ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ပြည်မြို့က ကလေးများနေ့

ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

 

 (၁၃-၂-၂၀၁၄) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ကမ်းနားလမ်း၊ ကိုခင်ဦးနေအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းလို ထူးခြားတဲ့ မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင် လွတ်လပ်ရေးဖခင်ကြီး မွေးဖွားတဲ့နေ့ကို ဂုဏ်ပြုသော ရည်ရွယ်ချက်ဖြင့် ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့နဲ့ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ၀ိုင်းဝန်းစုပေါင်းပြီးကျင်းပကြောင်း သိရပါတယ်။  အခမ်းအနားကို မနက်(၉း၃၀) အချိန်တွင်ဖွင့်လှစ်ပြီး သဘာတိအဖွဲ့ဝင် တစ်ဦးက အခမ်းအနားဖွင့်လှစ်ကြောင်းပြောကြားတယ်။ ကလေးများက သီဆို၊ ကပြ၊ ဖျော်ဖြေ ပြီး တက်ရောက်လာကြသူများက  ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်း၊ သူ့ရဲ့ထူးခြားတဲ့ ကလေးဘ၀ အတုယူဖွယ်များကို ပြောကြားပြီး လူ(၁၀၀)ကျော်တက်ရောက်တယ်။ 

 

ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်ပုဂ္ဂိုလ်မျိုးက ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ကို စိတ်ထားဖြူစင်စွာ ဦးဆောင်တဲ့ တိုင်းပြည်ရဲ့ မာလိန်မှူးဖြစ်တယ်။ ကလေးသူငယ်၊ လူငယ်တွေ လေးစားအတုယူ အားကျရမှာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ထူးခြားတဲ့ပုဂ္ဂိုလ် မွေးတဲ့နေ့ကို မြန်မာနိုင်ငံကလေးများနေ့ဟု တရားဝင်ရုံးပိတ်ရက်ထားပြီး အသိအမှတ်ပြုရမှာ။ မြန်မာနိုင်ငံက ကလေးသူငယ်သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ လက်မှတ်ထိုးပြီး ပြည်တွင်း ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တယ်။ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့၊ လူ့အဖွဲ့အစည်းမှာပါဝင်ဖို့ အခွင့်အလမ်းမရခဲ့ပါဘူး၊ ကလေးသူငယ်ဥပဒေဟာ ကလေးတွေကို ထိထိရောက်ရောက်ကာကွယ်မပေးနိုင်ပါဘူး။ မြန်မာနိုင်ငံက ကလေးသူငယ်တွေကို အသက်(၁၆)နှစ်မပြည့်သေးသော သူကိုဆိုတယ်။ နိုင်ငံတာကာက အသက်(၁၈)နှစ်မပြည့်သေးသောသူကို ဆိုလိုတယ်။ ဒါဟာ ကွာခြားနေပါတယ်။  အသက်(၁၈)နှစ် ဖြစ်သင့်ပါတယ်။ ကလေးစစ်သားစုဆောင်းခံရတာ၊ လူကုန်းကူးခံရတာ၊ လမ်းပေါ်မှာလေလွင့် တောင်းစားနေရတာတွေ၊ အဓမ္မစေခိုင်းခံရ တာတွေ၊ ကျောင်းမတက်နိုင်တဲ့ကလေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ အဖွဲ့(HRDP) အနေနဲ့ ကလေးစစ်သား (၃၀၂)မှု၊ အသက် (၁၈)နှစ်အောက် လိင်ပိုင်းဆိုင်စော်ကားခံရမှု (၅၂)မှု ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်လို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့(HRDP)မှ ကိုဇော်ထွန်းက ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts