ဓာတ်ပုံသတင်း
အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး ရန်ပုံငွေပွဲ စည်ကားသိုက်မြိုက်
အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး ရန်ပုံငွေပွဲ စည်ကားသိုက်မြိုက်
မိုးမခအထောက်တော် (အမာရီလို)၊ နိုဝင်ဘာ ၃၊ ၂၀၁၃
ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတရပ်ကို နိုဝင်ဘာလ ၂ ရက် စနေနေ့ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရောက် ကရင်တိုင်းရင်းသားများက Gamboa’s Ballroom No. 4418 E. Amarillo Blvd Amarillo, TX 79107 ၌ စည်စည်ကားကား ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲသို့ အမာရီလိုမြို့ နှင့် အနီးတ၀ိုက်မှ ကရင်တိုင်းရင်းသားများ လူဦးရေ ၃၀၀ ကျော်ခန့် တက်ရောက် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
နာမည်ကြီး ကရင်အဆိုတော်များဖြစ်ကြသည့် James, Mahleree နှင့် Marvellous တို့ နှင့်အတူ အမာရီလိုအခြေစိုက် ကရင်တိုင်းသားများလူငယ်တချို့ နှင့် ဖွဲ့ စည်းထားသည့် တီးဝိုင်းတို့ က ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် မေတ္တာဖြင့် အခမဲ့ သီဆို ဖျော်ဖြေတင်ဆက်ခဲ့ခြင်းဖြစ်သည်။
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ အမာရီလိုမြို့ တွင် ပထမဦးဆုံးအကြိမ်မြောက် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပွဲတော်ဖြစ်ပြီး ကရင်အဆိုတော်များနှင့် အမာရီလိုမြို့ ရောက် ကရင်တိုင်းရင်းသားများ ပထမဦးဆုံးအကြိမ် ဆုံတွေ့  ခွင့်ရသည့် ပွဲတော်တခုလည်းဖြစ်ကြောင်း ဦးဆောင်စီစဉ် ကျင်းပသူများက မိုးမခသို့ ပြောဆိုသည်။
အမာရီလိုမြို့ ရောက် ကရင်တိုင်းရင်းသားများကို မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် သီဆို ဖျော်ဖြေခွင့်ရသည့်အတွက်သာမက နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ကြသည့် ငယ်သူငယ်ချင်းများနဲ့ ပါ ပြန်လည်ဆုံတွေ့ ခွင့်ရသည့်အတွက် အတိုင်းမသိ ၀မ်းသာပီတိဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့ တော်မှ လာရောက် သီဆိုဖျော်ဖြေသည့် ကရင်အဆိုတော် James က မိုးမခသို့  ပြောဆိုသည်။
ယခုကျင်းပသည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ကရင်တိုင်းရင်းသားများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆင်နွှဲကြသကဲ့သို့  မကြမှီ ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်တွင်လည်း ကရင်တိုင်းရင်းသားများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆင်နွှဲကြဖို့  လည်း ၄င်းက တိုက်တွန်းပြောကြားသွားသည်။
ကရင်တိုင်းရင်းသားများသည် ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် တရားဝင် သတ်မှတ်ထားပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၏ နှစ်သစ်ကူးနေ့ ဖြစ်နေသော်လည်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၏ ချမ်းအေးလွန်းသည့် ရာသီဥတုအခြေအနေအရ ကရင်နှစ်သစ်ကူးပွဲတော်ကို လာမည့် ဒီဇင်ဘာလတွင် ကြိုတင်ကျင်းပနိုင်ရန် ကြိုးစားစီစဉ်သွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောကြားသွားခဲ့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Similar Posts