ချမ်းမြ (မိုးမခအထောက်တော်) ရေခြားမြေခြား မြန်မာများ

မေရီလန်းက မြန်မာ့ရိုးရာ ထမနဲပွဲ

ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

မြန်မာ့ရိုးရာ ထမနဲပွဲကို  ကျင်းပမည်ဖြစ်သည်။ ထိုပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။ ၁၃၇၅ခုနှစ် တပေါင်းလဆန်း ၁ရက်- (၀၃-၁၄-၂၀၁၄) နေ့တွင် မေရီလန်းပြည်နယ် ဘော်တီမိုးမြို့ရှိ ဝေဇယန္တာ ဘုန်းတော်ကြီးကျောင်းတွင် ထေရဝါဒဗုဒ္ဓ ဘာသာ အသင်းမှဦးစီးကျင်းပမည်ဖြစ်သည်။

 

မြန်မာ ရိုးရာ အစဉ်အလာ ပွဲတခုကို မြန်မာလူငယ်များသိရှိနှိုင်ရန်နှင့် ဘာသာ ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ မြန်မာမိသားစုများ တပျော်တပါး စုံစုံညီညီတက်ရောက်နှိုင်ရန်လည်းနှိုးဆော် ဖိတ်ကြားထား ကြောင်းသိရှိရသည်။ မတ်လ ၂ရက် တနင်္ဂနွေနေ့ နံနက် ၁၀နာရီမှ နေ့လည်၃နာရီအထိ -ဝေဇယန္တာ ဘုန်းတော်ကြီးကျောင်း- 4406- Windy Hall Rd- Randallstown MD 21133-1412 သို့ကြွရောက်ပါရန်နှင့် အလှူဒါန တွင် ပါဝင်လိုသူ မည်သူမဆို ဖုန်း -443 272 7168 သို့၎င်း (www.vezayantarusa.org) သို့ဆက်သွယ် နိုင်ကြောင်းသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts