သတင်းစာ၊ဂျာနယ်များ မရေးရဲတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းများအကြောင်း
ဇာနီကြီး၊ နိုဝင်ဘာ ၃၊ ၂၀၁၃
အနာဂတ်မြန်မာပြည်သည် ထိုင်းနိုင်ငံပုံစံသွားမည်လော၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသဖြင့်မည်သည့်ပုံစံသွားမည်လော ကျနော်မသိနိုင်၊ တရုပ်လိုတော့မသွားလိုပဲ တောင်ကိုးရီးယားလို သွားစေချင်သော်လည်း ယခုဖြစ်ပျက်နေသောအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံ ပုံစံဖြစ်နေသည်။ ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများတွင် ပြဲနေအောင်သွားရောက်လုပ်ကိုင်ရသည့်အထဲ၊ အိမ်စေအလုပ်သမများကို တရားဝင်ခွင့်ပြုမည်ဟု ဆိုလာသည်ကို ကြိုဆိုရင်း ဝမ်းနည်းမိပါသည်။
သယံဇာတရှိသမျှထုတ်ရောင်းချရာတွင် Human Resource ကိုတော့ ကောင်းကောင်းအသုံးချစေလိုပါသည်။ ဝိသမလောဘသမား၊ နှုတ်ပိတ်ရေငုံ နိုင်ငံရေးသမားများကြောင့် တိုင်းပြည်နစ်နာရသည်။ တိုင်ပြည်မှ တစ်ဦးချင်စွမ်းဆောင်မှုကို အမှန်တကယ်ဖွင့်ပေးပါက မကြာမီ ထိုင်းနိုင်ငံကဲ့သို့ တိုးတက်လာမည်ဖြစ်သည်။ ကျနော် စင်ကာပူမှာနေသည်။ လေဆိပ် Money Changer တွင် ငွေလဲခွင့်နိုင်ငံခြားငွေများတွင် မြန်မာကျပ်ငွေမပါခြင်းကို ဝမ်းမနည်းပါ။ လေယာဉ်ဂျပန်ရောက်သွားပြီး ဂျပန်လေဆိပ် Money Changer တွင် ထိုင်းဘတ်ငွေနှင့် စင်ကာပူဒေါ်လာ အရှေ့တောင်အာရှငွေကြေး ၂မျိုးကို အသိမှတ်ပြု လဲလှယ်ပေးသည်ကို မြင်ရသည်။ ဆန်ဖရန်စစ္စကိုရောက်သွားသည်။ စင်ကာပူဒေါ်လာကို ရှာမတွေ့တော့ပါ။ ထိုင်းဘတ်ငွေသည် ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ လန်ဒန်အထိ တရားဝင်ငွေလဲလှယ်သည့် Money Changer များကလက်ခံသည်။ ဤမျှရေးပြလျှင် မြန်မာအာဏာပိုင်များ အရှေ့တောင်အာရှမှ မည်သည့်နိုင်ငံကို အလေးပေးဆက်ဆံသင့်သနည်းကို သဘောပေါက်မည်ဖြစ်သည်။ခရိုနီနှင့်စစ်အာဏာရှင်ဟောင်းများကိစ္စ
ကြံခိုင်ရေးပါတီလူကြီးများ ငြိမ်နေခြင်းမှာသဘာဝကျပေသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့နှင့်အတူသွားလာ လုပ်ကိုင်ရာတွင် ငြိမ်သင့်သလောက် ငြိမ်သွားရခြင်းလည်း သဘာဝကျပေသည်။
ယခု NDF ပါတီဥက္ကဌမှ ခရိုနီများ၏ အခွန်တိမ်းရှောင်မှုများကို အစိုးရကိုင်တွယ်ပုံမှာ အလွန်ပျော့လွန်းနေသည် ဟု Daily Eleven သို့ ပြောကြားသည်။ပြောလိုက်သည်ကို လှိုက်လဲစွာကြိုဆိုပါသည်။ အစိုးရမှ ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် ထိပ်တန်း အခွန်ထမ်း ၅၀၀ စာရင်းတွင် ၀င်ငွေများစွာ ရရှိနေသည့် ပုဂ္ဂလိက ဆေးရုံကြီးများ၊ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ထိပ်တန်းရုပ်သံ မီဒီယာကြီးများ ပါဝင်လာခြင်း မရှိသည့် အပေါ်တွင် ဝေဖန်မှုများစွာ ရှိခဲ့ပြီး ယင်းကဲ့သို့ ထိပ်တန်းအခွန်ထမ်းများ စာရင်းတွင် မပါဝင်လာမှုအပေါ် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟူသော ဝေဖန်မှုများ ရှိခဲ့သည်။
အဘယ့်ကြောင့် အခွန်မပေးကြသနည်း မေးခွန်း၏အဖြေမှာ လောကတွင် ဘယ်သူမှ လစာဒေါ်လာတစ်ထောင် ရလျှင့် အခွန် ၃၀% မပေးချင်ပါ။ ပွဲစားလုပ်ပြီးရလာသည့် ပွဲခ ဒေါ်လာ၁၀၀၀ ဆိုလျှင် မပေးသင့်ဟုပင် သတ်မှတ်ကြသည်။ ဘေးပေါက်မှရလာသောငွေကို အစိုးရထံ တင်ပြပြီး အခွန်ပေးလိုပါသည် သွားလုပ်လျှင် အရူးဟု အပြောခံရပေမည်။ ဥပဒေစည်းမျဉ်းများအတိုင်း ဘောင်ဝင်အောင် နေထိုင်၊ အခွန်ဆောင်ရသည်။ တခါတလေ ရလာသော ဘေးပေါက်ဝင်ငွေ Cash Income များမှာ အခွန်ဥပဒေနှင့် လွတ်နေတတ်သော်လည်း အစိုးရက Audit System, Insurance System များ ခိုင်မာစွာရှိပါက အခွန်ရှောင်မရပါ။ မိသားစုဝန်ထမ်းများကို လစာငွေမတရားပေးထား၊ မိသားစုအိမ်ယာ၊ကားများကို ငှားရမ်းသုံးစွဲရင်း အမြတ်သိပ်မပြသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတကာတွင် အိုကေပါသည်။ လူထောင်နှင့်ချီခန့်ထားပြီး စီးပွားကုမ္ပဏီကြီးများ မြန်မာပြည်တွင် အခွန်ရှောင်နေခြင်းမှာ သူတို့အပြစ်ဟု မပြောနိုင်ပါ။ စာရင်းစစ်၊ အာမခံ စသည့် စနစ်တကျမလုပ်သေးသောကြောင့် ဖြစ်သည်။ လာဘ်စားခွင့်ပေးထားခြင်းဖြစ်သည်။
ဝိသမလောဘသမား၊ နှုတ်ပိတ်ရေငုံ နိုင်ငံရေးသမားများကြောင့် တိုင်းပြည်နစ်နာရသည်။
ရန်ကုန်မှ သူရိယအလင်း ဂျာနယ်
ထုတ်ဝေခဲ့သည်မှာ နှစ်လခွဲခန့် ကြာမြင့်ခဲ့ပြီး စောင်ရေအားဖြင့် ၁၂ စောင်အထိ ထုတ်ဝေပြီးနောက် ၎င်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ထုတ်ဝေသူ ဦးယုနိုင်နှင့် သဘောထားကွဲလွဲကာ အောက်တိုဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် အတိအလင်း ကြော်ငြာကာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သည့် သူရိယအလင်း ဂျာနယ်ကို မြန်မာဂျာနယ်လစ် ကွန်ရက်က ကန့်ကွက်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားမှ ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအိုဖြစ်သူ ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်ကို ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာ အဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ဖော်ပြခဲ့သည်။
The Voice သတင်းစာမှ ဦးမိုးဟိန်းကို ဆက်သွယ်မေးမြန်းရာ“စာနယ်ဇင်းကျင့်ဝတ်လို့ ဆိုရအောင် ကျွန်တော်တို့က အမေရိကန်တို့လို နိုင်ငံကို ပြန်ကြည့်ရမယ်။ နယူးယောက် တိုင်းမ်၊ ဝါရှင်တန်ပို့စ်စတဲ့ သတင်းမီဒီယာတွေက ဘယ်သူတွေကိုမဆို မကြောက်မရွံ့ ဖော်ပြနေတာပဲ.. ဟု ဖြေကြားပါသည်။
Facebook Comment တစ်ခုမှာ …အဲ့ ဂျာနယ်တိုက်က သူတို့ ထုတ်တဲ့စရိတ် ကာမိအောင် တမင် သက်သက် ထုတ်တာပါ အခုခတ်မှာ ခရိုနီ နဲ့ စစ်တပ်မကောင်းကြောင်း ခေါင်းစဉ်တပ် ပုံနှိပ် ရိုက် ထုတ်ဝေလိုက်ရင် ဂျာနယ်လဲနာမည်ရ ရောင်းအားလဲ တက်မယ့် အကွက်မြင်တာကိုးဗျ ခံ့ရလဲ လူမှထောင် မကျတာ ဂျာနယ်ထုတ်ခွင့် ခနပိတ်ခံရတာလေးဘဲလေ ပြန်လဲထုတ်ပိုင် ခွင့်ရ ရော အပိတ်ခံရတာကနေ ထုတ်တဲ့ ဂျာနယ်ဆိုပြီး ရောင်းရပါလေရော အခုလဲကြည့်လေ အဲ့ဂျာနယ်တိုက် အရင်ကရှိမှန်းတောင် မသိကျဘူး ဖိုးလပြည့်အကြောင်း ရေးတော့မှ နာမည်ကြီးလာတာ ..ဟုဖတ်မိသည်။
ကျနော်မှတ်ချက်ရေးရလျင် Eleven Media, The Voice, Irrawaddy, Mizzima စသည့် သတင်းဌာနများသည် မြန်မာပြည်တွင် အရှုံးခံထုတ်နေရသည်။ မည်သူများက ရှုံးငွေများကို စိုက်ထုတ်ပေးပါသနည်။ ကျနော့်မိတ်ဆွေတစ်ဦးလည်း နောက်ခံအဖွဲ့စည်းတစ်ခု လူ၊ငွေ အားပေးမှုဖြင့် ဂျာနယ်တစ်ခုကို တစ်နှစ်ထုတ်ခဲ့ရာ သိန်း ၁၀၀၀ ကျော် ရှုံးပြီးနောက် အယ်ဒီတာချုပ်ကို သတိပေးသည်။ ကြော်ငြာ(သို့မဟုတ်) ဝင်ငွေမရှာနိုင်လျှင့် ရပ်ဆိုင်ရတော့မည် ..ဟုပြောသောအခါ .. ရှုံးမြဲရှုံးသောကြောင့် ဝမ်းနည်းစွာဖြင့် ရပ်ဆိုင်းလိုက်ရသည်။ မိမိလုပ်ချင်တာ လုပ်လိုက်ရတော့ ကျေနပ်သွားစမြဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင် လူ ၅ထောင်ကျော်ကို ပြောသွားသောစကားနှင့် ပြန်ရေးလျှင် …ကျမကို တိုင်းပြည်အတွက် အနစ်နာခံလုပ်ခဲ့တယ်လို့ မခံယူပါဘူး။ လုပ်ခဲ့လို့ ဆင်းရဲဒုက္ခခံစားရတာတွေလည်း ကျေကျေနပ်နပ်ခံယူပါတယ်..ဟု ဆိုသည်။
ထို့ကြောင့် ခရိုနီ၊စစ်အာဏာရှင်များနှင့် ပူးပေါင်းလုပ်ပြီး တိုင်းပြည်ကို ဖိလစ်ပိုင်အကြီးစား အိမ်စေရောင်းစားမည့်နိုင်ငံဘဝသို့ ပို့ဆောင်မည့် ခရိုနီများ၊ စစ်အာဏာရှင်ဟောင်းများအတွက် ပြေးစရာနေရာမရှိပါ။ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးတင်ဦး၊ ဦးခင်ညွန့်  စသဖြင့် ဖောင်းကားစားမောင်မောင် များအဖြစ် သမိုင်းက မှတ်တမ်းတင်မည်သာဖြစ်ပါသည်။
စိတ်မကောင်းစရာဖြစ်ရပ်မှာ ခရိုနီများကိုလည်း ဝေဖန်မပြောရဲပါ။ စစ်အာဏာရှင်ဟောာင်းဆိုလျှင် ပိုပြီးကြောက်ရပါသည်။
ဥပမာ စင်ကာပူမှ လီကွမ်းယူအကြောင်း ဘယ်သူရေးရဲသနည်း။ ကမ္ဘာကျော် နယူးယောက်တိုင်းသတင်းစာတွင် လီကွမ်းယူကို ဝေဖန်ရေးသားမှုများအား၊ ရေးတာ အချက်တရာ၊ မဟုတ်တာ တစ်ချက်ပါနေလျှင် ဥပဒေ အရေကြိုသောက်နိုင်ပြီး၊ နိုင်ငံတကာပေါက်ရောက်သူ လီကွမ်းယူက နိုင်ငံတကာတရားရုံးတွင် မမှန်သောအချက်တစ်ချက်ဖြင့် တရားစွဲပါသည်။ စာရေးသူသည် စင်ကာပူတွင် နေထိုင်သည်။ မနေထိုင်သည် လုံးဝဂရုမစိုက်ပါ။ စနစ်တကျ ကမ္ဘာ့တရားရုံး တစ်ခုမက၊ စာရေးသူ နေထိုင်သော နိုင်ငံအထိ သွားရောက်တရားစွဲသည်။ ပြီးတော့ အနိုင်ရအောင်လုပ်နိုင်သည်။ အနိုင်ရလျှင် နစ်နာကြေး ဒေါ်လာသန်းနှင့်ချီပြီး တောင်းသည်။ ငွေကြေးချမ်းသာသော သတင်းစာပိုင်ရှင်ကြီးများက ဝန်ချတောင်းပန်လိုက်လျှင် လျှော်ကြေးပေးစရာမလိုတော့။ အဲ.. စာရေးသူကတော့ ကော့နေအောင်ခံပေတော့။ မှားပါသည်ဟု ဝန်ချတောင်းပန်ရတော့သည်။ လူများ ငွေချမ်းသာမှု ဘယ်လောက်ချမ်းသာသလဲ။ ဘီလ်ဂိတ်၊ ၀ါရင်ဘတ်ဖတ် စသည့် ထိပ်ဆုံးသဌေးများပင်လျှင် ဒေါ်လာ ၁၀၀ဘီလျှံမချမ်းသာပါ။ လီကွမ်းယူ၏ နိုင်ငံသေးသေးလေး စင်ကာပူအစိုးရ၏ Singapore Telecom တစ်ခုတည်းပင် ဒေါ်လာ ဘီလျှံ တရာကျော် ချမ်းသာသည်။ Singapore Air, Neptune Shipping Line စသည်တို့အပြင် စင်ကာပူအစိုးပိုင် DBS/POSB Bank တစ်ခုတည်းကပင် ဒေါ်လာ ဘီလျှံ ၂၀၀ မက ချမ်းသာသည်။ သူဌေးကြီးအားလုံး အာဏာပိုင်အောက်တွင် ပြားပြားဝပ်ရသည်။ ထိုနည်းတူ မြန်မာပြည်က သူဌေးအားလုံးနှင့် ခရိုနီအားလုံးသည် မြန်မာအာဏာပိုင်များအောက်တွင် ပြာပြားဝပ်ရပေသည်။
လက်ရှိမြန်မာပြည်တွင် မည်သူသည် အာဏာပိုင်ဖြစ်ပါသနည်း။
Good Question!…