News Features

စင်ကာပူတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မြန်မာများဝယ်ယူရေး (အပိုင်း ၂)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စင်ကာပူတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မြန်မာများဝယ်ယူရေး (အပိုင်း ၂)

ဝတ်မှုန်၊ နိုဝင်ဘာ ၄၊ ၂၀၁၃

နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI မျှော်ရင် – လာဘ်စားမှုတွေတိုက်အရေးယူ

မန်မာနိုင်ငံ FDI ဘီလျှံ ၂၀တောင် ရှာဖွေရရှိနေတယ်ဆိုတော့ အကောင်းမြင်ဝါနဲ့ပဲ စတင်ရရင် ၂နှစ်အတွင်း ဖြစ်ရပ်များဟာ အံ့သြဘွယ်ပါပဲ။ အသက်ကြီးသူများ ပင်စင်လစာနဲ့ စားသောက်စရိတ်ရသွားတယ်။ မီဒီယာတွေဖွင့်ပေးတော့ သတင်းစာ၊ဂျာနယ်နဲ့ အင်တာနက်ဖေ့စ်ဘုတ်တွေမှာ ရင်ဖွင့်နိုင်တယ်။ ခရီးသွားလာရေး ဘတ်စကားကြီးတွေ၊ လေယာဉ်တွေ အိုကေလာတယ်။ ကမ္ဘာလှည့်ခရီးသည် တစ်သန်းလောက် ဝင်လာကြတယ်။ အမေရိကန်သမ္မတတောင် မြန်မာပြည် လာလည်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာထည့်သွင်းပြီး အသံထွက်အောင်လုပ်ပေးလိုက်တယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသံတိတ်အောင်လုပ်လိုက်တယ် လိုပြောကြတယ်။ ထားပါတော့။

ကျနော်တော့ နိုင်ငံခြားမှာ နှစ်၂၀ကျော် တစ်လဒေါ်လာ ၁၅၀၊ ၁၂၀ အခွန်၂ ထပ်ဆောင်နေရာကနေ ၂၀၁၂ကတည်းက လွတ်ငြိမ်းသွားပါတယ်။

အံ့သြဘွယ်အကောင်းဆုံးကတော့ ထောင်ကျနိုင်ငံရေးအကျဉ်းသားများစွာ လွှတ်လိုက်တယ်။ မင်းကိုနိုင်တို့ ရှစ်လေးလုံးအဖွဲ့ကို သမ္မတဦးသိန်းစိန်က တွေ့ဆုံးစကားပြောတယ်။

ပြည်ပက လက်နက်ကိုင်များ၊ ကျောင်းသားတပ်များက မိုးသီဇွန်လို နာမည်ကျော်လူကြမ်းမင်းသားများတောင် ပြည်တော်ပြန်လာခွင့်ပေးတယ်။ အကောင်းမြင်ဝါဒအရ အံ့သြဘွယ်ဖြစ်ရပ်များစွာရှိပါသေးတယ်။ စစ်အာဏာရှင်ဟောင်းကြီး လုံးဝပျောက်ကွယ်သွားတာမျိုးလည်း ပါတာပေါ့။

အားနည်းချက်များကို ထပ်ရေးပါတော့မယ်

FDI ကန်ဒေါ်လာ ၂၀ဘီလျှံကို ၁၀နှစ်ကျော်အတွင် မနည်းရှာနေရပါတယ်။ အခု အစိုးရသစ်တက်လာပြီး ၂၀၁၁နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီများစွာလာကြည့်တယ်။ Talk Only လုပ်ပြီးပြန်သွားကြတယ်။ ဘာကြောင့်လဲ…သူတို့က ယဉ်ကျေးစွာဖြေပါတယ်။ အင်ဖရာစထရပ်ချာ Infrastructure ရေမီး၊ အာမခံ၊ စာရင်းစစ်တွေ အဆင်ပြေမဲ့ ၂၀၁၅နောက်ပိုင်းကျမှ လာပါမယ်..ဆိုပြီးပြန်သွားကြပါတယ်။

ပြည်တွင်းခရိုနီများနဲ့ တလွေ့လွေ့ ပြည်ပလူလည်ရင်းနှီးမြှတ်နှံသူတွေကတော့ ပြည်တွင်းသယံဇာတတွေ ထုတ်ရောင်းခြင်း (ဓါတ်ငွေ၊ ပုလဲ၊ ကျောက်စိမ်း၊ ကျောက်သံပတ္တမြား၊ ရွှေ၊ ကြေးနီ၊ နီကယ်၊ သတ္တု၊ ကျွန်းသစ်၊ သားငါးတွေ ထုတ်ရောင်းချပြီး အခွန်မပေးပဲ ညာစားနေတယ်။ ပြည်ပက စက်မှုသုံး၊ သူဌေးသုံး နယူယောက်စိန်၊ရတနာ၊ နောက်ဆုံးပေါ်ကားများ၊ ရွှေရေနံ၊ဓါတ်ဆီ၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အဆုံးစွန် ဒေါ်လာတစ်သိန်းတန် ရွှေငါး၊ တိရိစ္ဆာန်ကအစ လက်ကိုင်အိတ်၊ ဘိနပ်အထိ အခွန်မဲ့တင်သွင်းရင်း တိုင်းပြည်ခွက်ခွက်လန်အောင် နာနေပါတယ်။

ပြီးတော့ FDI ရအောင်လုပ်မယ်ဆိုပြီး နိုင်ငံခြားကုမ္မဏီများနဲ့ လက်ဝါးရိုက်စားရင်း အိမ်မြေခြံများကို ပညာနည်းပါးလှတဲ့မြန်မာသူဌေးပေါက်စများနဲ့ ပေါင်းပြီး ဈေးအဆမတန်တက်အောင်လုပ်တယ်။ တိုင်းပြည်ပျက်အောင် လာဘ်စားမှုအပေါင်း သရဖူဆောင်းသူများကို ဖမ်းဆီး၊အရေးယူမှုမရှိပဲ …ဟေ့..မင်းတော်ပီနော်..ဆိုပြီး နှုတ်နဲ့တားမြစ်ပါတယ်။ ပါးစပ်ပလုပ်ပလောင်း စားနေတဲ့ ခရိုနီအပေါင်းပါများက သတိထားပြီး အခွန်ရှောင်၊ မျက်နှာပြောင်လုပ်စားနေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ စစ်တပ်ပါတီများ အကြမ်းဖက်ရိုက်နှက်အုပ်ချုပ်ခြင်းစနစ်ကနေ ခရိုနီနဲ့ပေါင်းပြီး ငွေအားနဲ့ဖိနှိပ်အုပ်ချုပ်တဲ့အချိန် ပညာတတ်များကလည်း တလွေ့လွေ့ ရတဲ့ဒေါ်လာထောင်ဂဏန်းနဲ့ပဲ နှုတ်ပိတ်ပြီး၊ ငြိမ်နေကြသူများနေပါတယ်။

မြန်မာပြည်တိုးတက်ဖို့ စံနမူနာပြ နိုင်ငံတစ်ခုနဲ့ နှိုင်းယှဉ်ချင်ပါတယ်။ လူတွေက ဓနငွေပိုင်ဆိုင်ခြင်းကို တိုးတက်သောနိုင်ငံလို့ခေါ်ချင်ပါတယ်။ ကျနော့်အမြင်တော့ စိတ်ချမ်းသာ၊ ရတဲ့လစာနဲ့ ခေတ်မှီ စားဝတ်နေရေးများကို ခံစားနိုင်တဲ့နိုင်ငံသားများကို ပိုပြီးသဘောကျပါတယ်။ ကမ္ဘာအချမ်းသာဆုံး နော်ဝေး၊ ကာတာ နိုင်ငံများကပြန်လာသူများ … မရှိတောင့်တ၊ ရှိကြောင့်ကျ ..ဆိုစကားအတိုင်း အထက်ပါနိုင်ငံသားများ စိတ်ပျက်နေရတယ်လို့ ဆိုပါတယ်။

ထမင်းတနပ် အပြင်ထွက်စားရင် ဒေါ်လာ ၄၀လောက် ပေးရတယ်။ ကားတစ်စီးဝယ်စီးရင် အမေရိကန်၊ဂျပန်မှာ ဒေါ်လာတစ်သောင်းခွဲ တိုယိုတာကားတစ်စီးကို သူတို့နိုင်ငံမှာ ဒေါ်လာတစ်သိန်းကျော် ၁၀ဆ နီးပါးပေးရတဲ့အပြင် အခွန်တွေ လည်ပင်းနင့်အောင် ပေးနေရတယ်လို့ ပြောကြတယ်။ Living Cost is too high … ပြောကြတယ်။ တောင်အမေရိကနိုင်ငံများ ဘရားဇီး (သန်း၂၀၀ကျော်)၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား စတဲ့နိုင်ငံများကိုကျော်ပြီး Happy Planet အဆင့်၂ကို တက်လာတဲ့ အာရှတိုက်က ဗီယက်နမ်နိုင်ငံသားများလည်း ရှိပါသေးတယ်။ ဗီယက်နမ်မှာ နိုင်ငံသားများဟာ မြန်မာနိုင်ငံသားများလို ပျော်ရွှင်ကြတာတွေ့ရပါတယ်။ တစ်ခုပဲ ကွာခြားတာကတော့ ဗီယက်နမ်လူမျိုးများဟာ သန့်ရှင်းသပ်ယပ်ပါတယ်။ Hygine ဖြစ်တယ်။ ဒါလဲ ဝင်ငွေပိုကောင်းတော့ တကိုယ်ရေကျန်းမာရေး တိုက်ချွတ် မွှးကြိုင်အောင်လုပ်နိုင်တာ မဆန်းပါဘူး။

FDI Foreign Investment ကမ်းလွန်ရေနံလုပ်ငန်း

စင်ကာပူမှာ နိုင်ငံခြားရင်းနှီးမှု အများဆုံးကတော့ ပေါ်ပင်ကမ္ဘာ့သူဌေးကြီးများရဲ့ Off Shore – Oil & Gas ကမ်းလွန်ရေနံလုပ်ငန်းဖြစ်ပါတယ်။ စင်ကာပူသင်္ဘောကျင်းများဟာ သမရိုးကျ ရေနံတင်၊ ကွန်တိန်နာသင်္ဘောများကို ပြင်ပေးတာနည်းလာပြီး ကမ်းလွန်ရေနံသင်္ဘောများကို ဦးစားပေးပြင်လာပါတယ်။ ရေနံ၊ဓါတ်ငွေတူး ပလက်ဖေါင်းစဉ်ကြီးများ၊ FPSO လို့ခေါ်တဲ့ ရေပေါ်သိုလှောင်သင်္ဘော ရေနံချက်စက်များ၊ Off Shore supply စက်နှင့်လူသုံးကုန်ပစ္စည်းပို့ဆောင်ရေး သင်္ဘောများ၊ နောက်ဆုံး ကမ်းလွန်ရေနံအလုပ်သမားတန်းလျှား (ဟိုတယ်အဆင့်) ထိအောင် အလွန်အလုပ်ဖြစ်နေပါတယ်။

စင်ကာပူမှာ အခြေချတဲ့ ကမ်းလွန်ရေနံဓါတ်ငွေလုပ်ငန်းများစွာမှာ မြန်မာအင်ဂျင်နီယာ၊ အလုပ်သမား၊ သင်္ဘောသားများစွာ လစာကောင်းကောင်းနဲ့ အလုပ်ရပါတယ်။ အများဆုံးကတော့ ဖိလစ်ပိုင်လူမျိုးများဖြစ်ပြီး ၊ အိန္နိယ၊ မလေးရှားလူမျိုးများစွာလည်း လစာကောင်းကောင်း (တစ်လကို ကန်ဒေါ်လာတစ်သောင်းလောက်) ရရှိပြီး လုပ်ကိုင်နေကြပါတယ်။

မြန်မာများ ဘာကြောင့် သိပ်မလုပ်ကြပါသလဲ..မေးခွန်းရဲ့ အဖြေကတော့ Not Good in Communication လို့ပြောရပါမယ်။ အင်္ဂလိပ်စကားပြောလုပ်ဆောင်ကြရာမှာ သည်းခံရပါတယ်။ အထက်အမိန့်ကိုနာခံရပါတယ်။ ထစ်ကနဲ့ဖြစ်ရင် ဒေါသဖြစ်ချင်တဲ့ ကျနော်တို့လို လူတန်းစားမျိုးအတွက် လစာကောင်းတဲ့ Off Shore အလုပ်များမှာလုပ်ကိုင်ဖို့ ခက်ခဲ့ပါတယ်။ အလွန်တန်ဖိုးကြီးလှတဲ့ ရေနံတူးပစ္စည်းများနဲ့ အန္တရယ်ကြီးလှတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ရေနံ၊ ဓါတ်ငွေ ထုတ်လုပ်ရေးမှာ တစ်ချက်အမှားမခံပါဘူး။ ကိုယ်ထင်တိုင်း ချောင်နေတဲ့ဝက်အူကို ပြေးကျပ်လိုက်လို့ မရပါဘူး။ သတင်းပို့ရပါတယ်။ Safety of Life & Property က အလွန်အရေးကြီးပါတယ်။ မြန်မာများ စည်းကမ်းမလိုက်နာ ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက် …ဒါမျိုးတွေ ကမ်းလွန်ရေနံလုပ်ငန်းမှာ ဗဲရီးဆောရီးဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစား၊ ဘီယာအရက်ကြိုက်၊ လောင်းကစားလုပ်၊ ဆေးလိပ်မပြက်သောက်နေသူများပြားလှတဲ့ မြန်မာများအတွက် အကျင့်ကောင်းများပြုစုပျိုးထောင်ဖို့ အဝေးကြီးလိုပါသေးတယ်။

စင်ကာပူကတော့ Good Attitude များနဲ့ Obedience ပညာရပ်များကို မူလတန်း၊ အထက်တန်းများမှာ သင်ကြားပေးပြီးဖြစ်ပါတယ်။ ၁၀တန်းဆိုတော့ ၁၀နှစ်တော့ သင်ပေးမှ အဲဒီလူငယ်လေး တက္ကသိုလ်ကို စိတ်ဓါတ်မြင့်မြတ်စွာ ရောက်ရှိလာမှာဖြစ်ပါတယ်။ နောက် ၄နှစ် တက္ကသိုလ်ပညာရပ်များ သင်ပေးပြီးရင် ကမ်းလွန်ရေနံလုပ်ငန်းမှာ လေ့ကျင့်အလုပ်ပေးလို့ ရပြီးဖြစ်ပါတယ်။ ဒီလို လူသားအရင်းအမြစ် ကောင်းကောင်းရှိနေတဲ့ စင်ကာပူမှ နိုင်ငံခြားရေနံ၊ဓါတ်ငွေ ကုမ္မဏီကြီးများက လာရောက်ရင်းနှီး FDI ပေးကြတဲာမဆန်းပါဘူး။ မြန်မာပြည်က FDI ဘီလျှံ၂၀ရအောင် မနဲ့လုပ်နေရချိန်မှာ စင်ကာပူဟာ ဘီလျှံ ၂၇၄ နဲ့ ကမ္ဘာ့အဆင့် ၁၇ချိတ်ပါတယ်။ လူ၎သန်းလောက်ပဲရှိတဲ့ ကျွန်းနိုင်ငံလေးကို ကမ္ဘာ့နိုင်ငံခြားကုမ္မဏီများစွာ ရင်းနှီးကြပါတယ်။

Buona Vista စင်ကာပူဆေးဝါးနှင့် Bio Tehnology

ဘိုနာဗစ်စတာ ဆိုတဲ့ ရထားဘူတာရုံလေးဟာ လွန်ခဲ့တဲ့ အနှစ်၂၀က ကျီးနှင့်ဖုတ်ဖုတ် ခြုံပုတ်များနှင့်ပြည့်နေတဲ့ နေရာဖြစ်ပါတယ်။ အခုတော့ အဲဒီနေရာပတ်လည်မှာ နိုင်ငံခြားသုတေသနနဲ့ ဆေးဝါး၊ ဆေးရုံး၊ ခန္တာဗေဒလုပ်ငန်းများစွာ အသိုက်အုံကြီးမားလှစွာ ရှိနေပြီဖြစ်ပါတယ်။ ယခင် အနှစ်၂၀က ထမင်းတစ်ပွဲ ဆိုင်မှာဝယ်စားရင် ဆင်း၂ဒေါ်လာ ပေးရတယ်။ အအေးတစ်ခွက် ၃၀ဆင့်၊ မက်ဒေါနား ၆ဒေါ်လာဆို သူဌေးစာသဘောထားပါတယ်။ အခုတော့ မက်ဒေါနာ၊ ဘာဂါကင်း Fast Food တစ်ပွဲကို ၆ဒေါ်လာပေးစားတာ စင်ကာပူလူငယ်အလုပ်သမားများအဖို့ မထူးဆန်းတော့ပါ။ အပြင်က ရိုးရိုးထမင်းတစ်ပွဲလဲ ၅ဒေါ်လာ၊ ၆ဒေါ်လာ ပေးနေရတော့ ဥရောပ၊ဂျပန်အဆင့်ရောက်နေပါပြီ။ အဲဒီ ဘိုနာဗစ်စတာပတ်ပတ်လည်မှာ ရုံးအဆောက်အဦများ၊ ရှော့ပ် အဆောက်အဦများမှာ ATM, Banks, Restaurant, Super Market, Toy Shop, Massages, Strasburg Coffee , Bar Club စသဖြင့် အားလုံးအပြည်အစုံရှိနေပါတယ်။ ထမင်းတစ်ပွဲကို ဒေါ်လာ၁၀လောက် ပေးရလဲ လူငယ်များက ဝယ်စားနိုင်ပါတယ်။ သူတို့ရဲ့ လစာဝင်ငွေလည်း တစ်လကို ဒေါ်လာ ၃ထောင်၊ ၄ထောင် မြင့်မားနေတော့ တစ်ခါစား ဒေါ်လာတစ်ဆယ် စားနိုင်ကြပါတယ်။

လာရောက်ရင်းနှီးတဲ့ ကုမ္မဏီများက ဥရောပ၊ အမေရိက၊ အရှေ့အလည်ပိုင်းက သူဌေးကုမ္မဏီကြီးများဖြစ်တော့ လစာကောင်းကောင်း ပေးနိုင်ပါတယ်။ အဖြူကောင်၊ အမဲကောင်၊ အညို၊ အဝါ ဂျပန်၊တရုပ်၊အမေရိကန် လူမျိုးပေါင်းများစွာ Offshore အလုပ်များမှာလိုပဲ ၊ လူမျိုးစုံလုပ်ကိုင်တဲ့ ကုမ္မဏီများဖြစ်ပါတယ်။ တရုပ်၊ အိန္နိယ သူဌေးကုမ္မဏီများစွာလည်း ရှိပါတယ်။ အဲဒီနေရာတစ်ဝိုက်မှ စင်ကာပူ အမျိုးသားတက္ကသိုလ် NUH ရှိတယ်။ စင်ကာပူတက္ကသိုလ်ဆေးရုံနဲ့သုတေသန NUH လည်းရှိပါတယ်။ ပညာတတ်များနဲ့ ကမ္ဘာ့ထိပ်တန်း Bio Technology, Medical Industry များဖြစ်လို့ ရင်းနှီးမြှတ်နှံမှုကြီးသလို၊ အလွန်ဂရုတစိုက်လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

လာရောက်ရင်းနှီးတဲ့ ကုမ္မဏီများက သယံဇာတ ဘာတစ်ခုမှမရှိသော စင်ကာပူကျွန်းလေးကို လူသားအရင်းမြစ်ရှိသလား ကြည့်ပါသည်။ စင်ကာပူနိုင်ငံသားများသည် အတတ်ပညာပိုင်းတွင် တော်တော်ချာလှပါသည်။ သူတို့သည် ပွဲစားလုပ်ငန်း ကျွမ်းကျင်သောကြောင့် လာရောက်မည့်ကုမ္မဏီများအတွက် သူတို့ရင်းနှီးမြှတ်နှံမှုများ မဆုံးနိုင်ကြောင်း၊ စင်ကာပူအစိုးသည် အခုတမျိုး၊ တော်ကြာတမျိုး ဥပဒေမရှိကြောင်း၊ ရင်းနှီးမြှတ်နှံမှုဥပဒေကို ကောင်းမွန်စွာလိုက်နာမည့် Infra Structure ဖြစ်သော စာရင်းစစ် Auditor/Accountant များနှင့် အာမခံ Insurance Company များရှိကြောင်း ပြောရသည်။ ပြောရုံနှင့်မရ နိုင်ငံခြားရင်းနှီးမြှတ်နှံသူများက တကယ်ရှိသလား၊ တကယ်လုပ်မှာလား၊ Talk Only ပဲလား … တစ်ပြားတချပ်မှ မရင်းနှီးခင် လပေါင်းများစွာ လာရောက်လေ့လာပါသည်။ လူသားအရင်းအမြစ် (လူတွေ လာဘ်စားကြသလား၊ ဥပဒေကို အလွဲသုံးပြီး Political Corruption နည်းပါးသည် ဆိုမှ သူတို့ရင်းနှီးမြှတ်နှံမှုဖြင့် လာရောက်ကြမည်ဖြစ်သည်။

FDI အဖြစ် နိုင်ငံခြားသားများကို ရင်းနှီးမြှုတ်နှံကော်မတီ EDB Economic Development Board မှဦးဆောင်ပြီး အထက်ပါ ဇယားအတိုင်း Transport, Logistic, Electronic, Chemical, Precision Engineering, Bio Chemical လုပ်ငန်းကြီးများတွင် ဆွဲဆောင်သည်။ ကမ္ဘာ့ကုမ္ပဏီကြီးများက သူတို့နည်းပညာများဖြင့် စက်ရုံ၊ အလုပ်ရုံ၊ သုတေသနရုံများကို ရင်းနှီးလျှင့် ဒေါ်လာဘီလျှံပေါင်းများစွာ တဖြေးဖြေးဝင်လာမည်။ ငွေနှင့်အတူ နိုင်ငံခြားသားများလည်း အတူပါလာမည်။ မည်သူမျှ မိမိရင်းနှီးမည့်ငွေနှင့် ဝေးဝေးမနေပါ။ မိမိဝယ်ထားသော မြေအိမ်၊စက်ရုံး၊ မိမိစက်ပစ္စည်းများနှင့် အတူ ရင်းနှီးမြှတ်နှံကုမ္ပဏီမှ ဝန်ထမ်းများ အတူကပ်ပြီး ပါလာကြသည်။

ဥပမာ စင်ကာပူကုမ္ပဏီ မြန်မာနိုင်ငံလာပြီး စက်ရုံဖွင့်ပါက အရေးကြီးသော မန်နေဂျာ၊ ငွေစာရင်း၊ ဝယ်ယူရေး၊ စီမံကိန်းဌာန စသည့်နေရာများတွင် စင်ကာပူမှလာပြီးလုပ်ရမည်ဖြစ်သည်။ မြန်မာများကို အရေးမပါသော HR, Production workers, Engineer စသည့်နေရာများတွင် ခန့်ထားမည်ဖြစ်သည်။ ထို့ကြောင့် စင်္ကာပူကျွန်းနိုင်ငံသေးသေးလေးတွင် အဖြူကောင်၊ အမဲကောင်၊ အဝါကောင် စသည့် နိုင်ငံရပ်ခြားသားများစွာ ရောက်လာမည်။ လာသည့်နိုင်ငံခြားသားများသည် အင်္ဂလိပ်စကားကို Communication Tool အဖြစ်သတ်မှတ်ရသည်။ စပိန်၊ ဂျာမန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ နော်ဝေး၊ ဒိန်းမတ်၊ ဂျပန်၊ တရုပ်၊ ကိုးရီးယား၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ ဘရားဇီး၊ ပီရူး စသဖြင့် နိုင်ငံပေါင်း တစ်ရာကျော်မှာ ဘာသာစကားမျိုးစုံ နိုင်ငံခြားသားများ စင်ကာပူသို့ ရောက်လာကြသည်။ အလားတူ ဘန်ကောက်၊ ကွလာလန်ပူ၊ ဟိုချီမင်း ..စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် FDI $$ နှင့်အတူ နိုင်ငံခြားကုမ္ပဏီဝန်ထမ်းများစွာရောက်လာကြသည်။

အထက်ပါပုံရိပ်မှာ ဘိုနာဗီစတာ Bouna Vista ရထားဘုတာ MRT အနီးမှ ရှော့ပင်စင်တာနှင့်ကွန်ဒိုများဖြစ်သည်။ စင်ကာပူနိုင်ငံသားများသည် FDI နှင့်အတူ ရောက်လာသော နိုင်ငံခြားသားများကို ပစ္စည်းရောင်းချမည်။ သူတို့နေထိုင်ရန် ကွန်ဒိုငှားစားမည်။ သူတို့အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကလေးထိန်း၊ အဝတ်လျှော်၊ ပန်းပင်ရောင်း၊ အဝတ်အစားရောင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ..စသဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ပေးရင်း ဝင်ငွေရကြသည်။ ဝင်ငွေအကောင်းဆုံးမှာ ရှောပ်ဟောက်စ် ShopHouse နှင့် ကွန်ဒိုအိမ်များ ဝယ်ယူပြီး ငှားစားသောလုပ်ငန်းဖြစ်သည်။ MOE ပညာရေးဝန်ကြီးဌာန၊ JTC ၊ NTU Alumni, ROCHESER MALL, STAR VISTA MALL, Swissbake စားသောက်ဆိုင်နှင့် နိုင်ငံအမျိုးမျိုးမှ စားသောက်ဆိုင်များစွာတွေ့ရမည်ဖြစ်သည်။

ဘိုနာဗစ်စတာ Bouna Vista ပတ်ဝန်းကျင်ကလေးသည် နှစ်၂၀အတွင် လူပေါင်းသိန်းချီသော နိုင်ငံခြားသား ပညာတတ်များကို အလုပ်ပေးသည့် Bio Chemical စက်ရုံ၊ သုတေသနကုမ္ပဏီများစွာသည် နိုင်ငံခြားသားများစွာ လာရောက်လုပ်ကြသည်။ စင်ကာပူနိုင်ငံသား သိန်းနှင့်ချီပြီး အလုပ်ရသည်။ ထိုနေရာပတ်ဝန်းကျင်တွင် ဘီလျှံနှင့်တန်ဖိုးရှိသော ကွန်ဒိုများ၊ ရှော့ပင်စင်တာများစွာ ရှိနေကြသည်။ လူရှိလျှင့် လူများအတွက် နေစရာနှင့်ဈေးဝယ်စရာများ လိုသည်။ စင်ကာပူနိုင်ငံသားများက သူတို့တွင် ပိုလျှံသောငွေအနည်းငယ်ကို ဥပမာ ဒေါ်လာ၅ထောင်ခန့်ဖြင့် စရံပေးထားပြီး၊ ကွန်ဒိုများ၊ ဈေးဆိုင်ခန်းများကို ဝယ်ကြသည်။ ၂နှစ်အတွင် ဆောက်လုပ်ပြီးစီးသွားပါက ဘဏ်ချေးငွေ၈၀% (သို့မဟုတ်) ၁၀၀% ဖြင့် မိမိပိုက်ဆံအနည်းငယ်မျှစိုက်ထားဝယ်ထားသော အိမ်၊ ဈေးဆိုင်ခန်းများကို ငှားစားကြသည်။ ငှားခရငွေမှာ ဘဏ်ချေးငွေ လစဉ်ဆပ်ငွေထက်ပင် ပိုများသေးသည်။ ၈% မှ ၁၂% အထိ နှစ်စဉ်ပြန်လည်ရရှိသြည်။

WRONG TIME to buy Property in Myanmar

မန်မာနိုင်ငံတွင် သိန်း၅၀၀ တိုက်ခန်းတစ်ခုကို ဝယ်ပြီးငှားစားမည်ကြံလျှင့် ခွက်ခွက်လန်ရှုံးမည်ဖြစ်သည်။ ငွေအလကားရသော ခရိုနီနှင့်စစ်အာဏာရှင်ဟောင်းများက ငွေထားစရာနေရာမရှိသောကြောင့် အိမ်မြေခြံများကို ဈေးကြီးပေးဝယ်ခြင်းဖြစ်သည်။ ဒါကို ခရိုနီစိတ်ထားရှိသော မြန်မာစီးပွားသမားပေါက်စများ (သို့မဟုတ်) တောတွင်းပြန်၊ နိုင်ငံခြားပြန်များက လိုက်တုပပြီး ဝယ်ရင်း ဈေးတွေကြီးကုန်သည်။ မြန်မာပြည်တွင် သိန်း ၃၀၀၀ တန် ဈေးဆိုင်ခန်း၊ ကွန်ဒိုတိုက်ခန်းကို ပြန်ငှားပါက ငှားမည့်သူပင်မရှိပါ။ ထိုတိုက်ခန်းကိုငှားရလျှင်လည်း တစ်လ သိန်း ၁၅သိန်း၊ တနှစ် သိန်း ၁၈၀ ရမည်။ ၄%မျှပင် Return Value မရှိပါ။ မတော်တဆ လိုတမျိုး၊ မလိုတမျိုး ဥပဒေဖြင့်မိသွားပါက အသိမ်းခံရ၊ အခွန်ငွေ ၃၇% နှင့်မိသွားလျှင့် ခက်ရချေမည်။ ထိုကြောင့် မြန်မာပြည်တွင် အိမ်မြေခြံများ ယခုအချိန်ဝယ်သူများကို အကြံပေးလိုသည်မှာ WORNG TIME .. ဟုသာဖြစ်ပါသည်။ ဆန့်ကျင်ဘက်သဘောတရားအရ သင့်မှာ မြန်မာပြည်မှ အိမ်မြေခြံများစွာ ရှိပါက ရောင်းချပြီစင်ကာပူ (သို့မဟုတ်) ဆန်ဖရန်စကို၊ နယူးယောက်၊ ဆစ်ဒနီ၊ လန်ဒန် စသည်တို့တွင် ထိုငွေထုတ်ပိုက်ပြီး ရင်းနှီးလိုပါက RIGHT TIME ..ဟုပြောရမည်ဖြစ်သည်။

တခါတရံ မြန်မာပြည်က ကွန်ဒိုများကို သိန်း ၅၀၀၊ သိန်း ၁၀၀၀ဖြင့် စင်ကာပူကို လာရောင်းသောအခါ ဝယ်သူများစွာရှိသည်ကိုလည်း အံ့သြဘွယ်တွေ့ရသည်။ အမှန်ဈေးနှုန်းမှာ ထိုမျှလောက်ပေးရမည်မဟုတ်သော်လည်း ဈေးတက်လျှင်ဝယ်ချင်သော လူ့စိတ်ကို အံ့သြမိသည်။ စင်ကာပူရောက် မြန်မာများ ဒေါ်လာသောင်း၊ သိန်းဂဏန်း စုဆောင်းငွေများဖြင့် မြန်မာပြည်မှ ဈေးကြီးတိုက်ခန်း၊ အိမ်ခန်း၊ ကွန်ဒိုများကို တစ်နှစ်အတွင်း အပြီးချေရသည့် ငွေပေးစနစ်ဖြင့် စင်ကာပူရောက်မြန်မာများ ဝယရယူခြင်းမှာလည်း မြန်မာပြည်က ခရိုနီသားသမီးများလား ဟု သံသယဖြစ်မိသည်။ စင်ကာပူတွင် ချွေးနှီးစာဖြင့် စုဆောင်းငွေများကို အနှစ်၃၀ ဘဏ်ချေးငွေဖြင့် ဝယ်ယူပြီး၊ သေချာသောနေရာတွင် ဥစ္စာပစ္စည်းစုဆောင်း၊ ရှာဖွေနိုင်ကြရန်အတွက် အပိုင်း(၂) Singapore Property ဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။

စင်ကာပူတွင် လာရောက်ရင်းနှီးလုပ်ကိုင်လိုပါက

၁။ လူသားအရင်းအမြစ် (Human Resource) ကောင်းရမည်။ အင်္ဂလိပ်စကားကောင်းမွန်စာ နားထောင်/ပြောတတ်ရမည်

၂။ အတတ်ပညာတစ်ခု ဥပမာ စားပွဲထိုးပညာ၊ စာဖိုမှုးပညာ ..တတ်ရမည်။ မတတ်လျှင်လဲ သင်ကြားခံလိုသူဖြစ်ရမည်။

ထို၂ ချက် ကျွမ်းကျင်သွားလျှင် စင်ကာပူမှ သူဌေးဖြစ်လာနိုင်သည်။ နောက်ဆုံးတစ်ချက်မှ စင်ကာပူသူဌေးများသည် ထောင်လွှားမာနမရှိပါ။ ကုတ်ကုတ်ကလေး နေတပ်ပြီး၊ နေ့လည်စာ စားသောက်လျှင့် အလုပ်သမားများနှင့် တစ်နပ်ကို ၄ဒေါ်လာ၊ ၅ဒေါ်လာတန် အစားအသောက်များ အတူစားလေ့ရှိသည်။ လူတန်းစားမခွဲခြားပါ။ ဝါကြွားခြင်းမရှိပါ။ ထိုနည်းအားဖြင့် ကမ္ဘာအနှံ့မှာ သူဌေးများစွာ စင်ကာပူရောက်ရှိ၊ စီးပွားရှာလျှက်ရှိပါသည်။ Bouna Vista သည် စင်ကာပူတွင် ရာနှင့်ချီသော ကွန်ဒို၊ ရှော့ပင်စင်တာ၊ စက်မှုလုပ်ငန်းများ Estage များစွာအနက် နေရာတစ်ခုသာဖြစ်ပါသည်။ ထိုနေရာတစ်ဝိုက်တွင်ပင် ဒေါ်လာ ဘီလျှံပေါင်း ရာနှင့်ချီသော Properties များဖြင့် ပြည့်ညှပ်နပါသည်။

စင်ကာပူရှိမရွှေ့ပြောင်းနိုင်သောပစ္စည်းများဝယ်ယူခြင်းတွင်

၁။ နေစရာအိမ် HDB Flat ဝယ်ယူခြင်း

၂။ ဈေးဆိုင်ခန်းများ၊ ကွန်ဒိုများဝယ်ယူခြင်း

၃။ စက်ရုံမြေနေရာများဖြင့် စီးပွားရေးလုပ်ငန်းများကို ဝယ်ယူခြင်း

၎။ Developer ဟုခေါ်သော အထက်ပါလုပ်ငန်း၊ အဆောက်အဦများတည်ဆောက်ခြင်း… စသဖြင့် ခွဲခြားရေးသားလိုပါသည်။ ယခုစာမှာ အပိုင်း(၂) အစပိုင်းဖြစ်သည်။ ဆက်လက်ရေးသားပါမည်..။

စာရေးသူဆောင်းပါးများကို အောက်ပါစာတိုလေးဖြင့်သာ အဆုံးသတ်လိုပါသည်။

တိုင်းပြည်ရဲ့ GDP အမျိုးသားထုတ်ကုန်ဆိုသည်မှာ သယံဇာတမဟုတ်ကြောင်း အထူးသဖြင့် အုပ်ချုပ်သူ မတတ်နားမလည်ပဲ၊ရာထူးရနေသူများနှင့် ခရိုနီများကို အထူးသတိပေးချင်သည်။ တိုင်းပြည်တိုးတက်ဖို့ တစ်ဦးချင်းဝင်ငွေတိုးတက်မှ ဂျီဒီပီတိုးတက်လာမည်ကို အားလုံးသိပါသည်။ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာန  ၃၀ခု ဘာတွေလုပ်နေသနည်။ တစ်ဦးချင်းဝင်ငွေ GDP per capital ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံအခြေအနေ ဆိုးဝါးလှကြောင်း သိနိုင်သည်။ ထို့ကြောင့် စစ်အာဏာရှင်များ အရပ်ဝတ်လဲပြီး၊ အရပ်သားအစိုးရဖြစ်လာရကြောင်း၊ စေတနာကောင်းလွန်းသောကြောင့် အရပ်သားအစိုးရဖြစ်လာသည် မဟုတ်ပါ။

စင်ကာပူတွင်အိမ်ခြံမြေ၊ စက်ရုံ၊ ရှော့ပင်စင်တာခန်း ဝယ်လိုသူများ အေးဂျင့်ခများစွာ 1% , 2% of sale price ပေးရန်မလိုပါ။ Service Charge , Consultation fee မျှသာပေးပြီး အေးဂျင့်မလိုပဲ မိမိဖာသာဝယ်ယူ၊ ရောင်းချနိုင်ပါသည်။ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဝတ်မှုန် (email: witmone.singapore@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts