စာအုပ်စင် သန်းဝင်းလှိုင်

သန်းဝင်းလှိုင်ရဲ့ သခင်ဋီကာသစ် စာအုပ်ထွက်ပြီ

သန်းဝင်းလှိုင်ရဲ့ သခင်ဋီကာသစ် စာအုပ်ထွက်ပြီ

မိုးမခစာအုပ်စဉ်၊ မတ်  ၃၊ ၂၀၁၄

၂ဝ၁၄ ဖေဖော်ဝါရီလ     ၂၄ရက်နေ့ က ရန်အောင်စာပေမှ မိုးမခ၀ိုင်းတော်သား၊ စာရေးဆရာသန်းဝင်းလှိုင်၏ “သခင်ဋီကာသစ်စာအုပ်” ကို ဖြန့်ချီထုတ်ဝေ

လိုက်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

 အဆိုပါစာအုပ်၌ တို့ဗမာအစည်းအရုံးသမိုင်းနှင့် တကွ ထင်ရှားသောသခင်ခေါင်းဆောင်များဖြစ်ကြသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်ဗစိန်၊ သခင်ဘသောင်းအပါအဝင် သခင် ၆ဝ ဦး တို့၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် အတ္ထုပ္ပတ္တိများကို တင်ပြထားသည်။ စာအုပ်မျက်နှာဖုံးကို ပန်းချီလင်းဝဏ္ဏက ရေးဆွဲပေးထား၍ စာအုပ်တန်ဖိုးမှာ ၅ဝဝဝ ကျပ်ဖြစ်ကြောင်းသိရသည်။

 အမြို့ မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းဝယ်ယူနိုင်ပါကြောင်း အသိပေးလိုက်ပါသည်ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts