ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်တော်ကြီးဖျက်ဆီးမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်

ချမ်းမြ (မိုးမခအထောက်တော်)
မတ်လ ၅၊ ၂၀၁၄

 

၂၀၁၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လည် (၁) နာရီမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားမြောက်စောင်းတန်း ခြင်္သေ့ကြီး နှစ် ကောင်အနီးတွင် ဖျက်ဆီးခံရတော့မည့် ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်တော်ကြီးအား နောက်ဆုံးဖူးမျှော်နိုင်ကြပါစေရန် စာသားပါတဲ့ ဗွီနိုင်းပိုစတာကိုကိုင်ဆောင်ပြီး ဦးကျော်ဆွေ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်၍ လယ်တီသိမ်တော်ကြီးနှင့် ဘုရားကိုပြောင်းရွေ့ရန် ပြည် ထောင်စုအစိုးရမှ ဆုံးဖြတ်ချက်၊ သံဃမဟာနာယက ဗန်းမော်ဆရာတော်ကြီးကလည်း ခွင့်ပြုတယ်လို့သိရတဲ့စာသားနဲ့ ကျွန်တော် တို့ပြည် သူများမှ လယ်တီသိမ်တော်ကြီးနှင့် မြေနေရာအား ပြန်၍၀ယ်ချင်ပါသည်။ ထွက်သမျှကြေးနီတနိဖိုး၏နှစ်ဆပေး၍ ၀ယ်ချင်ပါတယ် လို့စာသားပါ စာရွက်များကို ဖြန့်ဝေကြောင်းသိရပါတယ်။

 

 

လယ်တီသိမ်တော်ကြီးဖျက်ဆီးမှုကို ကန့်ကွက်ကြောင်း၊ ရှေးဟောင်းသမိုင်းအဖြစ်ရပ်တည်တာကြာပြီဖြစ်ပြီး မပြောင်းရွေ့ သင့်ကြောင်း၊ ဘာသာ သာသနာ လူမျိုးကို စော်ကားတဲ့အစိုးရဖြစ်ကြောင်း၊ ဘာဒီမိုကရေစီလဲ၊ ပြည်သူဆန္ဒကို အသိအမှတ်မပြုတဲ့အစိုးရဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာသာသာသနာကိုကာကွယ်တာပါ၊ ခွင့်ပြုချက်မတင်ပဲ ဆန္ဒဖော်ထုတ်ကြောင်း ဦးကျော်ဆွေက ပြော သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts