ဒီရံပုံငွေပွဲမှာလာရောက်ဒါနပြုကြသူများအတွက် ပွဲစီစဉ်သူများက မြန်မာ့ရိုးရာအကများနဲ့ ခေတ်ပေါ်သီချင်းများဖြင့် သီဆိုဖြေဖျော်တဲ့ ကဏ္ဍများလဲထည့်သွင်းထားပါတယ်။ မြန်မာတို့ နှစ်ချိုက်ဖွယ်ရာ အစားအစာများကိုလဲ ရံပုံငွေရရှိရန် ရောင်းချဒါနပြုကြပါတယ်။
အစီအစဉ်ကို မနက်(၁၁)နာရီမှာ စတင်ပြီး အခမ်းအနားမှူးအဖြစ် ကိုတင်နွယ်က ပြုလုပ်ပေးပါတယ်။ တေးသီဆိုမှုများအတွက်ကိုမင်းနိုင်နဲ့ နော်အန်တီယာတို့ က ကြေညာဆောင်ရွက်ပေးခဲ့ကြပါတယ်။ မြန်မာရိုးရာအကအလှများကို သမီးငယ် မေသဇင်လှက ပုံဖော်တင်ဆက်ခဲ့ပြီး ခေတ်ပေါ်တေးများကိုတော့ Fifth New Generation တီးဝိုင်းနဲ့  Myanmar Canadian Fellowship Youth အဖွဲ့ မှ ကရင်လူငယ် မောင်မယ်တို့ က အားဖြည့်ကူညီ ပေးကြကြောင်း သိရပါတယ်။ ကရင်လူငယ်များအဖွဲ့ က(ကမ်းလင့် လက်များ) သီချင်းကို ရွေးချယ်သီဆိုခဲ့တာဟာဖြင့် မိဘမဲ့ကလေးများအတွက် သူတို့ ရင်တွင်းက စာနာတရားများကိုထင်ဟပ်စေခဲ့တဲ့အပြင် အလှူရှင်များကိုလဲ နှိုးဆော်တေးဖြစ်စေခဲ့ပါတယ်။