မိုးမခမိတ်ဆွေ ၂ ဦးရဲ့ စာအုပ် Amazon Kindle အီးဘုတ်အဖြစ် ရောက်ပါပြီ

မိုးမခမိတ်ဆွေ ၂ ဦးရဲ့ စာအုပ် Amazon Kindle အီးဘုတ်အဖြစ် ရောက်ပါပြီ

မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄

အောင်ဒင် – မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အဝေးကြည့် အနီးကြည့်

(ပြည်သူ့ခေတ်ဆောင်းပါးများ ကောက်နုတ်ချက်)

 ပုံနှိပ်စာအုပ်အဖြစ်အပြင် အီးဘုတ်အုပ်အဖြစ်ပါ စာဖတ်သူတွေက ၀ယ်ယူအားပေး သိမ်းဆည်း ဖတ်ရှုနိုင်ဖို့အတွက် မိုးမခက မေတ္တာဖြင့် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အမေဇုံ အွန်လိုင်းက ကင်းဒဲအီးဘုတ်ဆိုင်မှာ ၀ယ်ယူနိုင်ပါပြီ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃.၉၉ ဖြစ်ပါတယ်။

သည်နေရာမှာ ရနိုင်ပါတယ်။ http://www.amazon.com/Aung-Din-Burmese-Parliament-Perspective-ebook/dp/B00INC3W1G 

 

 

မေငြိမ်း – မြသီလာအလွမ်းပြေ

စာရေးဆရာ၊ ကဗျာဆရာ၊ ကျောင်းဆရာ ၊ အမျိုးသမီး မေငြိမ်းရဲ့ ဘ၀အတွေ့အကြုံနဲ့
ဖြတ်သန်းခဲ့တဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ဘ၀မြင်ကွင်း ဆောင်းပါးများ
စုစည်းချက် ဖြစ်ပါတယ်။ သူလည်းပဲ စာအုပ်ဗားရှင်းအပြင် အီးဘုတ်ဗားရှင်းအဖြစ် အမေဇုံ၊ ကင်းဒဲအီးဘုတ် စာအုပ်အဖြစ် တင်ဆက်လိုက်ပါတယ်။

တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄.၉၉ ဖြစ်ပါတယ်။

 သည်နေရာမှာ ရနိုင်ပါတယ်။ http://www.amazon.com/May-Nyane-Once-Rangoon-University-ebook/dp/B00IB1XNUY/


Amazon မှာ အွန်လိုင်းဈေးဝယ်သူတွေအတွက်ကတော့ သူတို့အကောင့်ကနေ တိုက်ရိုက် ၀ယ်ယူနိုင်ပါတယ်။ အကောင့်မရှိသေးရင်တော့ မှတ်ပုံတင်ပြီး အကောင့်တခု ရယူဖို့ လိုပါတယ်။ 

အီးဘုတ်အဖြစ် ရယူဖတ်ရှုနိုင်ဖို့အတွက် ပီစီနဲ့ မက်ခ်ပေါ်မှာ ဆိုရင် ကင်ဒဲဗျူးယာ လိုပါတယ်။

ပီစီအတွက် – http://www.amazon.com/gp/feature.html/ref=kcp_pc_mkt_lnd?docId=1000426311 

တက်ဘလက်တွေ၊ အိုင်ပက်တွေအတွက်ကတော့ App Store ကနေ Kindle App ကို ဒေါင်းလုပ်ရယူဖို့ လိုပါတယ်။

မိုးမခကနေ ရှေ့တပတ်လောက်မှာ အဲသည်စာအုပ်တွေကို ဖရီးဒေါင်းလုပ် ပရိုမိုးရှင်းလုပ်ပါဦးမယ်။ ထပ်မံကြေညာပါ့မယ် ခင်ဗျား။