ဘယ်လိုမှပြောမရဘူး..။ ဦးအေး…ပြောပေးပါဦး..။ အကြောင်းက   ပေါင်းတည်မဲဆန္ဒနယ်အတွက် နှစ်နေရာမှာ ကျွန်တော်တို့ဗဟိုက ဆရာကြီးအတွက် တနေရာပေး ပါတယ်။ ကျန်တဲ့တနေရာကိုသာ အရင် မဆလခေတ် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီးစံဝင်းကို ပေးဖို့ပြောတာ။ ဘယ်လိုမှ ပြောမရဘူးဖြစ်နေတယ်။ အဲဒါ ဦးအေးက ဆရာ ကြီးကိုပြောပေးပါဦးဆိုလို့  လာရတာ..” လို့  ပြောပါတယ်။
ကျနော် တော်တော်အံ့သြသွားပါတယ်။ တနေ့က ဗိုလ်မှူးမောင်အေး ဒီကိစ္စကို  ဘာမှမပြောပါ။ ညွှန်ကြားလွှာတွေရပြီး ကျနော်ကသာ  ဗ ဟိုကိုတနေရာပေးရမယ်ဆိုတဲ့မူကို လက်မခံနိုင်ကြောင်း တောက်လျှောက်ပြောခဲ့တာပါ။ သူက ဦးစံဝင်းတစ်နေရာပေးဖို့ဆိုတာမျိုး တခွန်း တလေမှ  အရိပ်အမြွက်လေးတောင်မဟပါ။ ဒါပေမယ့် ထူးတော့ မထူးဘူးပေါ့။ ကျနော်က ဗဟိုတနေရာပေးရေးမူ လက်မခံဘူးဆိုတော့ သဘောကတော့ အတူတူပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ တိုင်းစည်းတယောက်။ သူပြောရမယ့်စကားကိုတော့ သူ ပွင့်ပွင့်လင်းလင်း တာဝန် အရပြောရမှာပေါ့။ အခုတော့ သူကဘာမှမပြောပဲနဲ့ တခြားမြို့ နယ်က စည်းကော်မတီတယောက်ကို ပြောခိုင်းတာကတော့ သူ့ဘက်က  တာဝန်ပျက်ကွက်တာပါပဲ။
“ဒီမှာ ဦးအေး .. သူ.. ဘယ်သူ့ကို ဘယ်နေရာပေးမယ်၊ ဘယ်သူ့အတွက် ဘယ်နေရာချန်ပါဆိုတာမျိုး လုံးဝမပြောဘူး။ ကျနော်ကသာ   သူ ယူလာတဲ့စာတွေဖတ်လိုက်ပြီး ညွှန်ကြားချက် (၄) နဲ့  (၅) ကို လက်မခံဘူးလို့  တောက်လျှောက်ပြောခဲ့တာပါ။ ညွှန်ကြားချက် (၄) က  မဲ ဆန္ဒနယ် နှစ်နယ်ရှိရင် ဒေသခံကို တနေရာပဲပေးပြီး ကျန်တနေရာကို  ဗဟိုကလျာထားမယ်လို့  တိတိကျကျဆိုထားတာ..။ ဒါကိုသာ လက် မခံဘူးဆိုတာ ကျနော်ပြောခဲ့တာ။ ဒါကိုပဲ သူက အတူတူပဲလို့သဘောထားပြီး ခင်ဗျားဆီရောက်လာတာဖြစ်ရမယ်။ တကယ်တော့ သူ့ တာ ဝန် သူပြောရမှာပေါ့။ အတူတူပဲဖြစ်ဖြစ်…ဘာဖြစ်ဖြစ်ပေါ့…”
ဦးအေးကပြောပါတယ်..။ သူ .. ညွှန်ကြားချက် (၄) နဲ့ (၅) တောင် မကြည့်ရသေးဘူး..။ သူတို့မြို့မှာလည်း  ဒေသခံအဖြစ်   သူ့ကိုရွေးပြီး ဗ ဟိုက (သာယာဝတီ) စန်းစန်းနွဲ့ (တိုင်းစည်း) ကို လျာထားတယ် ပြောပါတယ်။ သူ့ကိုတော့ ဘယ်လိုမှမထင်ဖို့။ ဗိုလ်မှူးမောင်အေးကလွှတ်လို့သာ လာရတာပါလို့လည်း ပြောပါတယ်။ ကျနော်က ….
“ဗိုလ်မှူးမောင်အေးဟာ အတော်ကလေးအဆင့်ရှိတဲ့သူလို့ ကျနော်ထင်ထားတာ..။ သွားပြီ..။ နိုင်ငံရေး  တန်ဖိုးမဲ့သွားပြီ”  လို့  ပြောမိပါတယ်။ သူက ဘာပြုလို့လဲမေးလို့ …
“တစ်အချက်က ..သူဟာ  တိုင်းကတာဝန်နဲ့  လာခဲ့တယ်။ သူ့တာဝန်က ကျနော်တို့မြို့ နယ်ရဲ့တနေရာကို ကျနော့်ကိုလျာထားတယ်။ နောက် တစ်နေရာကိုတော့ ပေါင်းတည်သားဦးစံဝင်းကို လျာထားတယ်ဆိုတာ ပြောရမယ်။ ဒါဟာ..တာဝန်ပဲ။ ကျနော် ကျေနပ်တာ..မကျေနပ်တာကို
နောက်မှဆွေးနွေး။ တာဝန်ရှိတဲ့သူက တာဝန်ကို  တလုံးတစ်ပါဒမှမပြောပဲ ကျနော်က လက်ခံမှာ မဟုတ်ဘူးဆိုပြီး ပြန်သွားတယ်။ ဒါဟာ တစ်အချက်…. လူကြီးမပီသတာပဲ..။ နောက်တချက်ကတော့ ဒီကိစ္စကို သူမပြောပဲ အခြားမြို့နယ်က အမှုဆောင်တစ်ယောက်ကို  တဆင့် ပြော ခိုင်းတယ်။ တမြို့နယ်က  တမြို့နယ်ကို ကူးပြီးစည်းရုံးခိုင်းတယ်။ ဒါဟာ …တိုင်းတာဝန်ယူထားတဲ့သူတယောက် မလုပ်သင့်တဲ့  စည်း ရုံးရေးရာ…အမှားပဲ။ ခင်ဗျားက ခင်ဗျားဘာသာလုပ်နေရင်တောင် သူက တားပေးရမယ့်သူ…”
ဒီတော့ ဦးအေးက “ဟာ ဆရာကြီးကလည်း တရားသူကြီးလုပ်ခဲ့သူပီပီ ဥပဒေပုဒ်မနဲ့ကို လုပ်တော့တာပဲ။ ဒါဆိုရင် ကျွန်တော်ပါ ဒီကိစ္စမှာ တရားခံဖြစ်နေပြန်ပါပြီ” လို့  ရယ်ပြီးပြောပါတယ်။
“‘အေးဗျာ တရားသူကြီးအကျင့်ပါနေတယ်လို့  ထင်ရင်တော့လည်း   မတတ်နိုင်ဘူး၊ ကျွန်တော်ကတော့ နိုင်ငံရေး လုပ်ထုံးလုပ်နည်း၊ စည်းရုံးရေးရာ လိုက်နာရမယ့် စည်းကမ်းအရပြောတာ။ မှန်တယ်..။ ခင်ဗျားလည်း ဒါကိုပြစ်မှုလို့စွဲချက်တင်ရင် ခံရမယ့်သူပဲ…” လို့ ပြန်ပြော လိုက်ပါတယ်။ ခင်ဗျားလည်း သိသားပဲ။ မကြာသေးခင်ကပဲ  ပြည်မြို့က အရန်ဖွဲ့စည်းရေးဆိုပြီး တင်ပြတာကို လက်မခံပဲ ဦးအောင်ရွှေကိုယ်တိုင်  လက်မှတ်ထိုးပြီးထုတ်ထားတဲ့ စာထဲမှာတောင်ပါသေးတယ်။ စကားလုံးတစ်လုံးချင်း မမှတ်မိပေမယ့် တမြို့နယ်က တခြားတမြို့နယ်ကို ကျော်ပြီး တာဝန်မဲ့ စည်းရုံးမှုမလုပ်ရဘူးဆိုတာလေ။ ဒါထက် .. ခင်ဗျားထက်တာဝန်ကြီးတာက တိုင်းတာဝန်ယူထားပြီး ဒါကိုမသိတဲ့ ဗိုလ်မှူး မောင်အေးပါ။ တိုင်းဦးအေးကခိုင်းပြီး မြို့နယ်ဦးအေးက လုပ်တာပေါ့ဗျာ… ဟား ဟား…”  လို့ ကျနော် ရယ်မောလိုက်ပါတယ်။ ဒါပေမယ့်   အင်းမဦးအေးကတော့ ဒါကို လိုက်ရယ်ရင်း မောနေမှာပါ။ သူလည်း  သမ္ဘာကြီးပဲ။ ကျနော်က ဆက်ပြောပါတယ်။ ̏ကျနော်တို့ ဒါကို   မနေ့ကပဲ    အီးစီ (မြို့နယ်စည်း) မှာ တင်ပြီးပြီ။ ညွှန်ကြားချက် (၄) နဲ့  (၅) ကို ကန့်ကွက်တယ်။ မြို့နယ်စိစစ်ရေးအဖွဲ့က စာရင်းပေးတဲ့သူများကိုပဲ တိုင်းနဲ့ ဗဟိုက လက်ခံအသိအမှတ်ပြုဖို့   ပြောရအောင် ကိုယ်စားလှယ်သုံးယောက်ရွေးပြီး ရန်ကုန်ကိုလိုက်မယ်”
စတာတွေ  ပြောလိုက်ပါတယ်။ သူကလည်း  ဒီကိစ္စမှာ သူတန်းလန်းပါနေတာဖြစ်လို့ တကြောင်း..။ သူတို့မြို့နယ်မှာလည်း ဗဟိုကချပေးတဲ့ သူကို လက်မခံရုံသာမက အဲန်အယ်ဒီအမည်နဲ့ အရွေးမခံပဲ အဲန်ဒီပီ (အမျိုးသားဒီမိုကရေစီပါတီ) အမည်နဲ့ အရွေးခံမယ်လို့ဖြစ်နေလို့ သဲ ကုန်းသွားရဦးမယ်။ လိုအပ်ရင် ရန်ကုန်အထိ ဆင်းရဦးမယ်လို့ ပြောပါတယ်။ နောက်ပြီး အခြားနိုင်ငံရေးပြဿနာများဆွေးနွေးပြီး ပြန်သွား ပါတယ်။
ကျနော်တို့မြို့နယ်လည်း နောက်ရက်တွေမှာ မြို့နယ်စိစစ်ရေးအဖွဲ့အစည်းအဝေးခေါ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးအဖြစ် ကျ နော် (ဦးအုန်းနိုင်) နဲ့ ဦးအေးသန်းတို့ကိုရွေးပြီး အရန်အဖြစ် ဦးမြင့်သိန်းနဲ့ ဦးသန်းထွန်းတို့ကို ရွေးချယ်လိုက်ပါတယ်။ ဒီနောက်တော့ ဒီ စာရင်းနဲ့ မြို့နယ်ရဲ့ ဆုံးဖြတ်ချက်များယူပြီး မြို့ နယ်က  တာဝန်ပေးထားတဲ့ ဦးမြမောင်၊ ဦးစိုင်းနေညွန့်တို့နဲ့ ကျနော်တို့ ရန်ကုန်ဆင်းခဲ့   ပြန်ပါ တယ်….။     ။

 

(အပိုင်း (၅) မှာ ကျနော်တို့  ရုံးမှားနေလေသလားကို  ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts