Photo Essays

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (facebook အစ မြန်မာပြည်က)

မတ် ၂၊ ၂၀၁၄ .
facebook ကို မြန်မာပြည်တွင် မွေးဖွားခြင်း မဟုတ်သော်လည်း ပေါက်ကရလေးဆယ် ရေးချင်ရာရေးပြီး ထင်ယောင်မှားမှား ဖြစ်အောင် လုပ်သည့်စိတ်ကူးကတော့ မြန်မာပြည်တွင် ရောက်နေသည်မှာ ကြာပြီ။

မည်သည့်ဆရာတော်၏ အိပ်မက်အရ ဤစာကို ကူးယူပြီး ၇ စောင် ဖြန့်ပါ၊ လိုက်နာသောသူ မည်သို့ အကျိုးရှိခဲ့ပြီး မလိုက်နာသော မည်သူမည်ဝါ မည်သို့ ပြဿနာတက်ခဲ့သည်ဟူသော စာတစ်စောင်သည် ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း စာတိုက်မှ ရောက်လာတတ်သည်ကို မြန်မာပြည်သား အများအပြား ကြုံခဲ့ရမည်ဖြစ်သည်။

ထိုစာလက်ခံရပါက ရယ်မောခြင်း၊ ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ ၀မ်းသာခြင်း၊ အံ့သြခြင်း စသည့် ခံစားချက် တခုခု ရရှိသွားတတ်ကြသည်။ တချို့လည်း ကူးယူပြီး ၇ စောင် ဖြန့်ကြ၏။

ယခု တိုးတက်လာသော ခေတ်တွင် လက်ရေးမူနှင့် မဟုတ်ဘဲ ကွန်ပြူတာစာစီပြီး ဖြန့်ကြကုန်၏။
လူသုံးများသော facebook တွင် ဤသို့သောစာတချို့ ပေါ်ပေါက်လျက် ရှိသည်ကို မိုးမခမီဒီယာ ပရိသတ်တို့ အသိပင် ဖြစ်သည်။ မည်သည့်ဗိုလ်ချုပ်ဟောင်းက မျိုးစောင့်ဥပဒေဘက်တော်သား၊ ဒေါ်အောင်ဆန်းစုကြည်ဘက်တော်သား၊ ပြည်သူ့ဘက်တော်သား စသဖြင့် စသဖြင့်  ဖြစ်နေသယောင်ယောင် ပုံမှားရိုက် ရေးထားသောစာမျိုးကို facebook တွင် တနေ့တမျိုး မရိုးရအောင် ဆက်လက် တွေ့လာရဖွယ်ရှိသည်။ share ခလုတ် တစ်ချက်နှိပ်လိုက်လျှင် ဤစာကို ကူးယူပြီး ၇ စောင်ဖြန့်သည်ထက် ပိုမို ထိရောက် ပွားများခြင်းမှာ  facebook ခေတ်၏ သဘာဝ ဖြစ်နေသည်မဟုတ်လော။
http://moemaka.blogspot.com/search/label/Photos တွင် မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်းများကို တွေ့နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts